ပရိသတ်ကြီးရေ ရွှေရွှေတို့စုံတွဲကတော့ လတ်တလောမှာ ပရိသတ်စိတ်ဝင်စားမှု အများဆုံးရရှိထားတဲ့စုံတွဲလေးပဲ ဖြစ်ပါတယ်။ ရုပ်ရှင်ကားတွေအတူ ရိုက်ကူးရင်း အချစ်ပိုလာခဲ့ကာ ချစ်သူအဆင့်ကို ရောက်ရှိခဲ့တဲ့ သူတို့နှစ်ဦးက ဝေဖန်မှုတွေကြားက အချစ်တွေခိုင်မြဲကာ မကြာခင်ကမှ ကြီးကျယ်ခမ်းနားတဲ့ မင်္ဂလာပွဲကြီး ကျင်းပကာ သူတို့ရဲ့ အချစ်ကို သက်သေပြခဲ့တာပဲဖြစ်ပါတယ်။သူတို့နှစ်ယောက်က အမြဲလိုလို ချစ်တဲ့အကြောင်းလေးတွေနဲ့ ပုံလေးတွေကို တင်လေ့ရှိပြီး အခုမှာလည်း ဟန်းနီးမွန်းခရီးကို ပျော်ရွှင်စွာထွက်ရှိနေတာလည်းဖြစ်ပါတယ်။

ရွှေရွှေတို့စုံတွဲလေးကတော့ လတ်တလောမှာ ဥရောပဘက်ကို ပျားရည်ဆမ်းခရီးလေးတစ်ခု ထွက်ရှိရင်း ကြည်နူးပျော်ရွှင်နေကြတာ တွေ့ရပါတယ်။ ချစ်သူဘဝကတည်းက Romantic ဆန်တဲ့အချစ်တွေနဲ့ အားကျချင်စရာကောင်းလောက်အောင် ချစ်တတ်ကြတဲ့ သူတို့နှစ်ဦးက အခုဇနီးမောင်နှံဘဝမှာလည်း ပိုပြီး ရင်ခုန်ချင်စရာကောင်းတဲ့ အချစ်တွေနဲ့ အရမ်းတွေ ရိုနေတာလည်းဖြစ်ပါတယ်။ ရွှေမှုန်လေးကတော့ ရွှေထူးကို အခုချိန်ထိကလေးတစ်ယောက်လိုအမြဲ နွဲ့ဆိုးဆိုးကာ အချွဲပိုနေတာလည်းဖြစ်ပါတယ်။

လတ်တလောမှာတော့ သူတို့ဇနီးမောင်နှံနှစ်ယောက်ရဲ့ မင်္ဂလာအခမ်းနားမတိုင်ခင် မှတ်တမ်းတင်ထားတဲ့ အမှတ်တရရင်တွင်းခံစားချက်စကားလေးတွေ ပြောကြားထားတဲ့ ဗီဒီယိုလေးကို ဖော်ပြထားတာတွေ့ရပါတယ်။ဗီဒီယိုလေးထဲက သူတို့ရဲ့ ခံစားချက်လေးတွေနားထောင်ပြီး ဝမ်းနည်းမိကာ ကြည်နူးပီတိဖြစ်မိတာလည်း အမှန်ပါပဲ။ပရိသတ်ကြီးတွက် ရွှေနှစ်ရွှေရဲ့ ရင်တွင်းခံစားချက် ဗီဒီယိုဖိုင်လေးကို မျှဝေပေးလိုက်ပါတယ်။

Source:Shwe Mhone Yati

Vedio credit 

"Myanmarload's content is copyrighted and only allowed to appear on Myanmarload website. Please respect our copyrights"
Myanmarload မှရေးသားသောသတင်းများသည် Myanmarload၏ မူပိုင်သတင်းများဖြစ်ပြီး Myanmarload Website ထဲတွင်သာ ဖတ်ရှုနိုင်ပါသည်။ ကျွန်ုပ်တို့၏ မူပိုင်ခွင့်ကိုလေးစားသောအားဖြင့် တစ်ဆင့်ကူးယူဖော်ပြခြင်းမပြုရန် မေတ္တာရပ်ခံအပ်ပါသည်။