ပြီးခဲ့တဲ့လပိုင်းလောက်ကတည်း ဘီးလင်းမြို့မှာရိုက်ကူးခဲ့တဲ့ ဒါရိုက်တာဝိုင်းရဲ့လက်ရာ " ကံ့ကော်နီ " ဆိုတဲ့ ဇာတ်ကားလေးဟာ ဘီးလင်းမြို့မှာရိုက်ကူးမှုပြီးစီးသွားတာမို့ ရန်ကုန်မြို့မှာဆက်လက်ရိုက်ကူးနေ တာပဲဖြစ်ပါတယ်။ အဖွဲ့သားတွေရဲ့ရိုက်ကူးမှုမှတ်တမ်းပုံရိပ်လေးတွေကို ဒါရိုက်တာဝိုင်းက သူ့ရဲ့လူမှု ကွန်ယက်ကနေတဆင့်ဖော်ပြထားတာပဲဖြစ်ပါတယ်။
အမြဲလိုလိုဇာတ်ကားကောင်းလေးတွေရိုက်တတ်တဲ့ ဒါရိုက်တာတစ်ယောက်ဖြစ်ပြီး လက်ရှိရုံတင်ပြသ နေတဲ့ " သမ္မတကြီးထံပေးစာ " ဇာတ်ကားဟာလည်း ပရိသတ်တွေဝက်ဝက်ကွဲအားပေးကြတဲ့ ဇာတ်ကား ကောင်းတစ်ကားပဲဖြစ်ပါတယ်။ အမြဲလိုလိုပရိသတ်တွေကို ရသတစ်ခုခုပေးတတ်တဲ့ အရည်အချင်းပြည့်ဝတဲ့ ဒါရိုက်တာတစ်ယောက်ဆိုလည်းမမှားပါဘူး။
အဖွဲ့သားတွေရဲ့ပြင်ဆင်ချယ်သမှုပုံရိပ်လေးတွေကို " ဘီးလင်းပီးတော့...ရန်ကုန်ဆက်ရိုက်....(ကံကော်နီ) " ဆိုပြီး ဒါရိုက်တာဝိုင်းက တင်ထားတာပဲ ဖြစ်ပါတယ်။ ဒီဇာတ်လမ်းရိုက်ကွက်လေးမှာတော့ ဖွေးစိန်တစ်ယောက် ရုပ်ဆိုးတဲ့ စုန်းမလေးအဖြစ်နဲ့ ပြင်ဆင်ထားပြီး ရွှေသမီးကတော့ ဘာသာတရားကိုင်းရှိုင်းတဲ့မိန်းကလေးတစ်ယောက်အဖြစ်မြင်တွေ့ရမှာပဲဖြစ်ပါတယ်။
Photo - Wyne (Owncreator)
"Myanmarload's content is copyrighted and only allowed to appear on Myanmarload website. Please respect our copyrights"
Myanmarload မှရေးသားသောသတင်းများသည် Myanmarload၏ မူပိုင်သတင်းများဖြစ်ပြီး Myanmarload Website ထဲတွင်သာ ဖတ်ရှုနိုင်ပါသည်။ ကျွန်ုပ်တို့၏ မူပိုင်ခွင့်ကိုလေးစားသောအားဖြင့် တစ်ဆင့်ကူးယူဖော်ပြခြင်းမပြုရန် မေတ္တာရပ်ခံအပ်ပါသည်။