သရုပ်ဆောင်နဲ့ အဆိုတော် နန်းဆုရတီစိုးကတော့ အချိန်တော်တော်ကြာအောင် အနုပညာလောကမှာ ရပ်တည်အောင်မြင်လာခဲ့သူ ဖြစ်ပါတယ်။ ယခုအချိန်မှာတော့ သူမက သရုပ်ဆောင်ပိုင်းထက် သူမဝါသနာပါတဲ့ အဆိုပိုင်းကို ပိုမိုဦးစားပေး လုပ်ကိုင်နေတာ တွေ့ရပါတယ်။ ဒါ့အပြင် နန်းဆုက လူငယ်အဆိုတော် G Fatt ရဲ့ ချစ်သူလည်း ဖြစ်ပါတယ်။ လိုက်ဖက်ညီတဲ့ သူမတို့စုံတွဲလေးကိုတော့ ပရိသတ်တွေက အားပေးချစ်ခင်ကြတာလည်း ဖြစ်ပါတယ်။

ပြီးခဲ့တဲ့ နိုဝင်ဘာလ ၁၁ ရက်နေ့က ကန်တော်ကြီး၊ မျှော်စင်ကျွန်းမှာ ကျင်းပပြုလုပ်ခဲ့တဲ့ G Fatt ရဲ့ တစ်ကိုယ်တော်ရှိုးပွဲကြီးမှာ နန်းဆုကလည်း ပါဝင်အားဖြည့်ပေးခဲ့ပါတယ်။ ချစ်သူ G Fatt ကိုယ်တိုင်ရေးစပ်ဖန်တီးထားတဲ့ "ရူးအောင်ချစ်ရသူ" သီချင်းလေးကို နန်းဆုက ချစ်သူရဲ့ရှိုးပွဲမှာ သီဆိုခဲ့တာပဲ ဖြစ်ပါတယ်။ အောင်မြင်မှုတွေများစွာ ရရှိခဲ့တဲ့ ဒီသီချင်းလေးကတော့ သူမတို့နှစ်ဦးအတွက် အမှတ်တရတွေနဲ့ ပြည့်နှက်နေတဲ့ သီချင်းကောင်းလေးတစ်ပုဒ် ဖြစ်ပါတယ်။

G Fatt ရဲ့ ဖိတ်ခေါ်မှုနဲ့အတူ နန်းဆုက သူမရဲ့အသံချိုချိုလေးနဲ့ ပရိသတ်တွေကို အကောင်းဆုံးဖျော်ဖြေပေးခဲ့တာ ဖြစ်ပါတယ်။ ကွင်းလုံးပြည့်ပရိသတ်တွေရဲ့ အကြီးအကျယ်အားပေးမှုရခဲ့တဲ့ ဒီပွဲလေးကတော့ G Fatt အတွက် ပထမဆုံးတစ်ကိုယ်တော်ပွဲလေးပဲ ဖြစ်ပါတယ်။ ဒီပွဲလေးမှာ နန်းဆုက အဖြူရောင်နတ်သမီးလေးတစ်ပါးလို အလှတွေဖြာနေခဲ့တာလည်း ဖြစ်ပါတယ်။ ကဲ ချစ်ပရိသတ်တွေအတွက် G Fatt ရဲ့ပွဲမှာ သီချင်းဆိုခဲ့တဲ့ နန်းဆုရဲ့ဗီဒီယိုဖိုင်လေးကို အောက်မှာတင်ဆက်ပေးလိုက်ပါတယ်နော်။

Source: Nan Su Yati Soe & We love Nan Su;

"Myanmarload's content is copyrighted and only allowed to appear on Myanmarload website. Please respect our copyrights"
Myanmarload မှရေးသားသောသတင်းများသည် Myanmarload၏ မူပိုင်သတင်းများဖြစ်ပြီး Myanmarload Website ထဲတွင်သာ ဖတ်ရှုနိုင်ပါသည်။ ကျွန်ုပ်တို့၏ မူပိုင်ခွင့်ကိုလေးစားသောအားဖြင့် တစ်ဆင့်ကူးယူဖော်ပြခြင်းမပြုရန် မေတ္တာရပ်ခံအပ်ပါသည်။