မကြာသေးမီကမှ ဂွမ်းရတုမင်္ဂလာနှစ်ပတ်လည်နေ့လေး ကျရောက်ခဲ့တဲ့ သရုပ်ဆောင် မိုးယုစံတို့ ဇနီးမောင်နှံ လက်ထပ်တဲ့အချိန်ကစပြီး 18 ရက်နေ့အထိဆို သူမတို့နှစ်ယောက် အတူရှိခဲ့တာ နှစ်နှစ်ပြည့်မြောက်ခဲ့ပြီပဲဖြစ်ပါတယ်။
ချစ်စဖွယ်ရင်သွေးသားရတနာလေးကိုလည်း ပိုင်ဆိုင်ထားရှိပြီး ပျော်ရွှင်စရာကောင်းတဲ့ မိသားစုဘဝလေးကိုလည်း တည်ဆောက်ထားခဲ့ကြပါတယ်။
အနုပညာခြေလှမ်းတွေကျဲသွားခဲ့ပေမယ့် အိမ်ထောင်ရေးမှာတော့ အိမ်ရှင်မကောင်း တစ်ယောက် ဖြစ်သလို သားသားကိုဂရုစိုက်မှုတွေ ပေးနေတဲ့မိခင်ကောင်း တစ်ယောက် ဆိုလည်း မမှားပါဘူးနော် ။


အိမ်ထောင်ကျပြီးနောက်ပိုင်းမှာတော့ အနုပညာအလုပ်တွေထက် မိသားစုအရေးကို ဦးစားပေးနေတဲ့သူမဟာ ပွဲတက်တိုင်း သူမရဲ့ချစ်ခင်ပွန်းနဲ့အတူ ရွှေလက်တွဲပြီး ပွဲတက် လေ့ရှိတဲ့သူလည်း ဖြစ်ပါတယ် ။ ကလေးတစ်ယောက်မိခင်အဖြစ် သားသားလေး မွေးကာ စမှာ အရမ်းဝခဲ့ပေမယ့် အခုတော့ သူမရဲ့ခန္ဓာကိုယ်ကို ပြန်လည်ထိန်းသိမ်းထားပြီး အပျိုရှုံး အောင်လှနေတာပါ ။ အောက်တိုဘာလ ၂၁ရက်နေ့ကတော့ သူမက သူမခင်ပွန်းနဲ့အတူ MY DREAM WEDDING SERVICE Grand ဖွင့်ပွဲအခန်းအနားကို တက်ရောက်ခဲ့ပါတယ် ။ ရွှေအိုရောင် ရွှေမှုန်လေးတွေ တောက်ပနေတဲ့ အင်္ကျီလေးနဲ့သူမဟာအ ရမ်းကို လှပ နေပါတယ် ။


မိုးယု ရဲ့ ချစ်ခင်ပွန်းနဲ့အတူူ ရွှေလက်တွဲကာ My dream Wedding Service ဖွင့်ပွဲကိုတက် ရော်ကခဲ့တဲ့ ပုံရိပ်တွေကို ပရိသတ်ကို တစ်ဆင့်ပြန်လည်လည်မျှဝေပေးလိုက်ပါတယ်နော် ။ မိုးယုကိုချစ်တဲ့ ချစ်ပရိသတ်ကြိးကလည်း အနုပညာအလုပ်တွေ ကျဲသွားပေမယ့် ချစ်နေဦး မယ်မလား ။
Source : Moe Yu San


"Myanmarload's content is copyrighted and only allowed to appear on Myanmarload website. Please respect our copyrights"
Myanmarload မှရေးသားသောသတင်းများသည် Myanmarload၏ မူပိုင်သတင်းများဖြစ်ပြီး Myanmarload Website ထဲတွင်သာ ဖတ်ရှုနိုင်ပါသည်။ ကျွန်ုပ်တို့၏ မူပိုင်ခွင့်ကိုလေးစားသောအားဖြင့် တစ်ဆင့်ကူးယူဖော်ပြခြင်းမပြုရန် မေတ္တာရပ်ခံအပ်ပါသည်။