ဒါရိုက်တာ ညွန့်မြန်မာညီညီအောင် ရိုက်ကူးနေတဲ့ ''ငါမုန်းတဲ့အက္ခရာ'' ရုပ်ရှင်ဇာတ်ကားကြီးမှာတော့ မင်းသမီး ရွှေမှုန်ရတီအစား မင်းသမီး ခင်ဝင့်ဝါနဲ့ အစားထိုးပြီး ပြောင်းလဲရိုက်ကူးတော့မှာ ဖြစ်ပါတယ်။ မကြာသေးခင်ကမှ ကန်တော့ပွဲပြုလုပ်ပြီး ရိုက်ကူးရေးစတင်နေတဲ့ ဒီဇာတ်ကားကြီးမှာတော့ သရုပ်ဆောင်တွေအနေနဲ့ အောင်ရဲလင်း ၊ တိုင်ရွန် ၊ စိုးမြတ်သူဇာ၊ ရွှေမှုန်ရတီ တို့က ပါဝင်ခဲ့ကြတာ ဖြစ်ပါတယ်။ ဒါပေမယ့် အခုချိန်မှာတော့ ခေါင်းဆောင်မင်းသမီး ရွှေမှုန်ရတီနေရာမှာ ခင်ဝင့်ဝါကို ပြောင်းလဲလိုက်တာကြောင့် အားလုံးကမေးခွန်းထုတ်စရာတွေ ဖြစ်လာခဲ့ရပါတယ်။

ဒီကိစ္စနဲ့ ပတ်သတ်ပြီး ဒါရိုက်တာ ညွန့်မြန်မာညီညီအောင်ကတော့ ဖြေရှင်းမှုမပြုလုပ်လိုဘူးလို့ သိရပါတယ်။ ပရိသတ်တွေ သိချင်နေတဲ့မေးခွန်းကိုတော့ ခင်ဝင့်ဝါက '' ဒီကိစ္စကတော့ ရုပ်ရှင်လောကသား အချင်းချင်း အကူအညီလိုအပ်ရင် ကူညီရသလိုပဲ ဆရာက ဖုန်းဆက်ပြီး အကူအညီတောင်းတာကြောင့် အခုလို ရိုက်ကူးဖြစ်သွားတာပါ။ '' ဆိုပြီး ဒီဇာတ်ကားနဲ့ ပတ်သက်တဲ့ အားလုံးရဲ့သိလိုသမျှမေးခွန်းတွေကို ပြည့်ပြည့်စုံစုံ ဖြေကြားပေးခဲ့တာ တွေ့ရပါတယ်။ အခုလို ပြောင်းလဲရိုက်ကူးမှုအပေါ် ခင်ဝင့်ဝါက အင်တာဗျူးမှာ ဖြေရှင်းပေးခဲ့သလို အဆိုတော် သရုပ်ဆောင် ယုန်လေးကလည်း အနုပညာရှင်တွေနဲ့ ပရိသတ်တွေကြားမှာ အားလုံးအမြင်ရှင်းစေဖို့ အကောင်းဘက်ကနေ ပါဝင်ဖြေရှင်းပေးခဲ့ပါသေးတယ်။

ယုန်လေးက '' အခုလိုဖြေရှင်းတာက အမှန်တရားကို အားလုံးသိစေချင်ရုံပါ။ ရွှေမှုန်အိုက်တင် အရမ်းကောင်းပါတယ်။ ဒါပေမယ့် ရုတ်တရက် မင်္ဂလာဆောင်မယ်ဆိုပြီး မရိုက်ဘဲထားသွားတော့ အစကနေ အကုန်ပြန်ရိုက်ရမှာရယ် ပါဝင်တဲ့သူတွေ အယောက် ၁၀၀ ကျော်ရဲ့ တစ်ရက်စရိတ်က မသေးတာကြောင့်ရယ်၊ ပြီးတော့ ရွှေမှုန်ကအရမ်း သရုပ်ဆောင်ကောင်းပါတယ်။ သူအဆဲခံရမှာ သိရက်နဲ့ ခင်ဝင့်ဝါက သက်သက်ကူညီတာပါ၊ အားလုံးကို Peace ပါ'' ဆိုပြီး ပြောပြထားတာ ဖြစ်ပါတယ်။ ချစ်ပရိသတ်တွေအတွက် ခင်ဝင့်ဝါကိုယ်တိုင် သေချာဖြေရှင်းထားတဲ့ဗီဒီယိုဖိုင်လေးကို အောက်မှာ တင်ဆက်ပေးလိုက်ပါတယ်နော်။

Source:Myanmarload TV;

"Myanmarload's content is copyrighted and only allowed to appear on Myanmarload website. Please respect our copyrights"
Myanmarload မှရေးသားသောသတင်းများသည် Myanmarload၏ မူပိုင်သတင်းများဖြစ်ပြီး Myanmarload Website ထဲတွင်သာ ဖတ်ရှုနိုင်ပါသည်။ ကျွန်ုပ်တို့၏ မူပိုင်ခွင့်ကိုလေးစားသောအားဖြင့် တစ်ဆင့်ကူးယူဖော်ပြခြင်းမပြုရန် မေတ္တာရပ်ခံအပ်ပါသည်။