ပရိတ်သတ်ကြီးရေ ကျိန်စာပြယ် ဒဏ္ဍာရီနဲ့တင် ပရိတ်သတ်တွေရဲ့ အချစ်တွေကိုတပွေ့တပိုက်ကြီးရရှိခဲ့တဲ့ သရုပ်ဆောင်သော်သော်စစ်ဟာ ယခုတတိယမြောက်ဆုံမှတ် ဆိုတဲ့ဇာတ်လမ်းတွဲလေးနဲ့ ပရိတ်တွေကိုထပ်မံဖမ်းစားအုန်းမှာပါနော်။သူဟာ တက်သစ်စသရုပ်ဆောင်တွေထဲမှာ ပါရမီရှိတဲ့ တက်သစ်စတစ်ယောက်ဆိုလည်းမမှားပါဘူး။


အခု တတိယမြောက်ဆုံမှတ်ဆိုတဲ့ ဇာတ်လမ်းတွဲထဲမှာဆိုရင် ကျိန်စာပြယ်ဒဏ္ဍာရီထဲက သော်သော်စစ်ကို စွမ်းရည်ဆိုတဲ့ကောင်လေးအဖြစ် မတူညီတဲ့ character အနေနဲ့တွေ့မြင်ရမှာဖြစ်ပါတယ်။လူချစ်လူခင်ပေါပြီးသရုပ်ဆောင်ကောင်းတဲ့သော်သော်စစ်ကို အားပေးကြတဲ့ပရိတ်သတ်တွေကလည်းမနည်းမနောရှိနေပြီးသားပါ။

အဲ့လို သူ့ကိုအားပေးချစ်ခင်ကြတဲ့ပရိတ်သတ်တွေအတွက်လည်း သော်သော်စစ်က သူshootingမှာ ရိုက်ထားတဲ့ပုံအချို့ကို ချစ်ပရိတ်သတ်တွေအတွက်တင်ထားပေးခဲ့ပြန်ပါတယ်။ ပြီးတော့သူ့postအောက်မှာ commentလာရေးတဲ့ပရိတ်သတ်တွေကိုလည်းတစ်ယောက်ဆီreplyပြန်ပေးထားပါသေးတယ်။ ဇာတ်လမ်းတွဲအသစ် ဇာတ်ကောင်အသစ်နဲ့မြင်ရတော့မှာဖြစ်တဲ့ သော်သော်စစ်ရဲ့ shootingကဓာတ်ပုံတွေကို ချစ်ပရိတ်သတ်ကြီးအတွက်ပြန်လည်မျှဝေပေးလိုက်ပါတယ်နော်။


Source : Shin Mwe La
"Myanmarload's content is copyrighted and only allowed to appear on Myanmarload website. Please respect our copyrights"
Myanmarload မှရေးသားသောသတင်းများသည် Myanmarload၏ မူပိုင်သတင်းများဖြစ်ပြီး Myanmarload Website ထဲတွင်သာ ဖတ်ရှုနိုင်ပါသည်။ ကျွန်ုပ်တို့၏ မူပိုင်ခွင့်ကိုလေးစားသောအားဖြင့် တစ်ဆင့်ကူးယူဖော်ပြခြင်းမပြုရန် မေတ္တာရပ်ခံအပ်ပါသည်။