ပရိတ်သတ်တွေရဲ့တစ်ခဲနက်ချစ်ခင်အားပေးပြီးချစ်နေရတာကတော့ပရိတ်သတ်အချစ်တော်ယွန်းဝတီလွင်မိုးပဲဖြစ်ပါတယ်။ချစ်စရာကောင်းတဲ့သားလေးကိုလည်းပိုင်ဆိုင်ထားပြီးဖေဖေမေမေ၊ဖိုးဖိုးဘွားဘွားတွေသာမကပရိတ်သတ်တွေကပါချစ်မဝဖြစ်နေကြတာပါ။သားလေးဟာပရိတ်သတ်တွေရှေ့လောက်လာတာသိပ်သတိမထားမိပေမယ့်သားလေးကတော့အရွယ်ရောက်လာပြီးတဖြည်းဖြည်းချစ်ဖို့ကောင်းလာတာဖြစ်ပါတယ်။


မေမေယွန်းဝတီလွင်မိုးကတော့မြန်မာပြည်ကိုသားလေးနဲ့အလည်ပြန်လာနေတာဖြစ်ပါတယ်။မြန်မာပြည်ပြန်ရောက်တုန်းလေးအရင်ကလုပ်ခဲ့တဲ့ကြော်ငြာပုံလေးတွေလည်းရိုက်ကူးနေပြီးပစ္စည်းသစ်မိတ်ဆက်ပွဲလေးမှာလည်းတက်ရောက်ဖြစ်နေတာဖြစ်ပါတယ်။မေမေယွန်းဝတီလွင်မိုးကတော့သားလေးရဲ့ပုံလေးတွေVIDEOလေးတွေတင်လေ့ရှိပြီးပရိတ်သတ်တွေကကြည့်ပြီးချစ်နေကြတာပါ။


သားလေးရဲ့ပုံလေးတွေvideoလေးအမြဲပရိတ်သတ်တွေအတွင်တင်ပေးလေ့ရှိတဲ့မေမေကတော့ခုမှာလည်းသားလေးLiamလေးရဲ့ပုံလေးတွေကိုတင်ပေးထားတာပါ။အသက်၃လပြည့်ပြီဖြစ်တဲ့Liamလေးကတော့အသက်၃လသာရှိသေးပေမယ့်စကားလေးတွေတက်ပြီးချစ်ဖို့ကောင်းနေတာဖြစ်ပါတယ်။နှစ်ဖက်ဖိုးဖိုးဘွားဘွားတွေကချစ်မဝဖြစ်နေတဲ့သားလေးရဲ့ချစ်စရာပုံရိပ်videoလေးတွေကိုလည်းပရိတ်သတ်တွေအတွက်မျှဝေပေးလိုက်ကပါတယ်။


SOURCE:Yun Waddy
"Myanmarload's content is copyrighted and only allowed to appear on Myanmarload website. Please respect our copyrights"
Myanmarload မှရေးသားသောသတင်းများသည် Myanmarload၏ မူပိုင်သတင်းများဖြစ်ပြီး Myanmarload Website ထဲတွင်သာ ဖတ်ရှုနိုင်ပါသည်။ ကျွန်ုပ်တို့၏ မူပိုင်ခွင့်ကိုလေးစားသောအားဖြင့် တစ်ဆင့်ကူးယူဖော်ပြခြင်းမပြုရန် မေတ္တာရပ်ခံအပ်ပါသည်။