မကြာသေးခင်က Preshow ပွဲကြီးကိုအောင်မြင်စွာ ကျင်းပပြုလုပ်ခဲ့ပြီ ဖြစ်တဲ့ ကြတ်ဂူဇာတ်ကားကြီးဟာဆိုရင် ပရိတ်သတ်တွေကြားမှာ အရမ်းကို ရေပန်းစားနေတဲ့ ရုပ်ရှင်ဇာတ်ကားကြီးဖြစ်ပါတယ်။ အဆိုပါ ဇာတ်ကားကြီးကို ဒါရိုက်တာ လူမင်း ရိုက်ကူးပုံဖော်ခဲ့တာဖြစ်ပြီး တကယ့်ကို ခက်ခက်ခဲခဲ နဲ့ ရိုက်ကူးခဲ့ရတဲ့ ဇာတ်ကားကြီးပဲ ဖြစ်ပါတယ်။ ပရိတ်သတ်တွေ သိပ်မသိကြတဲ့ ကယားပြည်နယ်မှာရှိတဲ့ မြန်မာနိုင်ငံရဲ့ သဘာဝဂူကြီး တစ်ခုဖြစ်တဲ့ ကြတ်ဂူဟာဆိုရင် ထူးခြားအံ့ဖွယ်တွေနဲ့ ပြည့်နက်နေတဲ့ ဂူတစ်ခုပဲ ဖြစ်ပါတယ်။

ကြတ်ဂူရိုက်ကူးရာ နေရာတွေဟာဆိုရင် ဟို အရင်ရှေးခေတ်ကတည်းက အစောင့်အရှောက်တွေ များစွာတည်ရှိတယ်လို့ ဆိုပါတယ်။ ထူးဆန်းတဲ့ ကြတ်ဂူကြီးထဲကို ဝင်လိုက်ရင် ကျောက်အစွန်အဖျားတွေမှာတင်နေတဲ့ ခေါင်းတလားတွေက မြင်ရသူ အဖို့ ကြက်သီးတဖြန်းဖြန်း ထစေမှာ အမှန်ပါ။ ကြတ်ဂူဇာတ်ကားကြီးကို ပထမဆုံးစတင်မိတ်ဆက်ခဲ့တဲ့ ပွဲကို အနုပညာရှင်များစွာတက်ရောက် အားပေးခဲ့ကြပါတယ်။

ထို အနုပညာရှင်များထဲမှ အောင်မြင်တဲ့ အနုပညာရှင်တစ်ယောက်ဖြစ်တဲ့ ရုပ်ရှင်သရုပ်ဆောင် နေမင်းကလည်း စိတ်ဝင်တစား သွားရောက်ကြည့်ရူခဲ့ပါတယ်။ "ကြက်ဂူထဲမှာရှိတဲ့ ခေါင်းတလားကြီးက ဘယ်နှစ်ခုနှစ်ထဲကမသိဘူးရှိနေတဲ့အရာကို ရှေးသူ့တွေကနေပြည်တော်ကို သယ်လာခဲ့ဘူးတယ် အဲ့တာတကယ်ဖြစ်ခဲ့တာပါ" ဆိုတဲ့ နေမင်းက အရင်က ဦးငယ်လေးကားတွေကို အကြောင်းကြောင်း ကြောင့် မကြည့်ဖြစ်ခဲ့ပါဘူးလို့ လည်း ပြောပြထားတာကို ပရိတ်သတ်တွေ တွေ့မြင်ရမှာဖြစ်ပါတယ်။

Source:Myanmarload TV
"Myanmarload's content is copyrighted and only allowed to appear on Myanmarload website. Please respect our copyrights"
Myanmarload မှရေးသားသောသတင်းများသည် Myanmarload၏ မူပိုင်သတင်းများဖြစ်ပြီး Myanmarload Website ထဲတွင်သာ ဖတ်ရှုနိုင်ပါသည်။ ကျွန်ုပ်တို့၏ မူပိုင်ခွင့်ကိုလေးစားသောအားဖြင့် တစ်ဆင့်ကူးယူဖော်ပြခြင်းမပြုရန် မေတ္တာရပ်ခံအပ်ပါသည်။