ကရင်တိုင်းရင်းသူလေးဖြစ်တဲ့ နော်ဖောအယ်ထားကတော့ နတ်မိမယ်လေးလို အဆင်းနဲ့ ရှုမငြီးတဲ့အလှတရားတွေကို ပိုင်ဆိုင်ထားသူလေး ဖြစ်ပါတယ်။ စကားသံ ဝဲ ဝဲလေးတွေနဲ့ ချိုမြိန်တဲ့ အပြုံးလှလှလေးတွေကို ပိုင်ဆိုင်ထားတဲ့ သူမက ပုရိသတွေရဲ့ရင်ထဲက အလှမိဖုရားမလေးပဲ ဖြစ်ပါတယ်။ လတ်တလောမှာတော့ နော်ဖောအယ်ထားက ကြော်ငြာနဲ့ Photo Shooting လေးတွေ ဆက်တိုက်ရိုက်ကူးပြီး အောင်မြင်နေတာ ဖြစ်ပါတယ်။

နော်ဖောအယ်ထားက မင်းသမီးချော အိန္ဒြာကျော်ဇင်ရဲ့တူမလေးဖြစ်တဲ့ မော်ဒယ်၊သရုပ်ဆောင် မေတိုးခိုင်နဲ့ အချစ်ဆုံးသူငယ်ချင်းတွေလည်း ဖြစ်ပါတယ်။ ဒါကြောင့် နော်ဖောအယ်ထားက သူငယ်ချင်းမေတိုးခိုင်နဲ့အတူ တီတီနဲ့အူဝဲတို့ရဲ့ကလေးလေးတွေဆီ အလည်သွားခဲ့တာ တွေ့ရပါတယ်။ ချစ်စရာကောင်းတဲ့ တီတီတို့ရဲ့သားလေးကတော့ နော်ဖောနဲ့ သူငယ်ချင်းတွေလို အရမ်းခင်မင်ကြသလို အတူတူလည်း ဆော့စားလေ့ရှိတာ ဖြစ်ပါတယ်။

အခုလည်း နော်ဖောက တီတီ့သားလေးနဲ့အတူ ပျော်ရွှင်ကြည်နူးခဲ့ရတဲ့ သူတို့နှစ်ဦးရဲ့ပုံလေးတွေကို My Story မှာ ဝေမျှထားပါတယ်။ တကယ့်တူဝရီးတွေလို ခင်မင်ရင်းနှီးနေကြတဲ့ နော်ဖောတို့နှစ်ယောက်ရဲ့ပုံလေးတွေကတော့ တကယ့်ကို အပြစ်ကင်းစင်ပြီး ချစ်စရာကောင်းနေတာ တွေ့ရပါတယ်။ ကဲ ချစ်ပရိသတ်တွေအတွက် မင်းသမီးလေး နော်ဖောအယ်ထားနဲ့ တီတီတို့သားလေးရဲ့ အမှတ်တရပုံလေးတွေကို တင်ဆက်ပေးလိုက်ပါတယ်နော်။

Source:Naw Phaw Eh Htar; 

"Myanmarload's content is copyrighted and only allowed to appear on Myanmarload website. Please respect our copyrights"
Myanmarload မှရေးသားသောသတင်းများသည် Myanmarload၏ မူပိုင်သတင်းများဖြစ်ပြီး Myanmarload Website ထဲတွင်သာ ဖတ်ရှုနိုင်ပါသည်။ ကျွန်ုပ်တို့၏ မူပိုင်ခွင့်ကိုလေးစားသောအားဖြင့် တစ်ဆင့်ကူးယူဖော်ပြခြင်းမပြုရန် မေတ္တာရပ်ခံအပ်ပါသည်။