မော်ဒယ်သရုပ်ဆောင်စံရတီမိုးမြင့်တစ်ယောက် " မုန်းစွဲ " ရုပ်ရှင်ဇာတ်ကားအထူးပွဲကိုတက်ရောက်ခဲ့စဉ် မှာပဲ သူမရဲ့ခံယူချက်တွေကို ပရိသတ်ကြီးအတွက် ပြောပြသွားခဲ့တာပဲဖြစ်ပါတယ်။ လက်ရှိမှာတော့ သူမက တစ်ကိုယ်တည်း Single အဖြစ်နဲ့ ဘဝကိုအေးအေးလူလူဖြတ်သန်းနေတာဖြစ်ပြီး အချစ်နဲ့ ပက်သက်ပြီးတော့ သေချာစိစစ်ရွေးချယ်တတ်သွားပြီလို့ဆိုပါတယ်။

သူမကအရမ်းချစ်တတ်တာကြောင့် သူမကိုလည်းထပ်တူပြန်ချစ်ပေးနိုင်မယ့်သူကိုပဲရွေးချယ်သွားမယ်လို့ ဆိုပါတယ်။ အရမ်းချစ်ပြီးမပေါင်းဖက်ရမှာတွေကိုကြောက်တာကြောင့် လူတစ်ယောက်ကိုချစ်ဖို့အတွက် အတော်လေးစိစစ်ရွေးချယ်ရတော့မယ်လို့ဆိုပါတယ်။ မိန်းကလေးဖြစ်တဲ့အတွက်ကြောင့် ကိုယ့်ကိုကမ်းလှမ်းသူတွေထဲကမှ အဆင်ပြေသင့်တော်တဲ့သူကိုရွေးချယ်မယ်လို့သူမကဆိုပါတယ်။

ရည်းစားဟောင်းတွေနဲ့လမ်းမှာတွေ့တဲ့အခါမှာလည်း ဘာ Feeling မှမဖြစ်တော့ဘူးလို့ဆိုပါတယ်။ လက်ရှိအချိန်မှာ ဘဝကအရမ်းကိုလှပသာယာနေပြီလို့ဆိုပါတယ်။ ရည်းစားဟောင်းတွေနဲ့လက်တွဲနေခဲ့တုန်းကထက် အခုကပိုပြီးလှပနေတာကြောင့် ပြန်ပြီးလွမ်းဆွတ်နေတာတွေတော့မရှိဘူးလို့ ဆိုပါတယ်။ သူရယ်ပြရင် ပြန်ရယ်ပြလိုက်မယ် လွမ်းတာတွေဆွေးတာတွေတော့မရှိဘူးလို့ဆိုပါတယ်။ သူမရဲ့ လှပခြင်းလျို့ဝှက်ချက်က ဒုက္ခပေးမယ့်သူမရှိလု့ိပါဆိုပြီး ခပ်နောက်နောက်လေးလည်း ဖြေကြားသွားပါ သေးတယ်။

Exclusively by Myanmarload / Photo - San Yati Moe Myint

"Myanmarload's content is copyrighted and only allowed to appear on Myanmarload website. Please respect our copyrights"
Myanmarload မှရေးသားသောသတင်းများသည် Myanmarload၏ မူပိုင်သတင်းများဖြစ်ပြီး Myanmarload Website ထဲတွင်သာ ဖတ်ရှုနိုင်ပါသည်။ ကျွန်ုပ်တို့၏ မူပိုင်ခွင့်ကိုလေးစားသောအားဖြင့် တစ်ဆင့်ကူးယူဖော်ပြခြင်းမပြုရန် မေတ္တာရပ်ခံအပ်ပါသည်။