ကိုယ်ခန္ဓာကောက်ကြောင်းအချိုးအစား လှပလွန်းလို့ အွန်လိုင်းမီဒီယာ ထက်ကနေ နာမည်ကြီး လူသိများလာတဲ့ လုလုအောင်ကတော့ လက်ရှိမှာ ကြော်ငြာမော်ဒယ်လ်၊ သရုပ်ဆောင် တစ်ဦးအဖြစ် ရပ်တည်နေသူပါ။ Single Mother တစ်ယောက် ဖြစ်သလို ချစ်ရာကောင်းတဲ့သမီးလေး တစ်ယောက်ပါ ပိုင်ဆိုင်ထားတဲ့ ခေးကြီးလုကတော့ သူမရဲ့ သမာအာဇီ၀ ကျတဲ့ အနုပညာအလုပ်တွေနဲ့ အတူ သူမရဲ့ သမီးလေး အနာဂတ်အတွက် အကောင်းဆုံး ကြိုးစားနေသူလေးပါ။

ကိုယ်ခန္ဓာအချိုးအစားက ရင်ဖိုအောင် လှပလွန်းတာကြောင့် သူမကို အများစုအားပေးသူတွေကတော့ ယောကျာ်းလေး ပရိသတ်တွေ ဖြစ်ပြီး ခေးကြီးလု ဆိုတဲ့ နာမည်လေးကတော့ သူမကို ချစ်စနိုးခေါ်ဆိုရာကနေ ဖြစ်ပေါ်လာတဲ့ Nickname (နာမည်ပြောင်) လေး ဖြစ်ပါတယ်။ ကချင်လူမျိုးတိုင်းရင်သူ လေးဖြစ်ပြီး တိုင်းရင်းသူလေးတွေရဲ့ သဘာဝအတိုင်း အသားအရည်ကြည်လင် လှပသလို မျက်နာကျလေးကလည်း ပြေပြေပြစ်ပြစ်လေးနဲ့ ရိုးရှင်းစွာ လှပသူဖြစ်ပါတယ်။

ကြော်ငြာ၊ မော်ဒယ်လ်နဲ့ သီချင်းတွေမှာ မြင်တွေ့နေရတဲ့ သူမကတော့ ခရီးထွက်ရတာ နှစ်သက်သူလေး ဖြစ်ပြီး နိုင်ငံခြားခရီးနဲ့ တကွ၊ မြန်မာနိုင်ငံရဲ့ လှပတဲ့ နေရာလေးတွေကို အလုပ်အားရင် အားသလို သွားရောက်လည်ပတ်လေ့ ရှိပါတယ်။ အချိန်တိုင်း စတိုင်လ် ကျ လှပပြီး ချစ်စရာကောင်းနေတဲ့ လုလုအောင်ကတော့ ကုလေးဆန်ဆန်အမူအရာလေးတွေနဲ့ အမြဲမြင်တွေ့ရသလို ကလေးဆန်ပေမဲ့ အိမ်ထောင်ရှင်မကြီး ဖြစ်ချင်သူပါတဲ့ နော်။ "ဖြစ်ချင်တာက အိမ်ထောင်ရှင်မ၊ ဖြစ်နေတာက ....ကလေးကုလား " ဆိုတဲ့ စာသားလေးနဲ့ အတူ လူငယ်ဆန်ဆန်သွက်လက်တဲ့ ဖက်ှရင်လ်လေးနဲ့ လုလုအောင် ရဲ့ လတ်တလော ပုံရိပ်လေးကို ဖော်ပြပေးလိုက်ရပါတယ်။

source:Lulu aung ;  

"Myanmarload's content is copyrighted and only allowed to appear on Myanmarload website. Please respect our copyrights"
Myanmarload မှရေးသားသောသတင်းများသည် Myanmarload၏ မူပိုင်သတင်းများဖြစ်ပြီး Myanmarload Website ထဲတွင်သာ ဖတ်ရှုနိုင်ပါသည်။ ကျွန်ုပ်တို့၏ မူပိုင်ခွင့်ကိုလေးစားသောအားဖြင့် တစ်ဆင့်ကူးယူဖော်ပြခြင်းမပြုရန် မေတ္တာရပ်ခံအပ်ပါသည်။