ဖိုက်စတား လူရွှင်တော်အဖွဲ့ကတော့ နာမည်ကြားလိုက်တာနဲ့တင် ပရိသတ်တွေချီးကျူးဂုဏ်ပြုကြတဲ့ လူရွှင်တော်အဖွဲ့လေးတစ်ဖွဲ့ဖြစ်မယ်လို့ထင်ပါတယ်။

သူတို့အဖွဲ့လေးဟာ ပရိသတ်တွေကို ဟာဒယရွှင်ဆေးလေးတွေတိုက်ကျွေးပြီး ဘဝအမောတွေပြေပြောက်စေဖို့ သူတို့တတ်စွမ်းတဲ့ပညာလေးတွေနဲ့ အကျိုးဆောင်ပေးတဲ့အဖွဲ့လေးပဲဖြစ်ပါတယ်။

သူတို့အဖွဲ့လေးကတော့ တစ်ဦးနဲ့တစ်ဦး မတူညီတဲ့ဟာသစွမ်းရည်တွေပိုင်ဆိုင်ထားတဲ့အဖွဲ့လေးတစ်ဖွဲ့ဖြစ်သလို သူတို့ရဲ့ပြကွက်တိုင်းဟာ အမြဲဆန်းသစ်နေတဲ့အဖွဲ့လေးတစ်ဖွဲ့ပဲဖြစ်ပါတယ်။  

ဒီအဖွဲ့လေးထဲကမှ ကြာစိလို့အမည်ရတဲ့ လူရွှင်တော်လေးတစ်ဦးဟာဆိုရင်လည်း ပရိသတ်တွေအရမ်းကိုအကြိုက်တွေရတဲ့ လူရွှင်တော်လေးတစ်ဦးပဲဖြစ်ပါတယ်။

ကြာစိဟာ အခြောက်ပုံစံလေးတွေပြုလုပ်ပြီးဖျော်ဖျေတိုင်း ပရိသတ်တွေကိုဟားခနဲ ဟားခနဲရယ်မောရအောင် ပြုလုပ်ပေးနိုင်သူတစ်ဦးပါပဲ။

လတ်တလောမှာဆိုရင်လည်း ပရိသတ်တွေကိုရယ်မောအောင်ပြုလုပ်ပေးဖို့ ပြင်ဆင်နေတဲ့ ကြာစိရဲ့ဗီဒီယိုလေးတစ်ခုဟာ လူအများရဲ့နှလုံးသားထဲမှာနေရာယူသွားနိုင်ခဲ့ပါတယ်။

ကိုယ်တတ်ကျွမ်းတဲ့အနုပညာနဲ့ သမာအာဇီဝကျကျ ကျိုးစားပြီးစီးပွားရှာနေတဲ့ကြာစီအတွက်ကတော့ အခုလိုပုံစံမျိုးလေးတွေအမြဲလိုလိုပြုလုပ်ပြီး ဖျော်ဖျေပေးနေတာကမဆန်းတော့ပေမယ့် သူဘယ်လိုတွေပြင်ဆင်နေရလဲဆိုတာ ပရိသတ်တွေမျက်မြင်ကိုယ်တွေ့မြင်တွေ့ရတဲ့အခါမှာတော့ သူ့အပေါ်ကိုအချစ်တွေပိုတိုးလာခဲ့ကြပါတယ်။

ပရိသတ်တွေအတွက်လည်း လူအများကိုပျော်ရွှင်အောင်ပြုလုပ်ပေးဖို့ နောက်ကွယ်ကပြင်ဆင်နေတဲ့ ကြာစိရဲ့ live ဗီဒီယိုလေးကို ဝေမျှပေးလိုက်ရပါတယ်။ 

source - Kyar Si

"Myanmarload's content is copyrighted and only allowed to appear on Myanmarload website. Please respect our copyrights"
Myanmarload မှရေးသားသောသတင်းများသည် Myanmarload၏ မူပိုင်သတင်းများဖြစ်ပြီး Myanmarload Website ထဲတွင်သာ ဖတ်ရှုနိုင်ပါသည်။ ကျွန်ုပ်တို့၏ မူပိုင်ခွင့်ကိုလေးစားသောအားဖြင့် တစ်ဆင့်ကူးယူဖော်ပြခြင်းမပြုရန် မေတ္တာရပ်ခံအပ်ပါသည်။