အဆိုတော်မယ်ရီ ဆိုရင်တော့ Facebookရဲ့ အွန်လိုင်းမီဒီယာထက်ကနေ "မင်းအနားဝဲတဲ့ လိပ်ပြာတွေလောက်တော့ တို့ကဘယ်လှမလဲ..." ဆိုတဲ့ "ဝဲ" သီချင်းလေးနဲ့ ရေပန်းစားအောင်မြင်မှုရရှိခဲ့တဲ့ အဆိုတော်မလေးဖြစ်ပါတယ်။ သူမကို ဘယ်သူဘယ်ဝါမှန်း မသိခင်တည်းက ဆွဲဆောင်မှုရှိတဲ့ အသံပါဝါလေးကြောင့် လူကြိုက်များခဲ့ရပြီး Mary ဘယ်သူလဲ ဆိုတာ သိခဲ့ရချိန်မှာလဲ သူမကို အများ လိုတာထက်ပို ချစ်ကြ၊ အားပေးခဲ့ကြပါတယ်။


ချစ်စရာကောင်းတဲ့ အပြုံးလေးနဲ့ အတူ လက်ရှိမှာ မြန်မာနိုင်ငံမှာ အနုပညာအလုပ်တွေကို အကောင်းဆုံးကြိုးစားနေတဲ့သူမကတော့ တစ်ချိန်က ဂျပန်နိုင်ငံမှာနေထိုင်သူပါ။ မကြာခင်ကလည်း သူမချစ်တဲ့ ဂျပန်နိုင်ငံ တိုကျိုမြို့ကြီးကို ပြန်လည်အလည်သွားရင်းအမှတ်တရလေးတွေ ပြန်လည်မျှဝေထားသလို တိုကျိုကို သီချင်းဆိုဖို့ ဖိတ်ခေါ်ခြင်း ခံခဲ့ရတဲ့ ဦးစိုင်း နဲ့လည်း တွေ့ဆုံပြီး အမှတ်တရအနေနဲ့ ဓာတ်ပုံလေးရိုက်ကူးခဲ့ပါသေးတယ်။



Suziki Myanmar ကားကုမ္မဏီရဲ့ Brand Ambassador တစ်ယောက်အနေနဲ့ ခန့်အပ်ခြင်း ခံလိုက်ရတဲ့ မယ်ရီကတော့ Suziki Myanmar Motor ပွဲလေးကို တက်ရောက်ခဲ့ပြီး တကယ့်ကို Smartကျတဲ့ ဖက်ရှင်လ်နဲ့ တွေ့မြင်ရမှာပါ။ သူမရဲ့ နောက်ဆုံး ထွက်ရှိထားတဲ့ သီချင်လေးကတော့ "လိုသုံး" ဖြစ်ပြီး သီချင်းရဲ့ Mtvနဲ့ တင် အသေကြွေလောက်အောင် မယ်ရီက သရုပ်ဆောင်ထားပါတယ်။ မယ်ရီရဲ့ နောက်ဆုံး လက်ရှိ အနုပညာ လှုပ်ရှားမှုအနေနဲ့ My Journey Travel &Life Style Magazine အတွက် အလှဓာတ်ပုံလေးရိုက်ကူးထားပြီး မယ်ရီကတော့ ဒီပုံလေးမှာ 1955 ခုနှစ်က မိန်းမပျိုလေးအသွင် တွေ့မြင်ရမှာပါ။
Source: Mary


"Myanmarload's content is copyrighted and only allowed to appear on Myanmarload website. Please respect our copyrights"
Myanmarload မှရေးသားသောသတင်းများသည် Myanmarload၏ မူပိုင်သတင်းများဖြစ်ပြီး Myanmarload Website ထဲတွင်သာ ဖတ်ရှုနိုင်ပါသည်။ ကျွန်ုပ်တို့၏ မူပိုင်ခွင့်ကိုလေးစားသောအားဖြင့် တစ်ဆင့်ကူးယူဖော်ပြခြင်းမပြုရန် မေတ္တာရပ်ခံအပ်ပါသည်။