သရုပ်ဆောင်ဟောင်းတစ်ဦးဖြစ်တဲ့ မင်းသမီးချော မျိုးစန္ဒီကျော်ကတော့ VCD ခေတ်ကတည်းက ပေါ်ပေါက်ခဲ့တဲ့ အနုပညာရှင်တစ်ဦးဖြစ်ပါတယ်။ ဗီဒီယိုဇာတ်ကားများစွာကို ရိုက်ကူးအောင်မြင်ခဲ့တဲ့ သူမက ဆွဲဆောင်မှုအားပြင်းတဲ့ ညို့မျက်ဝန်းတွေနဲ့ နာမည်ကျော်ခဲ့သူ ဖြစ်ပါတယ်။ လက်ရှိမှာတော့ သူမက အိမ်ထောင်ကျပြီး သမီးလေးတစ်ယောက် ပိုင်ဆိုင်ထားသလို အနုပညာအလုပ်တွေကလည်း အနားယူထားတာ တွေ့ရပါတယ်။

Single Mother တစ်ဦးဖြစ်တဲ့ သူမက သမီးလေးကိုသာ အစစ အရာရာ ဂရုတစိုက်နဲ့ အချိန်ပေးချစ်ခင်နေတာ ဖြစ်ပါတယ်။ သမီးလေးရဲ့ ကျောင်းသွား၊ ကျောင်းပြန်ကအစ ကျောင်းပွဲတွေအထိ အသေးစိတ်ကလိုက်လုပ်ပေးပြီး ချစ်နေတတ်တာကလည်း တကယ့်ကို ကြည်နူးစရာမိခင်မေတ္တာ အစစ်အမှန်ပါပဲနော်။ နိုဝင်ဘာလ ၉ ရက်နေ့မှာတော့ မျိုးရဲ့တစ်ဦးတည်းသောသမီးလေး Jewel က အသက် ( ၄ ) နှစ်တိတိ ပြည့်သွားခဲ့ပြီ ဖြစ်ပါတယ်။

ဒီနေ့မှာ ကျရောက်တဲ့ သမီးလေးရဲ့မွေးနေ့မှာ မေမေမျိုးစန္ဒီကျော်က " Happy Birthday ပါမေ့သမီးလေးရေ ။ သမီးလေးရဲ့(၄)နှစ်ပြည့်မွေးနေ့မှစပြီး စိတ်ချမ်းသာ ကိုယ်ကျန်းမာစွာနဲ့ ဘဝတစ်လျှောက်လုံး အေးချမ်းပျော်ရွှင်စွာဖြတ်သန်းနိုင်ပါစေ။ အသိဉာဏ်ပညာနဲ့ယှဉ်၍ အရာရာကို ရဲရဲဝင့်ဝင့်ပိုင်းခြားဆုံးဖြတ်နိုင်သော ကိုယ့်အားကိုယ်ကိုးပြီး ထက်မြတ်လိမ္မာသော ကျေးဇူးတရားကိုသိတတ်ပြီး လူအများကချစ်ခင်လေးစားရတဲ့ ပညာတတ်ကြီးဖြစ်ပါစေနော်။ '' ဆိုပြီး ဆုတောင်းစကားလေးနဲ့အတူ မွေးနေ့ပွဲက အမှတ်တရပုံလေးတွေကို တင်လိုက်ပါတယ်။ ကဲ ချစ်ပရိသတ်တွေအတွက် မျိုးစန္ဒီကျော်ရဲ့သမီးလေး အိမ်စည်မြင့်မိုရ်ရဲ့ မွေးနေ့ပွဲပုံရိပ်လေးတွေကို တင်ဆက်လိုက်ပါတယ်နော်။

Source:Myo Sandy Kyaw; 

"Myanmarload's content is copyrighted and only allowed to appear on Myanmarload website. Please respect our copyrights"
Myanmarload မှရေးသားသောသတင်းများသည် Myanmarload၏ မူပိုင်သတင်းများဖြစ်ပြီး Myanmarload Website ထဲတွင်သာ ဖတ်ရှုနိုင်ပါသည်။ ကျွန်ုပ်တို့၏ မူပိုင်ခွင့်ကိုလေးစားသောအားဖြင့် တစ်ဆင့်ကူးယူဖော်ပြခြင်းမပြုရန် မေတ္တာရပ်ခံအပ်ပါသည်။