ပရိသတ်တွေရဲ့ အချစ်တော် အဆိုတော်မလေး ပန်းရောင်ခြယ်ကတော့ ပြီးခဲ့တဲ့ ရက်ပိုင်းက ဒူဘိုင်းကို မိသားစုနဲ့အတူ အပန်းဖြေခရီးလေး သွားခဲ့ရင်း အမှတ်တရအချို့လေးတွေကိုလည်း ကိုယ်တိုင်လေ့လာခဲ့တာ တွေ့ရပါတယ်..။
ဒူဘိုင်းကိုတော့ မိဘတွေရဲ့ မင်္ဂလာနှစ်ပတ်လည်(၂၅)နှစ်ပြည့် အထိမ်းအမှတ်ခရီးစဉ်လေးအဖြစ် ပျော်ပွဲစား အပန်းဖြေခရီးစဉ်လေး ထွက်ရှိခဲ့ကြတာဖြစ်ပြီး မိသားစုလိုက် ကြည်နူးပျော်ရွှင်စရာ အမှတ်တရပုံရိပ်လေးတွေကိုလည်း သူမပြန်လည်မျှဝေထားပါသေးတယ်..။


အခုတစ်ခါမှာလည်း ပိုင်းလော့တစ်ဦးနဲ့အတူ လေယာဉ်ခေါင်းခန်းထဲထိ ပျံသန်းခြင်းနည်းပညာကို စိတ်ဝင်တစားကိုယ်တိုင်ကိုယ်ကျ လက်တွေ့လေ့လာခဲ့တဲ့ ဗီဒီယိုလေးကိုလည်း ပရိသတ်တွေကို ထပ်မံမျှဝေထားပါသေးတယ်..။
လေယာဉ်မောင်းနှင်မှုကို စိတ်ဝင်တစားလေ့လာဆည်းပူးနေတဲ့ ပန်းရောင်ခြယ်လေးရဲ့ ပုံရိပ်လေးတွေကလည်း ပြောစကားနားထောင်တဲ့ ကလေးငယ်လေးတစ်ယောကလို ချစ်စရာကောင်းနေပါတယ်နော်..။


သူမလေ့လာခွင့်ရရှိခဲ့တဲ့ A380experience Simulator ဟာ Experience တစ်ခုဖြစ်ပြီးတော့ တကယ့်ဝေဟင်မှာ မောင်းနှင်ရသလို ဖန်တီးထားတာဖြစ်ပြီး အတွင်းပိုင်းမှာလည်း လေယာဉ်တစ်စင်းရဲ့ ပျံသန်းခြင်း Feature စနစ်တွေအကုန်ပါဝင်ပြီး ကိုယ်ဆင်းချင်တဲ့ လေယာဉ်ကွင်းကိုပါရွေးချယ်ဆင်းသက်လို့ရတဲ့ အမျိုးအစားမျိုးကို လေ့လာမောင်းနှင်ခွင့်ရရှိခဲ့တာပဲ ဖြစ်ပါတယ်..။
လေယာဉ်ပျံသန်းခြင်းကို ကိုယ်တိုင်ကိုယ်ကျ စိတ်ဝင်တစားလေ့လာနေတဲ့ ပန်းရောင်ခြယ်ရဲ့ ဗီဒီယိုဖိုင်လေးကိုလည်း ပရိသတ်တွေအတွက် ပြန်လည်မျှဝေပေးလိုက်ပါတယ်နော်..


Photo - ပန်းရောင်ခြယ်
"Myanmarload's content is copyrighted and only allowed to appear on Myanmarload website. Please respect our copyrights"
Myanmarload မှရေးသားသောသတင်းများသည် Myanmarload၏ မူပိုင်သတင်းများဖြစ်ပြီး Myanmarload Website ထဲတွင်သာ ဖတ်ရှုနိုင်ပါသည်။ ကျွန်ုပ်တို့၏ မူပိုင်ခွင့်ကိုလေးစားသောအားဖြင့် တစ်ဆင့်ကူးယူဖော်ပြခြင်းမပြုရန် မေတ္တာရပ်ခံအပ်ပါသည်။