မနေ့က ပရိသတ်တွေကြားမှာအတော်လေးရေပန်းစားသွားတဲ့သီချင်း MTV လေးကတော့ နေရွှေသွေးအောင် cover ပြန်ဆိုထားတဲ့ Enrique Iglesias ရဲ့ Tonight I’m loving you ဆိုတဲ့ သီချင်းလေးပဲဖြစ်ပါတယ်။ ဒီသီချင်း MTV လေးကိုတော့ နေရွှေသွေးအောင်နဲ့အတူ ထိုင်းမင်းသမီး korravee နဲ့ သင်ဇာဝင့်ကျော်တု့ိက ပါဝင်သရုပ်ဆောင်ထားတဲ့ အကြမ်းစားအမိုက်စား သီချင်း MTV တစ်ပုဒ်ပဲဖြစ်ပါတယ်။


ဒီသီချင်း MTV လေးကို ကြည့်ရှုသူ7သိန်းကျော်နေပြီဖြစ်ပြီး အားပေးသူတွေလည်းအများအပြားပါပဲ။ ဒီထဲမှာမှ နာမည်ကြီးဆယ်လီတွေဖြစ်တဲ့ ဝတ်မှုန်ရွှေရည်၊ နေခြည်ဦး၊ ရဲလေးနဲ့ ဘီလီလမင်းအေးတို့ကလည်း အပါအဝင်ဖြစ်ပါတယ်။ လေးယောက်သားရဲ့အားပေးစကားလေးတွေကို နေရွှေသွေး အောင်က သူ့ရဲ့ Facebook My Day မှာတင်ပြီး ကျေးဇူးတင်ကြောင်းပြောခဲ့တာပဲဖြစ်ပါတယ်။


ဝါသနာအရ သီချင်းဆိုပြီး MTV လေးရိုက်တတ်သူလည်းဖြစ်ပါတယ်။ အမြဲတမ်းအမိုက်စားအကြမ်းစား MTV တွေရိုက်တတ်ပြီး ပရိသတ်တွေရဲ့ စိတ်ဝင်စားမှုကိုမြှင့်တင်နိုင်ခဲ့သူလည်းဖြစ်ပါတယ်။ လက်ရှိအချိန်မှာတော့ ပရိသတ်တွေကြားအတော်လေးရေပန်းစားတဲ့ MTV တစ်ပုဒ်အဖြစ်နဲ့ ရပ်တည်နေတာပဲဖြစ်ပါတယ်။ မကြည့်ရသေးတဲ့ပရိသတ်တွေအတွက် ပြန်လည်တင်ဆက်ပေးလိုက်မယ်နော်။
Photo - Nay Shwe Thway Aung


"Myanmarload's content is copyrighted and only allowed to appear on Myanmarload website. Please respect our copyrights"
Myanmarload မှရေးသားသောသတင်းများသည် Myanmarload၏ မူပိုင်သတင်းများဖြစ်ပြီး Myanmarload Website ထဲတွင်သာ ဖတ်ရှုနိုင်ပါသည်။ ကျွန်ုပ်တို့၏ မူပိုင်ခွင့်ကိုလေးစားသောအားဖြင့် တစ်ဆင့်ကူးယူဖော်ပြခြင်းမပြုရန် မေတ္တာရပ်ခံအပ်ပါသည်။