နိုဝင်ဘာလ(၁၁) ရက်နေ့ကတော့ အချေမင်းသမီးလေး ရွှေမှုန်ရတီ နဲ့ အဆိုတော် ရွှေထူးတို့ရဲ့ မင်္ဂလာဧည့်ခံပွဲလေးဖြစ်ပြီး Wedding Dinner ကိုတော့ ရန်ကုန်မြို့ အင်ယားလိခ့်ဟော်တယ်မှာ ကျင်းပခဲ့ပါတယ်။ အနုပညာလောကရဲ့ မောင်နှမတွေ အားလုံးတက်ရောက်အားပေးခဲ့ကြပြီး တစ်ယောက်ကိုတစ်ယောက် မခွဲနိုင်မခွာရက်အောင် ချစ်လွန်းကြတဲ့ သူတို့နှစ်ယောက်ရဲ့ အချစ်တွေကိုလည်း ပွဲတက်ရောက်သူတွေပါ မျက်ရည်ဝိုင်းရလောက်အောင် ဝမ်းနည်း၊ ဝမ်းသာဖြစ်စေခဲ့ရပါတယ်။



နှစ်ဖက် မိဘတွေ သဘောမတူညီတဲ့ ကြားက နှစ်ဦးသဘောတူ အောက်တိုဘာ(၃၀) ရက်နေ့မှာ လက်မှတ်ထိုးလက်ထပ်ခဲ့ကြပြီး မှာ နိုဝင်ဘာလ(၉) ရက်နေ့မှာတော့ မင်္ဂလာဆွမ်းကျွေးလေးပြုလုပ်ခဲ့ပါတယ်။ ရွှေစုံတွဲလေး နှစ်ဦးလည်းဟာ အောင်မြင်ဆဲ ၊ ငယ်ရွယ်နေဆဲ အချိန်လေးမှာ ဝေဖန်မှုတွေ၊ တိုက်ခိုက်မှု တွေ များစွာထဲက လက်တွေကို တင်းတင်းဆုပ်ကိုင်ပြီး ရဲဝင့်စွာ လက်တွဲခဲ့ကြသလို တစ်ယောက်ကို တစ်ယောက် ပိုငဆိုင်ရပြီ ဆိုတဲ့ အကြည့်တွေနဲ့ ခန်းမကြီးမှာ မျက်ရည်မဆည်နိုင်အောင် ဝမ်းသာပြီး ငိုခဲ့ကြပါတယ်။



ချစ်ရသူနဲ့ လက်တွဲပြီး အိမ်ထောင်သည်ဘဝကို ကျေကျေနပ်နပ်ကြီး ခံယူတော့မဲ့ မင်းသမီးချောလေး ရွှေမှုန်ရတီ အတွက် အနုပညာလောကရဲ့ ညီအကို မောင်နှမတွေ ထဲကမှ အလှနတ်သမီးလေး တချို့ကတော့ မင်္ဂလာပွဲလေး ဖြစ်မြောက်စေဖို့ တစ်စိတ်တပိုင်းကနေ ပါရမီ ဖြည့်တင်းပေးခဲ့ကြပါတယ်။သတို့သမီးလေး ရွှေမှုန်ရတီရဲ့ အခြွေအရံ သတို့သမီးအရံလေးတွေ အဖြစ် အောန်ဆိုင်း၊ မေဂရေ့စ် ၊ မြတ်နိုးေ၀ နဲ့ M ဆိုင်းလု တို့ကပါဝင်ပေးခဲ့ကြသလို "ချစ်ခြင်းအားဖြင့်" ရွှေစုံတွဲ ချစ်သူနှစ်ဦးကို ပါရမီဖြည့်ပေးခဲ့ကြတဲ့ အနုပညာရှင် အလှနတ်သမီးလေးတွေကို ဖော်ပြပေးလိုက်ရပါတယ်။
source: M Seng Lu




"Myanmarload's content is copyrighted and only allowed to appear on Myanmarload website. Please respect our copyrights"
Myanmarload မှရေးသားသောသတင်းများသည် Myanmarload၏ မူပိုင်သတင်းများဖြစ်ပြီး Myanmarload Website ထဲတွင်သာ ဖတ်ရှုနိုင်ပါသည်။ ကျွန်ုပ်တို့၏ မူပိုင်ခွင့်ကိုလေးစားသောအားဖြင့် တစ်ဆင့်ကူးယူဖော်ပြခြင်းမပြုရန် မေတ္တာရပ်ခံအပ်ပါသည်။