ပရိတ်သတ်တွေရဲ့ အချစ်တော်တစ်ဦးဖြစ်တဲ့ ရုပ်ရှင်သရုပ်ဆောင် အဆိုတော် ချစ်သုဝေဟာဆိုရင် အောင်မြင်တဲ့ အနုအပညာရှင်တစ်ယောက် အဖြစ်ပရိတ်သတ်တွေ အသိအမှတ်ပြုခံထားရတဲ့ အနုပညာရှင်တစ်ယောက်ဖြစ်ပါတယ်။ ချစ်စရာကောင်းတဲ့ သမီးလေးတွေနဲ့ သာယာပျော်ရွှင်စရာကောင်းတဲ့ မိသားစုဘဝလေးကို ပိုင်ဆိုင်ထားနိုင်သူလေး ဖြစ်ပါတယ်။

အိမ်ထောင်ဦးစီးပီသစွာနဲ့ မိသားစုကို အမြဲတမ်းပျော်အောင်ထားပေးတဲ့ အဆိုတော်လင်းလင်းကလည်း ချစ်သုဝေအတွက်တော့ ခင်ပွန်းကောင်းတစ်ယောက်ပဲ ဖြစ်ပါတယ်။ အမြဲတမ်း သမီးလေးတွေ နဲ့ အတူ ပျော်ရွှင်စရာကောင်းတဲ့ မိသားစုဘဝလေးကြောင့် ပရိတ်သတ်တွေကလည်း အရမ်းကို ချစ်ကြပြီး အားကျရတဲ့ မိသားစုလေး ဖြစ်နေပါတော့တယ်။

သမီးလေးတွေပေါ်မှာ မိခင်မေတ္တာအပြည့်နဲ့ စောင့်ရှောက်သလိုပဲ ဖေဖေ မေမေ ပေါ်မှာလည်း ယခုချိန်ထိ ကလေးလေးလို့ ချွဲနေတတ်တဲ့ ချစ်သုဝေကတော့ ဖေဖေ အတွက် အရမ်းကို တန်ဖိုးထားပြီး ချစ်ရတဲ့ သမီးလေး တစ်ယောက်ပဲ ဖြစ်ပါတယ်။ ဖေဖေ့ကို အရမ်းချစ်တဲ့ ချစ်သုဝေကလည်း အဖေ့ကိုယ်တိုင်ဆွဲထားတဲ့ အသက်ဝင်လွန်းတဲ့ ပန်းချီလက်ရာလေးတစ်ခုကို ဂုဏ်ယူဝင့်ကြွားစွာနဲ့ သူမရဲ့ လူမှူကွန်ရက်စာမျက်နှာပေါ်မှာတင်ထားတာဖြစ်ပါတယ်။

Source:Chit Thu Wai
"Myanmarload's content is copyrighted and only allowed to appear on Myanmarload website. Please respect our copyrights"
Myanmarload မှရေးသားသောသတင်းများသည် Myanmarload၏ မူပိုင်သတင်းများဖြစ်ပြီး Myanmarload Website ထဲတွင်သာ ဖတ်ရှုနိုင်ပါသည်။ ကျွန်ုပ်တို့၏ မူပိုင်ခွင့်ကိုလေးစားသောအားဖြင့် တစ်ဆင့်ကူးယူဖော်ပြခြင်းမပြုရန် မေတ္တာရပ်ခံအပ်ပါသည်။