သရုပ်ဆောင်မင်းသမီးတစ်ဦးဖြစ်တဲ့ သက်မွန်မြင့်ကတော့ အနေအေးပြီး ချစ်စရာကောင်းတဲ့ အပြုအမူလေးတွေကြောင့် အမာခံပရိသတ်မြောက်များစွာ ရရှိထားတာ ဖြစ်ပါတယ်။ ရိုးသားတဲ့ချင်းတိုင်းရင်းသူလေးဖြစ်တဲ့ သက်မွန်က အိမ်ထောင်ပြုပြီး သားတစ်ယောက်၊သမီးတစ်ယောက် ပိုင်ဆိုင်ထားတဲ့ ကလေးနှစ်ယောက်မေမေလည်း ဖြစ်ပါတယ်။ ဒါပေမယ့် သူမက ကလေးမိခင်လို့ ထင်ရက်စရာမရှိလောက်အောင် အရွယ်တင်နုပျိုလှပသူလေး ဖြစ်ပါတယ်။

လတ်တလောမှာတော့ သက်မွန်က Photo Shooting တွေနဲ့ ရုပ်ရှင်ဇာတ်ကားကြီးတွေကို အဓိကရိုက်ကူးနေရတာ ဖြစ်ပါတယ်။ အနုပညာအလုပ်တွေတစ်ဖက်နဲ့ မိသားစုအပေါ်ကို တာဝန်ကျေတဲ့ ချစ်သက်က ပြီးခဲ့တဲ့ တန်ဆောင်မုန်းလပြည့်နေ့မှာလည်း ခင်ပွန်းသည်နဲ့အတူ ကမ္ဘာအေးဘုရားမှာ စတုတ္ထအကြိမ်မြောက် ဆီမီးကိုးထောင်ကပ်လှူပူဇော်ပွဲကို ပြုလုပ်ခဲ့ပြီး ဘုရားဖူးလာရောက်သူများကိုလည်း စားသောက်ဖွယ်ရာများ ဒါနပြုလှူဒါန်းခဲ့ပါတယ်။

ညပိုင်းမှာတော့ ချစ်သက်တို့ဇနီးမောင်နှံက သုဝဏဘူမိ Event Park မှာ ကျင်းပပြုလုပ်တဲ့ "ဆေးပေါင်းခတဲ့ည" ရှိုးပွဲကြီးကို သွားရောက်ပျော်ရွှင်ခဲ့ကြပါတယ်။ ရှိုးပွဲကနေ live လွှင့်ခဲ့တဲ့ ချစ်သက်ရဲ့ဗီဒီယိုလေးမှာတော့ သူတို့ဇနီးမောင်နှံက တစ်ယောက်ကိုတစ်ယောက် မယ်ဇလီဖူးသုပ်တွေ အပြန်အလှန် ခွံ့ကျွေးရင်း သီချင်းတွေတစ်ဝကြီး အော်ဆိုခဲ့ကြတာ တွေ့ရပါတယ်။ လူငယ်လေးတွေလို လွတ်လပ်ပေါ့ပါးစွာ ပျော်ရွှင်နေတဲ့ သူတို့စုံတွဲလေးကတော့ ကြည်နူးစရာကောင်းနေတာ အမှန်ပါပဲနော်။ ကဲ ချစ်ပရိသတ်တွေအတွက် သက်မွန်မြင့်တို့ဇနီးမောင်နှံရဲ့ဗီဒီယိုဖိုင်လေးကို အောက်မှာတင်ဆက်ပေးလိုက်ပါတယ်နော်။

Source:Thet Mon Myint; 

"Myanmarload's content is copyrighted and only allowed to appear on Myanmarload website. Please respect our copyrights"
Myanmarload မှရေးသားသောသတင်းများသည် Myanmarload၏ မူပိုင်သတင်းများဖြစ်ပြီး Myanmarload Website ထဲတွင်သာ ဖတ်ရှုနိုင်ပါသည်။ ကျွန်ုပ်တို့၏ မူပိုင်ခွင့်ကိုလေးစားသောအားဖြင့် တစ်ဆင့်ကူးယူဖော်ပြခြင်းမပြုရန် မေတ္တာရပ်ခံအပ်ပါသည်။