လွန်ခဲ့တဲ့ စ်(၆ဝ)ခန့်က ကမ္ဘာကျော်ရုပ်ရှင်မင်းသားကြီး ဂရက်ဂရီပက်(Gregory Peck)နဲ့ တွဲဖက်ပြီး The Purple Plain ခေါ် ခရမ်းရောင်လွင်ပြင် ဇာတ်ကားမှာ ပါဝင်သရုပ်ဆောင် ရိုက်ကူးပြီး တစ်ကားတည်းနှင့် မြန်မာ့ယဉ် ကျေးမှုကို ထိန်းသိမ်းထားသော ဣန္ဒြေရှင် မင်းသမီးချောအဖြစ် နေ့ချင်းညချင်း ဆိုသလို ကမ္ဘာသိကျော်ကြားသွားတဲ့ မြန်မာ့ရုပ်ရှင် မင်းသမီးကလေးမှာ အခြားသူမဟုတ် ပဲခူးသူ ဝင်းမင်းသန်း ဘဲဖြစ်ပါတယ် ။

အဲ့ဒီအချိန်က အင်္ဂလန်နဲ့ အမေရိကန် ပြည်ထောင်စုထုတ် သတင်းစာအသီးသီးက ဗမာ့ အမျိုးသမီးကလေး ဝင်းမင်းသန်းရဲ့ ကျက်သရေရှိလှတဲ့ မြန်မာဆန်ဆန်အလှနှင့် လေးစားအတုယူဖွယ် မြန်မာ့ယဉ်ကျေးမှု စောင့်ထိန်းထားသော ဣန္ဒြေရှင်လေးအဖြစ် အမျိုးမျိုး ချီးကျူး၍ ရေးသားခဲ့ကြပါတယ် ။

ဝင်းမင်းသန်းကို ၁၉၃၃ခုနှစ် ပဲခူးမြို့မှာမွေးဖွားခဲ့ပြီး မိခင်မှာ မြန်မာအမျိုးသမီးတစ်ဦးဖြစ်ပြီး၊ ဖခင်မှာ သြစတြေးလျနိုင်ငံသားဖြစ် ပါတယ် ။ သူရုပ်ရှင် မင်းသမီး ဖြစ်လာရပုံမှာ ဆန်း ကြယ် လှသလို၊ မကြံဘဲ စောကဲမင်းဖြစ်ဆိုသလို အမေရိကန် ရုပ်ရှင်ဒါရိုက်တာ ရောဘတ် ပါရစ်ချ်(Tobert Parrish) ရဲ့ သူငယ်ချင်းက သူမဖခင်ရဲ့ မိတ်ဆွေရင်းခြာဖြစ်ပါတယ် ။ ဝင်းမင်း သန်းအိမ်ကို လာရောက်လည်ပတ်ရာမှ မြန်မာဆန်ဆန် ဝတ်စားဆင်ယဉ်တတ်တဲ့ ပင်ကိုယ် အလှပိုင်ရှင် ဝင်းမင်းသန်းကို မမျှော်လင့်ဘဲ တွေ့ဆုံရာမှ သူမဓါတ်ပုံကို တောင်းယူကာ ဒါရိုက်တာ ရောဘတ်ပါရစ်ချ် ထံပေးပို့ခဲ့ပါတယ် ။ အဲဒီအချိန်က ပါရစ်ချ်သည် မြန်မာပြည် ဇာတ်လမ်းနောက်ခံ The Purple Plain (ခရမ်းရောင်လွင်ပြင်) ရိုက်ကူးရန်အတွက် အာရှ တို က် မှ သရုပ်ဆောင် အမျိုးသမီးအသစ် အလိုရှိနေချိန်ဖြစ်ဘဲဖြစ်ပါတယ် ။

အဆိုပါဇာတ်ကားအတွက် ကုမ္ပဏီထံ အာရှတလွှားမှ သရုပ်ဆောင် လျှောက်ထား သူပေါင်း ၂၀၀ ကျော် ရရှိသော်လည်း တစ်ယောက်မျှ အကြိုက်မတွေ့စဉ် ဝင်းမင်းသန်းရဲ့ မြန်မာဆန်ဆန် ကျော့ရှင်းလှပသော ဣန္ဒြေရှင်ပင်ကိုယ်အလှ ရုပ်သွင်ကို မြင်တွေ့ရာ မှ သဘောကျနှစ်ခြိုက်ကာ ဝင်းမင်းသန်းအား ပါဝင်ရိုက်ကူးရန် အပူကပ်ခဲ့တာဘဲဖြစ် ပါ တယ် ။ ဒီလိုနဲ့ ဝင်းမင်းသန်းဟာ လျှောက်လွှာမတင်ပဲ ရုပ်ရှင် မင်းသမီးအဖြစ် ရွေးချယ် ခံခဲ့ရပါတယ် ။(ခရမ်းရောင် လွင်ပြင်ကို Rank Organization ကုမ္ပဏီကြီးက ရိုက်ကူးရန် မင်းသမီး ကြေညာစဉ်က ရတနာနတ်မယ်က လျှောက်လွှာ တင်ပြီးခါမှ ရိုက်ကွင်းက သီရိလင်္ကာမှာ ရိုက်မယ် ဖြစ်ကြောင်း သိရလို့ သဘာဝရေခံမြေခံ အမှန်ဖြစ်တဲ့ မြန်မာပြည် မှာ ရိုက်မှာ မဟုတ်လို့ ဆက်မကြိုးစား တော့ဘဲ နေခဲ့ပါတယ် ။ ဝင်းမင်းသန်းက လျှော က်လွှာ မတင်ဘဲနှင့် သည်ဇာတ်ကား အတွက် ခေါင်းဆောင်မင်းသမီး ဖြစ်လာသူ ဖြစ်ပါတယ် ။

ဝင်းမင်းသန်းပါဝင်ရိုက်ကူးပေးခဲ့တဲ့ ခရမ်းရောင် လွင်ပြင်ဟာ အောင်မြင်မှုရရှိကာ ပရိတ်သတ် အထူး နှစ်ခြိုက်မှုရရှိခဲ့ပါတယ် ။ ဝင်းမင်းသန်းဟာ မူရင်းဝတ္ထုမှာ ခရမ်းရောင်လွင်ပြင် ဇာတ်လိုက်မင်းသမီးလုပ်သူက အဝတ်များ မလုံ့တလုံဝတ်ဆင်ပြီး ရေချိုး တဲ့ အခန်းများ အတော်များများပါရှိခဲ့ပါတယ် ။ ဒါပေမယ့် ဝင်းမင်းသန်းရဲ့ ဣန္ဒြေ စောင့် စီးမှုနဲ့ ခေါင်းမာမှုတို့ကြောင့် ဟောလီးဝုဒ် ဒါရိုက်တာကြီးက သူအလွန်မက် မော လှ သော ရေချိုးတဲ့ အခန်းတွေကို ရိုက်ကူးခွင့်မရဘဲ ချန်လှပ်ပေးခဲ့ရပါတယ် ။

ရိုက်ကွင်းခေတ္တနားနေတဲ့အချိန် အိန္ဒိယဘုံဘေဂရိုနီကယ်သတင်းစာကြီး၏ သတင်း ထောက် တစ်ဦးက ခရမ်းရောင်လွင်ပြင်ပြီးနောက် ဟောလီးဝုဒ်မှာ ဆက်ပြီးဒ ဇာတ်ကားများ ရိုက်ကူးပါဦးမလားဟုမေးမြန်းခဲ့ရာ ဝင်းမင်းသန်းက “ကျမ ရုပ်ရှင်မင်းသမီးဆက်ပြီး မလုပ် ချင်ပါဘူး။ ဘာဖြစ်လို့လဲဆိုတော့ အမေရိကန်ရုပ်ရှင်ပညာ သည်တို့ရဲ့ဘဝဟာ သဘာဝ ကျတယ် တယ်ပြီးတော့ အနုပညာသည်ဘဝက သဘာ၀ မကျတဲ့အပြင် ဟန်ဆောင်မှု တွေများလွန်းလို့ပါပဲ။ နောက်ပြီး ဟောလီးဝုဒ်က ဣတ္ထိယအသွင်အပြင်ဆိုတဲ့ စွဲမက်ဖွယ်ရာ မက်လုံးပေးမှုတွေကို (Glamour) ရောင်းကုန်အနေမျိုး နဲ့ ဗန်းပြစေချင်လွန်းတော့ ကျမတို့ လို ဗမာအမျိုးသမီးများနဲ့ နည်းနည်းမှ မကိုက်ညီပါဘူး။ ကျမအဖို့ဆိုရင် အမေရိကန် ကချေ သည်တို့ရဲ့ ဓလေ့ဖြစ်တဲ့ ခြေဖေါ်၊ ပေါင်ဖေါ် အလုပ်မျိုးတွေကို အရှက်မရှိတဲ့ လုပ်ရပ်ဟု ယူဆ တာကြောင့် ခက်ခဲလှပါတယ်ပြီးတော့ဗမာ အမျိုးသမီးတွေရဲ့ယဉ်ကျေးသိမ် မွေ့ဣန္ဒြေ သိက္ခာရှိမှုတွေကိုလည်း စောင့်ထိန်းစေချင်တာကြောင့်မရိုက်ချင်တာလည်းပါပါတယ်” လို့ဖြေခဲ့ပါတယ် ။

မည်သို့ဆိုစေ ကမ္ဘာ့ရုပ်ရှင်လောကကို ဇာတ်ကားတကားနဲ့ ကမ္ဘာသိကျော်ကြားကား မြန်မာ့ဂုဏ်ကို မြှင့် တင်ခဲ့တဲ့ ရုပ်ရှင်မင်းသမီးအဖြစ် ယနေ့တိုင် ကမ္ဗည်းတင်လျက်ရှိ ပါတယ် ။

Source : သန်းဝင်းလှိုင်

"Myanmarload's content is copyrighted and only allowed to appear on Myanmarload website. Please respect our copyrights"
Myanmarload မှရေးသားသောသတင်းများသည် Myanmarload၏ မူပိုင်သတင်းများဖြစ်ပြီး Myanmarload Website ထဲတွင်သာ ဖတ်ရှုနိုင်ပါသည်။ ကျွန်ုပ်တို့၏ မူပိုင်ခွင့်ကိုလေးစားသောအားဖြင့် တစ်ဆင့်ကူးယူဖော်ပြခြင်းမပြုရန် မေတ္တာရပ်ခံအပ်ပါသည်။