အောင်မြင်တဲ့ အနုပညာရှင်တွေဖြစ်တဲ့ ပရိတ်သတ်တွေရဲ့ အချစ်တော်တွေဖြစ်တဲ့ လင်းလင်းနဲ့ ချစ်သုဝေတို့ မိသားစုလေးဟာဆိုရင် အရမ်းကို အားကျဖို့ ကောင်းတဲ့ မိသားစုလေးဖြစ်ပါတယ်။ အနုပညာနယ်ပယ်မှာ အရည်အချင်းပြည့်တဲ့ သူတွေ ဖြစ်တာကြောင့် ပရိတ်သတ် အခိုင်အမာ ရရှိထားတဲ့သူတွေပဲ ဖြစ်ပါတယ်။
သာယာပျော်ရွှင်စရာကောင်းတဲ့ မိသားစုလေးကို ပိုင်ဆိုင်ထားတဲ့ လင်းလင်းနဲ့ ချစ်သုဝေတို့ဟာဆိုရင် အရမ်းကို ချစ်စရာကောင်းတဲ့ သမီးလေးတွေ ဖြစ်တဲ့ ခေတ်နဲ့ သစ်တို့ရဲ့ မိဘတွေပဲ ဖြစ်ပါတယ်။ အလုပ်တွေကြားက သမီးလေးတွေကိာ အချိန်ပေးပြီး မိသားစု ခရီးလေးတွေ သွားတတ်တဲ့ ချစ်သုဝေတို့ မိသားစုလေးကတော့ မြင်ရသူတိုင်း ကြည်နူးပျော်ရွှင်စရာ ခံစားချက်လေးကို ဖြစ်ပေါ်စေခဲ့ပါတယ်။
အိမ်ရှင်မတစ်ယောက်ဖြစ်တဲ့ မေမေ ချစ်သုဝေကတော့ သမီးလေးတွေကို အချိန်ပိုပေးရတဲ့ သူဖြစ်တဲ့ အတွက် ဒီတခါတော့ မေမေ အမောဖြေဖို့ အတွက် မေမေ ချစ်သုဝေအရမ်းကိုလေးစားရတဲ့ အဆိုတော် စည်သူလွင်ရဲ့ showပွဲကို သွားဖို့ ပူဆာခဲ့ပါတယ်။ လင်းလင်းကတော့ မိန်းမသဘောကျ လိုက်ပြရတော့မှာပေါ့နော်။ ဦးစည်ပွဲကို ကြည့်ရင်း ငယ်ဘဝလေးကို ပြန်တမ်းတချင်မိတယ်လို့ ပရိတ်သတ်တွေရဲ့ အချစ်တော် ချစ်သုဝေက ပြောခဲ့ပါတယ်နော်။
Source:Chit Thu Wai
"Myanmarload's content is copyrighted and only allowed to appear on Myanmarload website. Please respect our copyrights"
Myanmarload မှရေးသားသောသတင်းများသည် Myanmarload၏ မူပိုင်သတင်းများဖြစ်ပြီး Myanmarload Website ထဲတွင်သာ ဖတ်ရှုနိုင်ပါသည်။ ကျွန်ုပ်တို့၏ မူပိုင်ခွင့်ကိုလေးစားသောအားဖြင့် တစ်ဆင့်ကူးယူဖော်ပြခြင်းမပြုရန် မေတ္တာရပ်ခံအပ်ပါသည်။