အခုရက်ပိုင်းကတော့ ရွှေဖရုံသီးတွေကို မျက်နှာထွင်းထားတဲ့ အရုပ်တွေ၊ ကြောက်စရာ အဝတ်အစားတွေ၊ ထူးထူးဆန်းဆန်း ဝတ်စုံမျိုးစုံတွေနဲ့ ပွဲတက်တာတွေ မြင်ရမယ့် ကာလပါ။ ဘာလို့ဆို ဟောလိုးဝင်းနီးပြီလေနော်။ ဟောလိုးဝင်း(သရဲကြီးများနေ့ဆိုတာ) ဆိုတာ အစက ကိုယ်တွေ အရှေ့တိုင်းယဉ်ကျေးမှုမှာ မရှိခဲ့ပေမယ့် ဂလိုဘယ်ခေတ် ရောက်လာတဲ့အခါမှာ အနောက်တိုင်းကနေ ယဉ်ကျေးမှုတွေ ကူးစက်လာတာပါ။ဆိုတော့ ဟောလိုးဝင်းဆိုတာ ဘယ်လိုပေါ်ပေါက်လာတာလဲ၊ ဘယ်လိုကျင်းပကြတာလဲ၊ ဒီမှာ ခုမှ ပိုခေတ်စားလာတဲ့ ပွဲတော်လေးအကြောင်း သိစေဖို့ အခုလို ဖော်ပြလိုက်ရပါတယ်။

ဟောလိုးဝင်းကို နှစ်စဉ် အောက်တိုဘာလ (၃၁) ရက်နေ့မှာ ကျင်းပကြပါတယ်။ ဒါကြောင့် ဒီနှစ်က မနက်ဖြန် ဗုဒ္ဓဟူးနေ့မှာ ကျရောက်ပါမယ်။ ခရစ်ယာန်သူတော်စင်တို့အတွက် ကျင်းပတဲ့ All Saints’ Day မတိုင်ခင် တစ်ရက်မှာ ကျင်းပတာဖြစ်ပါတယ်။ ဟောလိုးဝင်းနေ့မှာ ပြုလုပ်တတ်ကြတဲ့ activity တွေမှာ ကလေးတွေ တစ်အိမ်ဝင် တစ်အိမ်ထွက် သကြားလုံးပေးမလား၊ ဒဏ်ခတ်ရမလားဆိုတဲ့ (Trick or Treating)တွေ၊ ဝတ်စုံဆန်းဆန်းပြားပြားတွေ ဝတ်ပြီး ပွဲတက်တာတွေ ပါဝင်ပါတယ်။သရဲကြီးများနေ့ဆိုတဲ့ မူလအစပထမဟာ အမေရိကန်မဟုတ်ပဲ အိုင်ယာလန်နိုင်ငံက ဖြစ်တယ်လို့ ဆိုပါတယ်။

ဟောလိုးဝင်း (Halloween) ဆိုတဲ့ အခေါ်အဝေါ်ကတော့ “hallowed evening” သို့ “holy evening” (မြင့်မြတ်သော ညနေခင်း) ဆိုတဲ့ စကားလုံးမှ ပေါ်ပေါက်လာတာဖြစ်ပါတယ်။ ဆဲတစ်လူမျိုးတွေရဲ့ ဆမ်ဟိန်ကောက်ရိတ်သိမ်းပွဲကနေ ပေါ်ပေါက်လာတဲ့ ရိုးရာဓလေ့တစ်ခုဖြစ်ပြီး အချို့လူတွေကလည်း ဒါကို ခရစ်ယာန်ပွဲတော်သက်သက်အဖြစ်သာ မှတ်ယူကြပါတယ်။ ဆမ်ဟိန်ဆိုတာက ကောက်ရိတ်သိမ်းရာသီအဆုံးအတွက် ကျင်းပတဲ့ ပွဲဖြစ်ပြီး ‘နွေရဲ့ အဆုံးသတ်’ လို့ အဓိပ္ပာယ်ရပါတယ်။ထိုခေတ်တုန်းက အဲ့လိုနွေအကုန်ရာသီအကူးဟာ လူ့လောကနဲ့ ဝိဉာည်လောကတို့ကြား အလွှာဟာ ပါးလွှာပြီး ကောက်ပဲသီးနှံတွေကို သရဲတွေ လာဖျက်ဆီးနိုင်တယ်ဆိုတဲ့ အယူရှိခဲ့ကြပါတယ်။ ဒါကြောင့် နာနာဘာဝတွေကို နှစ်သိမ့်ဖို့ ပွဲတော်တွေ ခင်းကျင်းခဲ့ကြတာပါ။

Source - The Sun

"Myanmarload's content is copyrighted and only allowed to appear on Myanmarload website. Please respect our copyrights"
Myanmarload မှရေးသားသောသတင်းများသည် Myanmarload၏ မူပိုင်သတင်းများဖြစ်ပြီး Myanmarload Website ထဲတွင်သာ ဖတ်ရှုနိုင်ပါသည်။ ကျွန်ုပ်တို့၏ မူပိုင်ခွင့်ကိုလေးစားသောအားဖြင့် တစ်ဆင့်ကူးယူဖော်ပြခြင်းမပြုရန် မေတ္တာရပ်ခံအပ်ပါသည်။