ပရိတ်သတ်ကြီးရေ ကမ္ဘာပေါ်မှာ လူတွေမသိနိုင်တဲ့ လှို့ဝှက်နက်နဲတဲ့အရာတွေအများကြီးရှိတယ်ဗျ။ အဲ့လိုပဲသရဲတစ္ဆေ ဆိုတာ အပြင်မှာရှိကောင်းရှိနိုင်တဲ့အရာတွေပဲဗျ။ မယုံရင်လည်း ပုံပြင်မှတ်ဆိုပေမယ့် အခုဟာက ပုံပြင်မဟုတ်တဲ့ အရာတစ်ခုမို့ ဖတ်ကြည့်စေချင်ပါတယ်။.ဒီတစ်ခုကတော့ သရဲမြို့တော်လို့ပြောလည်းမမှားတဲ့ အပြင်မှာတကယ်ရှိတဲ့မြို့။ ပြီးတော့လူမနေတဲ့မြို့အကြောင်းပါ။
အဲ့ဒီမြို့ကတော့ အိန္ဒိယနိုင်ငံက ဂျပူးရ်နဲ့ အယ်ဝါ ကြားမှာရှိတဲ့မြို့ပါ။ မြို့နာမည်ကတော့ ဘန်ဂတ် ( Bhangarh) ပါ။ ဒီမြို့ဟာခံတပ်မြို့တစ်မြို့ဖြစ်ပြီး ပါးစပ်ရာဇဝင်တွေအရကတော့ အရင်က ဘန်ဂတ်နန်းတော်ထဲက လူတွေသေပြီးတော့ မကျွတ်မလွတ်ပဲခြောက်လှန့်နေတယ်လို့ဆိုကြပါတယ်။ ခြောက်လှန့်ရုံဆိုရင် တော်သေးတာပေါ့လို့မထင်လိုက်နဲ့ လူကိုမသေမချင်းခြောက်လှန့်ကြတာပါ။ ယုံတာမယုံတာအပထား မြို့ပျက်ပြီး ( ၁၇၈၃ )မှာ ဒေသခံတွေအကုန်မြို့ပါပြောင်းပြီးပြေးခဲ့ပါတယ်။
ဒဏ္ဍာရီတွေအရကတော့ သူတော်စင်ကြီးက ကျိန်စာတိုက်ခဲ့တာလို့ဆိုခဲ့သလို အောက်လမ်းမှော်ဆရာကြီးက ဘန်ဂတ်မင်းသမီးကို မရခဲ့လို့ ကျိန်စာတိုက်ပြီး ဝိဉာဉ်တွေကိုပိတ်လှောင်ထားခဲ့တာလို့ဆိုပါတယ်။ ဒီလိုအဖြစ်ဆိုးမျိုးတွေကို လူတွေမနေတော့လို့ပြီးသွားပြီမထင်ပါနဲ့။ အခုထိလည်း ခြောက်လှန့်သတ်ဖြတ်နေကြတုန်းပါ။ ဒါကြောင့်ရှေးဟောင်းသုတေသန ကွင်းဆင်းလေ့လာရေးအဖွဲ့က “ ဒီနေရာမှာ ညအိပ်ညနေတည်းခိုမှုအားတင်းကျပ်စွာတားမြစ်ထားပါတယ်” ဆိုတဲ့ ဆိုင်းဘုတ်ကို မြို့အဝင်ဝမှာပါစိုက်ထူခဲ့ရသည်အထိဆိုးပါတယ်။ မယုံလို့စမ်းပြီး ညသွားအိပ်တဲ့သူတွေရှိပေမယ့် ဘယ်သူမှ ပြန်မထွက်လာနိုင်ကြပါဘူး။ဒါပေမယ့်ဒီနေရာကိုလာရောက်လည်ပတ်ကြတဲ့သူတွေက တနှစ်ကို သန်းနဲ့ချီရှိသတဲ့ဗျာ။
Source : en.wikipedia.org
"Myanmarload's content is copyrighted and only allowed to appear on Myanmarload website. Please respect our copyrights"
Myanmarload မှရေးသားသောသတင်းများသည် Myanmarload၏ မူပိုင်သတင်းများဖြစ်ပြီး Myanmarload Website ထဲတွင်သာ ဖတ်ရှုနိုင်ပါသည်။ ကျွန်ုပ်တို့၏ မူပိုင်ခွင့်ကိုလေးစားသောအားဖြင့် တစ်ဆင့်ကူးယူဖော်ပြခြင်းမပြုရန် မေတ္တာရပ်ခံအပ်ပါသည်။