မင်းသမီးချောလေး ယွန်းဝတီလွင်မိုးကတော့ ၂၀၁၇ ခုနှစ် ၊ ဇန်ဝါရီလ ၄ ရက်နေ့မှာ ချစ်သူနဲ့အတူ လူသိရှင်ကြား လက်ထပ်ထိမ်းမြား မင်္ဂလာပွဲပြုလုပ်ခဲ့တာ ဖြစ်ပါတယ်။ ယွန်းကို အစပိုင်းမှာ ပရိသတ်တွေက နှမြောတသဖြစ်ကာ ဝေဖန်ခဲ့ကြပေမယ့် အခုဆိုရင်တော့ သူမရဲ့ သာယာတဲ့မိသားစုဘဝလေးအတွက် အားလုံး၀၀မ်းသာ ပီတဖြစ်နေရတာ ဖြစ်ပါတယ်။ ချစ်စရာကောင်းတဲ့ ယွန်းက သားလေးတစ်ဦးတောင် ပိုင်ဆိုင်နေပြီ ဖြစ်ပါတယ်။

လတ်တလောမှာတော့ ယွန်းက သားလေးကိုစောင့်ရှောက်ရင်း အနုပညာအလုပ်တွေလည်း လုပ်ကိုင်နေတာ တွေ့ရပါတယ်။ ယွန်းက လက်ရှိမှာ မြန်မာနိုင်ငံမှာ နေထိုင်နေတာဖြစ်ပြီး ခင်ပွန်းဖြစ်သူကတော့ သြစတေးလျမှာ အခြေချနေထိုင်နေတာ ဖြစ်ပါတယ်။ အခုလည်း ယွန်းက သူမချစ်ရတဲ့ ခင်ပွန်းနဲ့အတူ မင်္ဂလာဆောင်စဉ်က အမှတ်တရပုံလေးတွေကြည့်ရင်း ပြန်လည် ကြည်နူးကာ အမှတ်ရနေတာ တွေ့ရပါတယ်။

ယွန်းက သူမရဲ့မင်္ဂလာပွဲအမှတ်တရပုံလေးတွေနဲ့အတူ "believe it or not , This is first time I'm looking at my own wedding photos 10 months later " ဆိုပြီး တင်ထားတာ ဖြစ်ရပါတယ်။ တစ်ချိန်က ရင်ခုန်ပျော်ရွှင်ဖွယ် အမှတ်တရပုံလေးတွေကို သူမအနေနဲ့ ၁၀လ အကြာမှာ ပြန်လည်ကြည့်ရှုရင်း ကြည်နူးပီတိဖြစ်နေတာပဲ ဖြစ်ပါတယ်။ ကဲ ချစ်ပရိသတ်တွေအတွက် ယွန်းဝတီလွင်မိုးရဲ့ မင်္ဂလာပွဲက ပုံရိပ်လေးတွေကို ပြန်လည်တင်ဆက်ပေးလိုက်ပါတယ်နော်။

Source: yun waddy lwin moe;

"Myanmarload's content is copyrighted and only allowed to appear on Myanmarload website. Please respect our copyrights"
Myanmarload မှရေးသားသောသတင်းများသည် Myanmarload၏ မူပိုင်သတင်းများဖြစ်ပြီး Myanmarload Website ထဲတွင်သာ ဖတ်ရှုနိုင်ပါသည်။ ကျွန်ုပ်တို့၏ မူပိုင်ခွင့်ကိုလေးစားသောအားဖြင့် တစ်ဆင့်ကူးယူဖော်ပြခြင်းမပြုရန် မေတ္တာရပ်ခံအပ်ပါသည်။