ကွယ်လွန်သွားတဲ့ အဆိုတော် သရုပ်ဆောင်မင်းသွေးရဲ့ နောက်ဆုံးဇာတ်ကားလေးဖြစ်သလို ပရိသတ်တွေအားလုံး စောင့်မျှော်နေကြတဲ့ မုန်းစွဲရုပ်ရှင်ဇာတ်ကားကြီးကို မကြာခင်မှာပဲ ရုံတင်ပြသတော့မှာပဲ ဖြစ်ပါတယ်။ဆရာတော် အရှင်ဆန္ဒာဓိကရဲ့ဖြစ်ရပ်မှန်တရားတော်ကို ပြန်လည်ရိုက်ကူးထားတဲ့ နေတိုးနဲ့ မင်းသွေးတို့ ညီအစ်ကိုနှစ်ယောက်ရဲ့ မုန်းစွဲရုပ်ရှင်ဇာတ်ကားကြီးကိုတော့ လာမယ့်နိုဝင်ဘာ (၁၆)ရက်နေ့မှာတော့ တနိုင်ငံလုံးမှာ စတင်ရုံတင်ပြသတော့မှာပါ..။

ရုပ်ရှင်ကားကြီးရဲ့ ဇာတ်လမ်းနမူနာ ကို ပရိသတ်တွေထံ ကို မပြသခင်မှာ မုန်းစွဲ က သူ့ရဲ့ ဇာတ်ဝင်သီချင်းတစ်ပုဒ်ကို စတင် မိတ်ဆက်လိုက်ပါတယ်။ ဇာတ်လမ်းတစ်ခုလုံး မှာပါဝင် တဲ့ပြကွက်တွေနဲ့ ဇာတ်ဝင်သီချင်းနဲ့ ကွက်တိဖြစ်နေတာကို လည်းတွေ့ရပါတယ် ။ စတူရီယိုတေးလောကရဲ့ တေးသီငှက် လို့တင်စားကြတဲ့ ထူးအိမ်သင်ရဲ့ မဟာဝီရ သီချင်းကို ပြန်လာ်အသုံးပြုပြီး အဖန်ဖန်လည်ပတ်တတ်တဲ့ သံသရာ ၊ အတုံ့အလှည့် အာဃာတတွေနဲ့ ပြည့်နှက်နေတဲ့ လူ့လောက သဘာ၀ ကို ပုံဖော်ထားတာကိုတွေ့ရပါတယ်။

သီချင်းနောက်ခံ နှင့် အတူ မြင်တွေ့ရတဲ့ မုန်းစွဲ ရဲ့ သာမန်ထက် ပိုမိုကောင်းမွန်တဲ့ ရိုက်ချက်တွေ၊ ကင်မရ အယူအဆ တွေကို လည့် အံ့အားသင့်လောက်အောင်မြင်တွေ့ရတာကလည်း ထုတ်လုပ်ရိုက်ကူးခဲ့ကြသူတွေရဲ့ စေတနာကိုထင်ဟပ်နေသလိုပါပဲ . ပရိသတ်ကြီးရေ မုန်းစွဲ ဇာတ်ဝင်တေးကို ပြန်လည်ခံစားရင်း ဘယ်လိုဇာတ်အိမ်မျိုး ဖြစ်နိုင်တယ် ဆိုတာ မှတ်ချက်မှာပြောပြလဲ့ကြပါနော်။

Source -မုန်းစွဲ ရုပ်ရှင်ဇာတ်ကားကြီး

"Myanmarload's content is copyrighted and only allowed to appear on Myanmarload website. Please respect our copyrights"
Myanmarload မှရေးသားသောသတင်းများသည် Myanmarload၏ မူပိုင်သတင်းများဖြစ်ပြီး Myanmarload Website ထဲတွင်သာ ဖတ်ရှုနိုင်ပါသည်။ ကျွန်ုပ်တို့၏ မူပိုင်ခွင့်ကိုလေးစားသောအားဖြင့် တစ်ဆင့်ကူးယူဖော်ပြခြင်းမပြုရန် မေတ္တာရပ်ခံအပ်ပါသည်။