"ရင်မှာ ခံစား သူမမြင်နိုင်တယ်၊ အသည်းထဲက အတွင်းကြေ" ဆိုတဲ့ ပေါက်ကွဲသံစဉ်သီချင်းကို ဖြူဖြူကျော်သိန်းနဲ့ အတူ အမိုက်စားသီဆိုခဲ့တဲ့ Vocal Tone ကြီးပြီး အရမ်းကို အောင်မြင်ခဲ့တဲ အဆိုတော် အသံပိုင်ရှင်ကော်နီ ကို ယနေ့တိုင် မေ့မယ် မထင်ပါဘူးနော်။ (1990-1995) 90K Born မွေးဖွားသူတွေကတော့ မြန်မာနိုင်ငံရဲ့ ခေတ်ပေါ်သီချင်းတွေကို သီဆိုပေးခဲ့တဲ့ ကော်နီ၊ Rဇာနည်၊ မီမီဝင်းဖေ၊ဦးအောင်ရင်၊ ဇော်ပိုင် ၊ ရေဗက္ကာဝင်း စသဖြင့် တစ်ချိန်က ဝါရင့်အဆိုတော်တွေရဲ့ သီချင်းတွေကို နားထောင်ရင်း ကြီးပြင်းလာခဲ့ကြမှာပါ။

လက်ရှိမှာလည်း ဒီအဆိုတော်တွေ အားလုံးဟာ ယနေ့တိုင်သီချင်းကိုတွေ တင်ဆက်နေဆဲ ဖြစ်သလို မဟောင်းသွားတဲ့ သီချင်းသစ်တွေနဲ့ အနုပညာလောကရဲ့ ဂီတဒေါင့်တနေရာကနေ ရသပေးစွမ်းကာ အားဖြည့်နေကြဆဲ ဖြစ်ပါတယ်။ အိမ်ထောင်ကျတဲ့ကျ၊ အသက်ရွယ်ရလို့ ရတဲ့သူရကာ အနုပညာလောကကနေ အနားယူသွားသူတွေလည်း ရှိသလို အားလုံးစုစုစည်းစည်း မြင်တွေ့ရခဲ့သွားပြီ ဖြစ်တဲ့ ဝါရင့်အဆိုတော်တွေရဲ့ စုပေါင်းပုံလေးတွေဟာ တကယ့်ကို ရှားရှားပါးပါးမို့ မြင်တွေ့ရခဲပါတယ်။

ပရိသတ်ကြီးတို့ ကိုယ်တိုင်လည်း သူငယ်ချင်းတွေ၊မိတ်ဆွေတွေနဲ့ ကွဲကွာနေပြီး မင်္ဂလာဆောင်ရှိမှ၊ နာရေးရှိမှ စသဖြင့် ပြန်လည်ဆုံတွေ့ရခဲတဲ့ အခြေအနေမျိုးတွေမျိုး ကြုံဖူးခဲ့ကြမှာဖြစ်သလို အနုပညာလောကမှာ လျှောက်လှမ်းနေကြဆဲ ဖြစ်တဲ့ ဂီတအနုပညာပညာရှင်တချို့နဲ့ အတူ တက်သစ်စ အဆိုတော်လေးတွေပါ ပါဝင်တဲ့ မှတ်မှတ်ရရ မင်္ဂလာဆောင် တစ်ခုရဲ့ ပွဲလေးမှာ စုစည်း တွေ့မြင်ရတာမို့ တကယ့်ကို လွမ်းဆွယ်ဖွယ်ဖြစ်ပါတယ်။ အဆိုကျော် ဦးအောင်ရင်ကြီးကတော့ အသက်အရွယ်တစ်ခုကို ရောက်ရှိလို့နေပြီ ဖြစ်သလို ဆံဖြူ၊ ပါးရေလေးတွေ အနည်းငယ်တွန့်နေပေမဲ့လည်း ကျန်းမာလို့ ခန့်ခန့်ညားညား ရျိလို့နေဆဲ ဖြစ်ပါတယ်။။ မကော်နဲ့ မမီဝင်းဖေ တို့ကတော့ လှတုန်း၊ ပတုန်းဆိုပေမဲ့ အိမ်ထောင်မပြုဖြစ်သေးပဲ မိဘတွေကို ပြုစုလုပ်ကျွေးလို့ နေဆဲဖြစ်သလို အဆိုတော် Rဇာနည်ကတော့ သား(၂) ယောက် ပိုင်ဆိုင်ထားပြီ ဖြစ်ပြီး နောက်ထပ်လည်း သားသမီးယူဖို့ရာ အစီအစဉ် ရှိတယ်လို့ ဆိုထားပါတယ်။

SOURCE:Tun Connie ;

"Myanmarload's content is copyrighted and only allowed to appear on Myanmarload website. Please respect our copyrights"
Myanmarload မှရေးသားသောသတင်းများသည် Myanmarload၏ မူပိုင်သတင်းများဖြစ်ပြီး Myanmarload Website ထဲတွင်သာ ဖတ်ရှုနိုင်ပါသည်။ ကျွန်ုပ်တို့၏ မူပိုင်ခွင့်ကိုလေးစားသောအားဖြင့် တစ်ဆင့်ကူးယူဖော်ပြခြင်းမပြုရန် မေတ္တာရပ်ခံအပ်ပါသည်။