မိန်းကလေး ပရိတ်သတ်တွေရဲ့ အချစ်တွေကို အခိုင်အမာရရှိထားတဲ့ မော်ဒယ်သရုပ်ဆောင် မင်းသားချောလေး ညိမ်းသော်ဟာဆိုရင် ရုပ်ရှင်ဇာတ်လမ်းတွေမှာ ပါဝင်သရုပ်ဆောင်ထားတဲ့ နှုတ်ခမ်းနီမလေးတွေ အသည်းစွဲ ကိုကို တစ်ဦးဖြစ်ပါတယ်။ ချစ်စရာအပြုံးလေးနဲ့ ပရိတ်သတ်တွေကို အမြဲဆွဲဆောင်တတ်တဲ့ မော်ဒယ်မင်းသားချောလေး ညိမ်းသော်ဟာဆိုရင် ဒါရိုက်တာ ထူးပိုင်ဇော်ဦး ရိုက်ကူးထားတဲ့ ည ရုပ်ရှင်ဇာတ်ကားကြီးမှာ ပါဝင်သရုပ်ဆောင်ထားပြီး ပရိတ်သတ်တွေရဲ့ အချစ်တွေကို အရယူသိမ်းပိုက်ထားနိုင်သူလေးပဲ ဖြစ်ပါတယ်။
                        
                    
                        
                    နှုတ်ခမ်းနီမလေးတွေကို ချစ်စရာ အပြုံးလေးတွေကို ချုပ်ထားတဲ့ ကိုကို ညိမ်းသော်ကတော့ စမတ်ကျတဲ့ သူပဲဖြစ်ပါတယ်။ သူချစ်မြတ်နိုးတဲ့ အနုပညာကို အကောင်းဆုံးကြိုးစားရင်း ပရိတ်သတ်တွေ အတွက် မတူညီတဲ့ အရာတွေကို ဖန်တီးပေးနေတဲ့ သူတစ်ယောက်ပဲ ဖြစ်ပါတယ်။ လတ်တလောမှာလည်း သီချင်း MTVလေးတွေကို ရိုက်ကူးပေးလျက်ရှိပြီး အမိုက်စားပုံစံ သရုပ်ဆောက်ချက်လေးတွေနဲ့ ညိမ်းသော်ပါဝင်သရုပ်ဆောင်ထားတဲ့ သီချင်း MTV အသစ်တွေကိုလည်း ကြည့်ရူခံစားရမှာ ဖြစ်ပါတယ်။
                        
                    ချစ်စရာကောင်းတဲ့ အပြုံးလေးကို ပိုင်ဆိုင်ထားတဲ့ လူငယ် မော်ဒယ်သရုပ်ဆောင်တစ်ဦးဖြစ်တဲ့ ညိမ်းသော်ကတော့ ကိုယ်ထက်ပိုပြီး အပြုံးချိုတဲ့သူလေးကို တွေ့ရှိခဲ့ပြီ ဖြစ်ပါတယ်။ အပြုံးလေးချိုပြီး ချစ်စရာကောင်းတဲ့ ကလေးလေးနဲ့ အတူတွဲရိုက်ထားတဲ့ ဓာတ်ပုံလေးတွေကို သူ့ရဲ့ လူမှုကွန်ရက်စာမျက်နှာထက်မှာတင်ထားတာ ဖြစ်ပါတယ်။ ညိမ်းသော်ကတော့ သူက ကလေးလေးတွေကိုချစ်တတ်တဲ့ သူတစ်ဦးပါဆိုတဲ့ စကားလေးနဲ့ နှုတ်ခမ်းနီမလေးတွေ ရင်ခုန်အောင်လုပ်လိုက်ပြန်ပါပြီ။ ချစ်ပရိတ်သတ်ကြီး အတွက်လည်း ညိမ်းသော်ရဲ့ ပုံလေးတွေကို မျှဝေပေးလိုက်ပါတယ်နော်။
                        
                    Source:Nyein Thaw
"Myanmarload's content is copyrighted and only allowed to appear on Myanmarload website. Please respect our copyrights"
    Myanmarload မှရေးသားသောသတင်းများသည် Myanmarload၏ မူပိုင်သတင်းများဖြစ်ပြီး Myanmarload Website ထဲတွင်သာ ဖတ်ရှုနိုင်ပါသည်။ ကျွန်ုပ်တို့၏ မူပိုင်ခွင့်ကိုလေးစားသောအားဖြင့် တစ်ဆင့်ကူးယူဖော်ပြခြင်းမပြုရန် မေတ္တာရပ်ခံအပ်ပါသည်။