Hip Hop သီချင်းတွေနဲ့ လူငယ်ဆန်ဆန်ဂီတ သီချင်းတွေကို တင်ဆက်ခဲ့ပြီး ပရိသတ်တွေရဲ့ အားပေးမှု ရရှိခဲ့တဲ့ အဆိုတော် လွှမ်းပိုင်ဟာ သူ့ရဲ့ ထွက်ရှိခဲ့တဲ့ သီချင်း အပုဒ်တိုင်းဟာ အောင်မြင်မှု ရရှိခဲ့ပါတယ်။ လက်ရှိမှာ အဆိုတော်တစ်ယောက် အနေနဲ့ သာမက သရုပ်ဆောင်လောကကို ပါ ခြေလှမ်းစတင်နေပြီဖြစ်တဲ့ လွှမ်းပိုင်ဟာ မင်းသမီးချော အိချောပိုနဲ့ အတူ " ကြွေ" ဆိုတဲ့ ရုပ်ရှင်ဇာတ်ကားကြီး မှာ ခေါင်းဆောင်မင်းသား တစ်ယောက်အနေနဲ့ ပါဝင်ရိုက်ကူးသရုပ်ဆောင်ခဲ့သူတစ်ယောက်လည်းဖြစ်ပါတယ်။ဒါအပြင် မကြာသေးခင်က ရုံတင်ပြသခဲ့တဲ့ "ငါ့ကို နမ်းတဲ့ မုန်တိုင်း" ရုပ်ရှင်ဇာတ်ကားကြီးမှာလည်း အကယ်ဒမီ သရုပ်ဆောင်မင်းသမီးချော ဖွေးဖွေး ၊ အဆိုတော် ရဲရင့်အောင် တို့ နှင့်အတူ ပါဝင်ခဲ့ပြီး သုံးပွင့်ဆိုင် အချစ်ဇာတ်လမ်းလေးကို ပရိသတ်တွေရင်ထဲစွဲကျန်နေလောက်အောင် ပြသနိုင်ခဲ့သူတစ်ယောက်လည်းဖြစ်တာတွေ့ရပါတယ်။  

ဒါအပြင် နောက်ထပ် သတင်းကောင်းလေးတစ်ခုကတော့ သရုပ်ဆောင် မျက်နာသစ်တစ်ယောက် အနေနဲ့ မညံ့လှတဲ့ လွှမ်းပိုင်ကတော့ သူ့ရဲ့ နောက်ထပ် ရုပ်ရှင်ဇာတ်ကားအသစ်ဖြစ်တဲ့ "ကိုယ်စောင့်နတ်" ဇာတ်ကားကြီးကိုလည်း ထပ်မိတ်ဆက်ခဲ့တာတွေ့ရပါတယ်။ အဆိုပါ ဇာတ်ကားနဲ့ပတ်သက်ပြီး ပရိသတ်တွေကြားမှာ ဝေဖန်မှုတွေနဲ့ ပျံ့နှံ့နေခဲ့တာတွေ့ရပါတယ်။ ဒီကနေ့ ပရိသတ်အချစ်တော် လွှမ်းပိုင်ကတော့ " ကိုယ်စောင့်နဲ့" ရုပ်ရှင်ဇာတ်ကားနဲ့ပတ်သက်ပြီး ဝေဖန်သူတွေကို ပြန်လည်တုံ့ပြန်မှုတစ်ခုပြုလုပ်ခဲ့တာတွေ့ရပါတယ်။  

အဆိုပါ တုံ့ပြန်မှုကတော့

"မေး: မင်းတို့"ကိုယ်စောင့်နတ်"ရုပ်ရှင်ကဘယ်တုန်း

ကရိုက်ထားတာလဲ,သီချင်းနာမည်ကြီးလို့ပေါ်

ပင်လုပ်ရိုက်တာလား.....

ဖြေ: ၂ နှစ်ရှိပြီသားကြီးရရိုက်ထားတာ (၂)နှစ်ရှိပြီ!!!

ထပ်ပြောရရင် ရက်ပေါင်း (၇၃၀)ရှိပြီ" ဟူ၍ ရေးသားခဲ့တာပဲဖြစ်ပါတယ်။ မြန်မာ့ရိုးရာယုံကြည်မှုတွေထဲက ကိုယ်စောင့်နတ်ဆိုတဲ့ နတ်တစ်ပါးအကြောင်းကို ဟာသရော၍ ရိုက်ကူးထားတဲ့ အဆိုပါဇာတ်ကားအသစ်လေးကို ဝေဖန်သူတွေကြားကအတူတူအားပေးကြဖို့ပြောကြားရင်း ဒီကနေ့ လွှမ်းပိုင်ရဲ့ ပို့စ်လေးကို ချစ်ပရိသတ်တွေအတွက်မျှဝေပေးလိုက်ပါတယ်။

pHOTOS - HLWAN PAING 

"Myanmarload's content is copyrighted and only allowed to appear on Myanmarload website. Please respect our copyrights"
Myanmarload မှရေးသားသောသတင်းများသည် Myanmarload၏ မူပိုင်သတင်းများဖြစ်ပြီး Myanmarload Website ထဲတွင်သာ ဖတ်ရှုနိုင်ပါသည်။ ကျွန်ုပ်တို့၏ မူပိုင်ခွင့်ကိုလေးစားသောအားဖြင့် တစ်ဆင့်ကူးယူဖော်ပြခြင်းမပြုရန် မေတ္တာရပ်ခံအပ်ပါသည်။