မင်းသမီးလေး နန်းစန္ဒာလှထွန်းကတော့ MRTV- 4 ဇာတ်လမ်းတွဲလေးတွေကတစ်ဆင့် လူသိများအောင်မြင်လာခဲ့သူ ဖြစ်ပါတယ်။ ရှမ်းတိုင်းရင်းသူစစ်စစ်လေးဖြစ်တဲ့ သူမက တောင်ကြီးမြို့လေးကနေ အနုပညာအလုပ်တွေ လုပ်ကိုင်ဖို့ ရန်ကုန်ကို ရောက်ရှိလာခဲ့တာ ဖြစ်ပါတယ်။ Forever Group ရဲ့ ပင်တိုင်ဇာတ်လမ်းတွဲမင်းသမီးလေးဖြစ်တဲ့ နန်းနန်းက "ပဉ္စလက်ရွာ" ဆိုတဲ့ဇာတ်လမ်းလေးမှာ ရေဝတီဆိုတဲ့ကောင်မလေးအဖြစ် စတင်ပါဝင်ခဲ့ပါတယ်။
လတ်တလောမှာတော့ နန်းနန်းက ကြော်ငြာလေးတွေ ရိုက်ကူးနေရသလို ဇာတ်လမ်းတွဲအသစ်လေးတွေလည်း ဆက်တိုက်ရိုက်ကူးလာရပါတယ်။ ယခုလက်ရှိမှာလည်း နန်းနန်းပါဝင်သရုပ်ဆောင်ထားတဲ့ "နှလုံးသားနဲ့ အနီးဆုံး" ဇာတ်လမ်းတွဲလေးက MRTV-4 မှာ ထုတ်လွှင့်ပြသနေတာ ဖြစ်ပါတယ်။ အခုတော့ နန်းက မွေးရပ်မြေလေးဖြစ်တဲ့ တောင်ကြီးမြို့လေးမှာရှိတဲ့ ချစ်ရတဲ့မေမေဆီကို ရန်ကုန်ကနေ အလည်တစ်ခေါက်ပြန်သွားခဲ့ပါတယ်။
နန်းနန်းက ချစ်မေမေရဲ့ရင်ခွင်မှာ ခိုလှုံရင်း "ဘဝရဲ့နွေးထွေးမူနဲ့ လုံခြုံမှုအရှိဆုံးလို့ ခံစားရတဲ့အချိန် ကျမဘဝရဲ့လေးစားရတဲ့ မိန်းမတစ်ယောက် " ဆိုတဲ့စာသားလေးနဲ့အတူ သူမတို့သားအမိနှစ်ယောက်ရဲ့ပုံလေးတွေကို တင်လိုက်ပါတယ်။ ရုပ်ချင်းတစ်ထေရာတည်းတူတဲ့ နန်းတို့သားအမိရဲ့ပုံလေးတွေက တကယ့်ကို ကြည်နူးစရာကောင်းလွန်းလှပါတယ်။ နန်းရဲ့မေမေကလည်း သမီးလေးနဲ့ ညီအစ်မတွေလား ထင်မှတ်ရလောက်အောင် အရွယ်တင်နုပျိုပြီး ချောမောလှပနေတာ တွေ့ရပါတယ်။ ကဲ ချစ်ပရိသတ်တွေအတွက် နန်းတို့သားအမိရဲ့ပုံရိပ်လေးတွေကို တင်ဆက်ပေးလိုက်ပါတယ်နော်။
Source:Nan Sandar Hla Htun;
"Myanmarload's content is copyrighted and only allowed to appear on Myanmarload website. Please respect our copyrights"
Myanmarload မှရေးသားသောသတင်းများသည် Myanmarload၏ မူပိုင်သတင်းများဖြစ်ပြီး Myanmarload Website ထဲတွင်သာ ဖတ်ရှုနိုင်ပါသည်။ ကျွန်ုပ်တို့၏ မူပိုင်ခွင့်ကိုလေးစားသောအားဖြင့် တစ်ဆင့်ကူးယူဖော်ပြခြင်းမပြုရန် မေတ္တာရပ်ခံအပ်ပါသည်။