2004 ခုနှစ်က ထွက်ရှိခဲ့တဲ့ "ချစ်စံအိမ် (Full House - 2004) " ဆိုတဲ့ ကိုရီးယားရုပ်သံဖာတ်လမ်းလေးကို ပရိသတ်တွေ အနေနဲ့ အရမ်းကို အားပေးခဲ့ရတဲ့ ဇာတ်လမ်းတွဲလေးဖြစ်ပါတယ်။တောင်ကိုရီးယားနိုင်ငံရဲ့ အလှဆုံးမင်းသမီးချော ဖြစ်တဲ့ ဆောင်ဟေဂျို နဲ့ အတူ အကအတော်ဆုံးနဲ့ ခေတ်သစ် မိုက်ကယ်ဂျက်ဆင်လို့ တင်စားရတဲ့အဆိုတော် Rain တို့က ဒီဇာတ်လမ်းမှာ မတည့်အတူနေ မာနခပ်ကြီးကြီး အဆိုတော်နဲ့စာရေးဆရာမတို့ရဲ့ အိမ်တွင်းတိုက်ပွဲ အချစ်ဇာတ်လမ်းလေးကို ပရိသတ်တွေ မလွတ်တမ်းစောင့်ကြည့်ခဲ့ရမှာပါ။

ဒီဇာတ်လမ်းရဲ့ အဓိက အခန်းကဏ္ဍအနေနဲ့ ပါဝင်ခဲ့တဲ့ ချစ်စံအိမ် လေးကတော့ တောင်ကိုရီးယားနိုင်ငံ ၊ အင်ချွန်မြို့ ၊ အင်ချွန်းလေဆိပ်နဲ့ အနီးဆုံး ဖြစ်တဲ့ ဂွမ်ယောင်ဆီဒေသမှာ တည်ရှိပြီး ဆန်းမွတ်ဆိပ်ကမ်းကနေ (၁၀) မိနစ်လောက် စက်လှေနဲ့ သွားရင် ရောက်ရှိမှာဖြစ်ပါတယ်။ ဒီဇာတ်လမ်းကို အဓိကဇာတ်ဆောင်ဖြစ်တဲ့ Full House ချစ်စံအိမ်လေးကို အမေရိကန်ဒေါ်လာ(1 Millions) အကုန်ကျခံ ဆောက်လုပ်ခဲ့ပြီး အိမ်ကိုအကောင်းဆုံး သစ်သားနဲ့ တွေနဲ့ချည်း ဆောက်လုပ်ခဲ့တာဖြစ်ပါတယ်။

မိုဒိုကျွန်းရဲ့ ဂျိုဂမ်ပန်းခြံရဲ့ အလှနဲ့ အတူ အိမ်လေးကို အရောက်သွားဖို့ တံတားလေးပါ ဆောက်လုပ်ပေးထားပြီး ဒီတံတားလေးမှာ မတည့်အတူနေ တို့ရဲ့ နောက်ဆုံး အနမ်းလေးပေးကာ ဇာတ်သိမ်းခဲ့တဲ့ နေရာလေးဖြစ်ပါတယ်။ အပိုင်း(၁၆) ပိုင်းပါဝင်တဲ့ ဒီဇာတ်လမ်းလေးဟာ အချစ်၊ ဒရမ်မာ၊ ရိုမန့်တစ် အမျိုးအစားလေးမို့ ကြည့်ရှူသူတိုင်း ရင်ကို ကြည်နူးစေမဲ့ ပြင် အာရှတလွှားမှာ ဇာတ်လမ်းတွဲရဲ့ အောင်မြင်မှု နဲ့အတူ ဒီ ချစ်စံအိမ်လေးကို တောင်ကိုရီးယားနိုင်ငံထိ လာရောက်လည်ပတ်ဖို့ နိုင်ငံခြားသားတွေကို လည်ပတ်ဖို့ထိ ဆွဲဆောင်နိုင်ခဲ့ပါတယ်။

ဇာတ်လမ်းတွဲမှာ ပါဝင်ခဲ့တဲ့ အတိုင်း အိမ်အတွင်းမှာ မင်းသားလီရောင်ဂျေး (Rain) နဲ့ မင်းသမီးဟန်ဂျီအွန်း( ဆောင်းဟေဂျို) တို့ရဲ့ မင်္ဂလာဓာတ်ပုံ နဲ့ အပြင်အဆင်လေးတွေကို လက်ရာမပျက် ထားရှိခဲ့သလို လာရောက်လည်ပတ်သူတွေကို ပါ တကယ့် ဇာတ်ဝင်ခန်းထဲကို ခေါ်ဆောင်သွားတဲ့ထိ ခံစားရစေမှာဖြစ်ပါတယ်။ ကံမကောင်းစွာနဲ့ ပဲ ဒီအိမ်လေးရဲ့ (၉) နှစ်ကျော် သက်တမ်းအကြာ ၊ 2013ခုနှစ် အေပရယ်လမှာ ကမ်းခြေမှာ တိုက်ခတ်ခဲ့တဲ့ တိုက်ဖွန်းမုန်တိုင်းကြောင့် ချစ်စံအိမ်လေး ပြိုကျပျက်စီးခဲ့ရပြီး အရင်က ကြည်လင်လှပတဲ့ အိမ်ဘေးက သဘာ၀ အလှတွေဟာ မမြဲခြင်းအနိစ္စသဘောလိုပဲ ပျက်စီးသွားခဲ့ရပါတယ်။ ဒီချစ်စံအိမ်လေးသာ တည်ရှိဦးမယ်ဆိုရင်တော့ ချစ်စံအိမ်လေးရဲ့ သက်တမ်းဟာ (၁၄) နှစ် ကျော် သက်တမ်းဝန်းကျင်မှာ ရှိနေမှာဖြစ်သလို "ချစ်စံအိမ်" ထဲက လီရောင်ဂျေနဲ့ ဟန်ဂျီအွန်းတို့ရဲ့ အချစ် အငွေ့အသက်လေးတွေလည်း တည်မြဲစွာ ရှိနေဦးမှာပါ။

source: http://nurul-nurulshark18.blogspot.com & https://en.wikipedia.org/wiki/Full_House ; 

"Myanmarload's content is copyrighted and only allowed to appear on Myanmarload website. Please respect our copyrights"
Myanmarload မှရေးသားသောသတင်းများသည် Myanmarload၏ မူပိုင်သတင်းများဖြစ်ပြီး Myanmarload Website ထဲတွင်သာ ဖတ်ရှုနိုင်ပါသည်။ ကျွန်ုပ်တို့၏ မူပိုင်ခွင့်ကိုလေးစားသောအားဖြင့် တစ်ဆင့်ကူးယူဖော်ပြခြင်းမပြုရန် မေတ္တာရပ်ခံအပ်ပါသည်။