ကမ္ဘာ့အကြီးဆုံးပန်းပွင့်လို့ ရေးရတာက ကမ္ဘာ့အကြီးဆုံးပန်းခိုင် ရှိသေးလို့ပါ ။ကမ္ဘာ့အကြီးဆုံးပန်းရဲ့ သိပ္ပံအမည်က ( Rafflesia ) ရီဖလက်ဆီယာ ဖြစ်ပါတယ်။ သူဟာ အပွင့်ဆောင်သော ကပ်ပါးပင်တစ်မျိုးဘဲဖြစ်ပါတယ် ။ ဒီပန်ကို အရှေ့တောင်အာရှနိုင်ငံ တွေဖြစ်တဲ့ မလေးရှား ၊ အင်ဒိုနီးရှား ၊ ထိုင်း ၊ ဖိလစ်ပိုင်နိုင်ငံတွေမှာ တွေ့ရပါတယ် ။ ဒါပေမယ့် မြန်မာနိုင်ငံ မှာတော့ မပေါက်ပါဘူး ။ 

( Rafflesia ) ပန်းကို ပထမဆုံးတွေ့ခဲ့သူက ( Louis Deschamps ) ဖြစ်ပြီး ( 1791 ) မှာ ဂျာဗားကျွန်းမှာ တွေ့ခဲ့တာပါ ။ သို့သော်လည်း အပင်အကြောင်းရေးထားသော မှတ်စုတွေ ပုံတွေကို ( 1803 ) မှာ ဗြိတိသျှအာဏာပိုင်တွေရဲ့ သိမ်းဆည်းခြင်းခံခဲ့ရပါတယ် ။ ထူးခြားချက်ကတော့ ( Rafflesia ) ဆိုတဲ့ အပင်ဟာ လက်နဲ့ကိုင်ပြလို့မရနိုင်ပါဘူး ။ ပန်းပွင့်သော အပင်တိုင်းမှာရှိတဲ့ အရွက် ၊ အကိုင်း ၊ ပင်စည် ၊ အမြစ် ဆိုတာတွေ ဒီအပင်မှာမပါပါဘူး ။ 

သူဟာ ပန်းပွင့်ချိန်မှာ ထွက်လာတဲ့ ပန်းပွင့်ရဲ့အရွယ်က ( ၃၉ ) လက်မ / ( ၃ ) ပေ ကျော်ကျော်ရှိပြီး အလေးချိန်ကတော့ ( ၂၂ ) ပေါင်ခန့်အထိရှိပါတယ်တဲ့ ။ ပန်းပွင့်ချိန်မှာ ထွက်လာသော အသားပုတ်အနံ့ကြောင့် "meat flower" လို့လည်းခေါ်ကြပြန်တယ်၊ ဆိုးဝါးလှသော ဒီအနံ့ကို လိပ်ပြာ တွေ ပျားတွေက မနှစ်သက်ပါဘူး၊ ဒါပေမယ့် ယင်ကောင်တွေ အတွက်တော့ မွှေးပျံ့ နေပုံရတယ်၊ လှပသော်လည်း နံစော် နေသောပန်းကြီးမှာ ယင်မဲကြီးတွေ ဝိုင်အုံနေတယ်၊ ယင်ကောင်တွေကိုယ်မှာကပ်နေသော ဝတ်မှုံတွေကြောင့် ဝတ်မှုံကူးပေးသလိုဖြစ်ရတယ်၊ Rafflesia အပင်တွေက အဖို အမပွင့် သီးခြားရှိကြတယ်၊ 

( Rafflesia ) ပန်းပင်တွေဟာ အင်ဒိုနီးရှားနိုင်ငံ၏ ( official state flower ) ဖြစ်ပါတယ် ။ အင်ဒိုနီးရှားမှာ ( puspa langka ) လို့ခေါ်ပြီး အလွန်ရှားသောပန်း ( rare flower ) လို့ အဓိပ္ပါယ်ရပါတယ် ။ထို့ပြင် ဒီပန်းကို ( padma paksasa ) လို့လည်းခေါ်ပြီး အဓိပ္ပါယ်က အလွန်ကြီးသောပန်း ( giant flower ) ဖြစ်ပါတယ် ။ သူ့ကို မလေးရှားနိုငံ၏ ( Sabah state ) မှာလည်း တွေ့နိုင်တယ် ၊ ထိုင်းနိုင်ငံ၏ ( Khao Sok National Park ) မှာလည်း ဒီအပင်ကို လေ့လာနိုင်ပါတယ် ။

Source. : www.loc.gov

"Myanmarload's content is copyrighted and only allowed to appear on Myanmarload website. Please respect our copyrights"
Myanmarload မှရေးသားသောသတင်းများသည် Myanmarload၏ မူပိုင်သတင်းများဖြစ်ပြီး Myanmarload Website ထဲတွင်သာ ဖတ်ရှုနိုင်ပါသည်။ ကျွန်ုပ်တို့၏ မူပိုင်ခွင့်ကိုလေးစားသောအားဖြင့် တစ်ဆင့်ကူးယူဖော်ပြခြင်းမပြုရန် မေတ္တာရပ်ခံအပ်ပါသည်။