မိန်းကလေးတွေ အသဲစွဲ မော်ဒယ်သရုပ်ဆောင် တိုင်ရွန်ကို ချစ်ပရိတ်သတ်ကြီး ချစ်ကြမယ်ထင်ပါတယ်။သူကတော့ ဆယ်ကျော်သက် မိန်းကလေးတွေ သည်းသည်းလှုပ် အားပေးခံရသူလေးလည်းဖြစ်ပါတယ်။တက်တူးအမိုက်စားနဲ့ အမြဲဖက်ရှင်ကျနေတတ်တဲ့ တိုင်ရွန်ကိုတော့ ပရိသတ်ကြီးသိမယ်ထင်ပါတယ်။ ကိုရီးယားမင်းသားတွေ ရှုံးလောက်တဲ့ ရုပ်ရည်နဲ့ body အမိုက်စားကလည်း ပျိုမေတွေရဲ့ အသည်းကျော်အဖြစ် နာမည်ကြီးအောင်မြင်နေသူ ဖြစ်ပါတယ်။


တိုင်ရွန်ဟာ လတ်တလောမှာတော့ MRTV-4 ရုပ်သံလိုင်းက ထုတ်လွှင့်ပြသနေတဲ့ '' မနေ့ကဖြစ်သည် ၂'' ရုပ်သံဇာတ်လမ်းတွဲမှာ ခန့်ထည်ဆိုတဲ့ဇာတ်ရုပ်ကနေ ပါဝင်သရုပ်ဆောင်ထားပါတယ်။ထိုဇာတ်ကားမှာလည်း ပရိသတ်တွေ အားပေမှုကို အခိုင်အမာ ရထားတာလည်းဖြစ်ပါတယ်။ဇာတ်ကားတွေ တောက်လျှောက်ရိုက်ကူးနေပြီဖြစ်တဲ့ သူကတော့ အခုမှာလည်း ငါမုန်းတဲ့ အက္ခရာ ကန်တော့ပွဲ ကိုတက်ရောက်ခဲ့တဲ့ပုံရိပ်တွေကိုဖော်ပြထားတာတွေ့ရပါတယ်။


တိုင်ရွန်ရဲ့ ရုပ်ရှင်ဇာတ်ကားများဟာလည်း နောက်ပိုင်းမှာ လူကြိုက်များအားပေးလာတာဖြစ်ပါတယ် သူရဲ့ Tik tok ဗီဒီယိုလေးတွေဟာဆိုရင်လည်း မိန်ကလေး ပရိသတ်တွေကြားမှာ ရေပန်းစား အကြိုက်များတာလည်းတွေ့ရပါတယ်။သူကတော့ အနုပညာအလုပ်တွေ ဆက်တိုက်လုပ်နေတယ်လို့လည်းသိရပါတယ်။ကဲ....ချစ်ပရိသတ်တွေတွက် တိုင်ရွန်ရဲ့ ပုံလေးကို မျှဝေပေးလိုက်ပါတယ်။


Source:Tyron Bejay
"Myanmarload's content is copyrighted and only allowed to appear on Myanmarload website. Please respect our copyrights"
Myanmarload မှရေးသားသောသတင်းများသည် Myanmarload၏ မူပိုင်သတင်းများဖြစ်ပြီး Myanmarload Website ထဲတွင်သာ ဖတ်ရှုနိုင်ပါသည်။ ကျွန်ုပ်တို့၏ မူပိုင်ခွင့်ကိုလေးစားသောအားဖြင့် တစ်ဆင့်ကူးယူဖော်ပြခြင်းမပြုရန် မေတ္တာရပ်ခံအပ်ပါသည်။