အနုပညာရှင်စုံတွဲတွေထဲမှာ ပရိသတ်အားကျရတဲ့စုံတွဲလေးကတော့ မင်းသားချော ကောင်းပြည့်နဲ့ မင်းသမီးချော သန္တာဗိုလ်တို့ချစ်သူစုံတွဲလေးပဲ ဖြစ်ပါတယ်။ နှစ်ယောက်စလုံးက အနုပညာရှင်တွေဖြစ်ကြတာကြောင့် တစ်ယောက်အပေါ်တစ်ယောက် နားလည်မှုပိုရှိပြီး အချိန်အတော်ကြာအောင် လက်တွဲနိုင်ကြတာလည်း ဖြစ်ပါတယ်။ အခုလို လူတိုင်းက အားကျချစ်ခင်ရတဲ့ သူတို့စုံတွဲလေးက အရမ်းချစ်ကြတဲ့ သံယောဇဉ်တွေကြောင့် သစ္စာမပျက် ခိုင်မြဲနေကြတာပဲ ဖြစ်ပါတယ်။
၂၀၁၂ ခုနှစ်ထဲက ချစ်သူတွေဖြစ်ခဲ့တဲ့ သူတို့စုံတွဲလေးက အခုဆိုရင်တော့ သူတို့နှစ်ဦးရဲ့ ချစ်သူသက်တမ်းက ၆ နှစ်ကျော် ၇နှစ်နီးပါးရှိခဲ့ပြီပဲ ဖြစ်ပါတယ်။ နားလည်မှုအပြည့်၊ ယုံကြည့်မှုအပြည့်နဲ့ ရှေ့ဆက်နေတဲ့ သူတို့စုံတွဲလေးက ပရိသတ်တွေရဲ့ Idol Couple လေးပဲ ဖြစ်ပါတယ်။ အခုလည်း သန္တာဗိုလ်က ချစ်သူကောင်းပြည့်ရဲ့ မွေးနေ့နဲ့ ချစ်သူသက်တမ်းနှစ်ပတ်လည်နေ့မှာ အမှတ်တရ Suprise ပွဲလေးတစ်ခု ပြုလုပ်ပေးခဲ့ပါတယ်။
အခုလည်း သန္တာဗိုလ်က သူမတို့ချစ်သူနှစ်ဦးရဲ့ အမှတ်တရနေ့လေးက ပုံရိပ်လေးတွေကို "Happy Belated Birthday Ko 26.9.2018 " ဆိုပြီး တင်ထားတာပဲ ဖြစ်ပါတယ်။ အချိန်တိုင်းမှာ ကြည်နူးစရာလေးတွေ ပြည့်နေတဲ့ သူတို့စုံတွဲလေးရဲ့ပုံလေးတွေက တကယ့်ကိုပျော်ရွှင်မှုလေးတွေနဲ့ ရင်ခုန်ချင်စရာကောင်းနေတာ တွေ့ရပါတယ်။ ကဲ ချစ်ပရိသတ်တွေအတွက် ကောင်းပြည့်နဲ့ သန္တာဗိုလ်တို့ ချစ်သူနှစ်ဦးရဲ့ ကြည်နူးဖွယ်ရာ ပုံရိပ်လေးတွေကို တင်ဆက်ပေးလိုက်ပါတယ်နော်။
Source:Thandar Bo;
"Myanmarload's content is copyrighted and only allowed to appear on Myanmarload website. Please respect our copyrights"
Myanmarload မှရေးသားသောသတင်းများသည် Myanmarload၏ မူပိုင်သတင်းများဖြစ်ပြီး Myanmarload Website ထဲတွင်သာ ဖတ်ရှုနိုင်ပါသည်။ ကျွန်ုပ်တို့၏ မူပိုင်ခွင့်ကိုလေးစားသောအားဖြင့် တစ်ဆင့်ကူးယူဖော်ပြခြင်းမပြုရန် မေတ္တာရပ်ခံအပ်ပါသည်။