မကြာခင်က ကျင်းပပြုလုပ်ခဲ့တဲ့ ပရိတ်သတ်တွေရဲ့ အချစ်တော် G fatt ဟာဆိုရင် အောက်ခြေဘဝကနေ အစတည်းလို့ သူရဲ့ အိမ်မက်ဖြစ်တဲ့ စင်မြင့်ပေါ်ကို အရောက်သွားနိုင်ခဲ့သူပဲ ဖြစ်ပါတယ်။ အခက်အခဲတွေကြားကနေ ရုန်းထွက်ရင်းအောင်မြင်မှုတွေကို ပိုင်ဆိုင်လာခဲ့တဲ့ G fatt ဟာဆိုရင် အရည်အချင်းရှိတဲ့ အဆိုတော်တစ်ယောက်ပဲ ဖြစ်ပါတယ်။ သူရဲ့ အိမ်မက်တစ်ခုဖြစ်တဲ့ one man show ကြီးကိုတော့ အောင်မြင်စွာ ကျင်းပနိုင်ခဲ့ပြီ ဖြစ်ပြီး ပရိတ်သတ်တွေရဲ့ အားပေးမှုတွေကတော့ အရှိန်အဟုန်ကောင်းစွာနဲ့ ရှိခဲ့ပါတယ်။

အဆိုပါပွဲကြီးမှာ နိုင်ငံကျော် အနုပညာရှင်တွေလည်း ပါဝင်အားဖြည့်ဖျော်ဖြေပေးခဲ့ကြတာဖြစ်ပါတယ်။ အဆိုပိုင်းမှာ အံ့မခန်းတဲ့ ပါရမီရှင်တစ်ယောက် ဖြစ်တဲ့ ပြည်သူ့ အချစ်တော် နိုင်ငံကျော်တေးသံရှင် ဖြူဖြူကျော်သိန်း လည်းဝင်ရောက် ဖျော်ဖြေပေးခဲ့ပါတယ်။ အရမ်းကို မိုက်တဲ့ အသံပါဝါနဲ့ ပရိတ်သတ်တွေကို ဆွဲဆောင်နိုင်တဲ့ ဖြူဖြူနဲ့ အတူ G fatt တို့ သီဆိုဖျော်ဖြေမှုဟာဆိုရင် တုန်လှုပ်စရာကောင်းလောက်အောင် ပရိတ်သတ်တွေရဲ့ နှလုံးသားတွေကို သိမ်းပိုက်နိုင်ခဲ့ပါတယ်။

စီနီယာပီသစွာနဲ့ အရည်အချင်းအပြည့်ရှိတဲ့ ဖြူဖြူကတော့ G fatt ရဲ့ one man show ကြီးမှာ မြတ်သူကပြောတဲ့ G fatt အကြောင်းဆိုတဲ့ ပရိတ်သတ်တွေနားထောင်ပြီး မျက်ရည်ကျလောက်စေတဲ့ G fatt ရဲ့ သီချင်းကောင်းလေးကိုသီဆိုထားတဲ့ သီချင်းကောင်းလေးကို ပြန်လည်ပြီး သီဆိုဖျော်ဖြေခဲ့တာဖြစ်ပါတယ်။ ဖြူဖြူရဲ့ အသံပါဝါအားကောင်းကောင်းနဲ့ သီဆို ဖျော်ဖြေခဲ့တဲ့ ဗီဒီယိုဖိုင်လေးကိုတော့ ပရိတ်သတ် တစ်ယောက်က ရိုက်ပေးထားတာ ဖြစ်ပါတယ်။ G fatt နဲ့ ဖြူဖြူကို ချစ်တဲ့ ပရိတ်သတ်တွေ အတွက် တက်ကြွစွာ ဖျော်ဖြေနေတဲ့ ဖြူဖြူရဲ့ ဗီဒီယိုလေးကို ပရိတ်သတ်တွေ အတွက် တင်ပေးလိုက်ပါပြီနော်။

Source:Phyu Phyu Kyaw Thein
"Myanmarload's content is copyrighted and only allowed to appear on Myanmarload website. Please respect our copyrights"
Myanmarload မှရေးသားသောသတင်းများသည် Myanmarload၏ မူပိုင်သတင်းများဖြစ်ပြီး Myanmarload Website ထဲတွင်သာ ဖတ်ရှုနိုင်ပါသည်။ ကျွန်ုပ်တို့၏ မူပိုင်ခွင့်ကိုလေးစားသောအားဖြင့် တစ်ဆင့်ကူးယူဖော်ပြခြင်းမပြုရန် မေတ္တာရပ်ခံအပ်ပါသည်။