အဆိုတော် R ဇာနည် နဲ့ သရုပ်ဆောင် ဝမ်း တို့ဇနီးမောင်နှံလေးကတော့ အချစ်စစ်ကို အရင်းပြုပြီး လက်တွဲလာခဲ့တာဟာ အခုဆိုရင်တော့ မင်္ဂလာသက်တမ်း ၁၅ နှစ်တိတိ ပြည့်ခဲ့ပြီဖြစ်ပါတယ်။ အများက အားကျချင်စရာကောင်းတဲ့ သူတို့စုံတွဲလေးက ချစ်စရာကောင်းတဲ့ ချစ်ချစ်တုန်နဲ့ ဖစ်ဖစ်တုန်ဆိုတဲ့ သားလေးနှစ်ယောက်ကိုလည်း ပိုင်ဆိုင်ထားတဲ့ ပျော်ရွှင်စရာ မိသားစုလေးပဲ ဖြစ်ပါတယ်။ နှစ်အတော်ကြာ အိမ်ထောင်သက်တမ်း ခိုင်မြဲနေကြတဲ့ သူတို့စုံတွဲလေးရဲ့ မင်္ဂလာနှစ်ပတ်လည်နေ့လေးမှာတော့ အမှတ်တရပွဲလေးတစ်ခု ပြုလုပ်ကျင်းပခဲ့ပါတယ်။

အောက်တိုဘာလ ၂၇ ရက်နေ့မှာတော့ သူတို့မိသားစုလေးက ဘုန်းကြီးကျောင်းမှာ လူစုံတက်စုံနဲ့ ဆွမ်းကပ်အလှူပြုလုပ်ခဲ့ကြပါတယ်။ ဒါ့အပြင် သူတို့စုံတွဲလေးက မင်္ဂလာသက်တမ်း ၁၅ နှစ်ပြည့် အထိမ်းအမှတ် ညစာစားပွဲကိုလည်း အောက်တိုဘာလ ၂၉ ရက်နေ့က Lotte Hotel မှာ ကျင်းပပြုလုပ်ခဲ့ပါတယ်။ ကြီးကျယ်ခမ်းနားစွာ ပြုလုပ်ခဲ့တဲ့ ဒီပွဲလေးမှာတော့ သူတို့မိသားစုလေးက မြင်သူတိုင်းငေးမော မှင်သက်ဖွယ်ကောင်းလောက်အောင် ကြည်နူးပျော်ရွှင်စွာ ကျင်းပခဲ့တာပဲ ဖြစ်ပါတယ်။

ညစာစားပွဲလေးကို ပြည်သူချစ်အနုပညာရှင်များ၊ ဂီတပညာရှင်အများစုနဲ့ မိတ်ဆွေသူငယ်ချင်းများ စုံလင်စွာ တက်ရောက်ချီးမြှင့်ပေးခဲ့ကြတာ ဖြစ်ပါတယ်။ ဖျော်ဖြေမှု အစီအစဉ်များစွာနဲ့ ပြုလုပ်ကျင်းပခဲ့တဲ့ သူတို့ရဲ့မင်္ဂလာနှစ်ပတ်လည်ပွဲလေးကတော့ ပျော်ရွှင်ဖွယ်ရာ အမှတ်တရတွေနဲ့ အောင်မြင်စွာ ပြီးဆုံးသွားခဲ့ပြီ ဖြစ်ပါတယ်။ ကဲ ချစ်ပရိသတ်တွေအတွက် အာဇာနည်နဲ့ ဝမ်းတို့ဇနီးမောင်နှံရဲ့ မင်္ဂလာနှစ်ပတ်လည်ပွဲ အခမ်းအနားကပုံရိပ်လေးတွေကို တင်ဆက်ပေးလိုက်ပါတယ်နော်။

Source:Aye Zaw Moe;

Photo: Credit;

"Myanmarload's content is copyrighted and only allowed to appear on Myanmarload website. Please respect our copyrights"
Myanmarload မှရေးသားသောသတင်းများသည် Myanmarload၏ မူပိုင်သတင်းများဖြစ်ပြီး Myanmarload Website ထဲတွင်သာ ဖတ်ရှုနိုင်ပါသည်။ ကျွန်ုပ်တို့၏ မူပိုင်ခွင့်ကိုလေးစားသောအားဖြင့် တစ်ဆင့်ကူးယူဖော်ပြခြင်းမပြုရန် မေတ္တာရပ်ခံအပ်ပါသည်။