အောင်မြင်တဲ့ အနုပညာရှင်တစ်ယောက်ဖြစ်တဲ့ စိုးပြည့်သဇင်ကတော့ ပရိတ်သတ်တွေရဲ့ အချစ်တွေများစွာကို သိမ်းပိုက်ထားနိုင်ခဲ့တဲ့ သူလေးဖြစ်ပါတယ်။ အနုပညာလမ်းကြောင်းပေါ်မှာအောင်မြင်တဲ့ အနုပညာရှင်တစ်ယောက်အဖြစ်ရပ်တည်နေရုံသာမက အကယ်ဒမီဆုကိုလည်း ထိုက်တန်စွာ ဆွတ်ခူးရရှိထားခဲ့ပြီဖြစ်ပါတယ်။ ချစ်စရာကောင်းတဲ့ အပြုံးလေးကြောင့် ယောကျာ်းလေးပရိတ်သတ်တွေပါ မကျန်မိန်းကလေး ပရိတ်သတ်တွေကပါ အချစ်ကြီးချစ်နေရတဲ့ မင်းသမီးလေးပဲ ဖြစ်ပါတယ်။

အမြဲတမ်း ယောကျာ်းလေးပုံစံလေးတွေကို နှစ်သက်တဲ့ ညီမလေးယောက်ကတော့ တစ်ယောက်တစ်မျိုးဆီ အမြဲ ထွင်ပြီး ပုံစံ အဆန်းလေးတွေနဲ့ ပရိတ်သတ်တွေကို အချစ်တွေတိုးအောင် လုပ်နိုင်သူတွေပဲ ဖြစ်ပါတယ်။ ဆံပင်တိုလေးနဲ့ တစ်မျိုးချစ်စရာကောင်းတဲ့ စိုးပြည့်ကတော့ သူမရဲ့ ဆံပင်ရှည်လေးတွေကို သမျောနေသူလေးပါ။ ဆံပင်ရှည်လေးနဲ့ဆို ကျက်သရေရှိတဲ့ အလှတွေနဲ့ မြင်သူတိုင်းငေးမောရလောက်စေတဲ့ အလှပိုင်းရှင်လေး စိုးပြည့်ကတော့ ယခုဆို ဆံပင်တိုလေးနဲ့မို့ ပရိတ်သတ်တွေက ကိုကို စိုးပြည့် အဖြစ် အချစ်တွေပိုနေရသူလေးဖြစ်ပါတယ်။

ယခုလတ်တလောမှာ နောက်ဆုံးနှစ် စာမေးပွဲကြီးကို ကြိုးစားဖြေဆိုနေတဲ့ စိုးပြည့်လေးကတော့ အနုပညာအလုပ်တွေ ကတစ်ဖက်နဲ့ မို့ အရမ်းကို ပင်ပန်းနေပါတယ်။ ပင်ပန်းနေတဲ့ ကြားကနေ ပရိတ်သတ်တွေ စိတ်အမောတွေပြေစေဖို့ သူမရဲ့ ချစ်စရာ အမူအရာလေးနဲ့ Snapchat ဆော့ထားတဲ့ ဗီဒီယိုလေးကို ပရိတ်သတ်တွေ အတွက် တင်ပေးလိုက်ပါတယ်နော်။

Source:Soe Pyae Thazin

"Myanmarload's content is copyrighted and only allowed to appear on Myanmarload website. Please respect our copyrights"
Myanmarload မှရေးသားသောသတင်းများသည် Myanmarload၏ မူပိုင်သတင်းများဖြစ်ပြီး Myanmarload Website ထဲတွင်သာ ဖတ်ရှုနိုင်ပါသည်။ ကျွန်ုပ်တို့၏ မူပိုင်ခွင့်ကိုလေးစားသောအားဖြင့် တစ်ဆင့်ကူးယူဖော်ပြခြင်းမပြုရန် မေတ္တာရပ်ခံအပ်ပါသည်။