ပရိသတ်ကြီးရေ မင်းသမီးချော အိချောပိုကတော့ မြင်သူငေးတဲ့ ကောက်ကြောင်းအလှကို ပိုင်ဆိုင်ထားပြီး ပရိသတ်များစွာရဲ့ အားပေးမှုကို အခိုင်အမာ ရရှိထားသူ ဖြစ်ပါတယ်။ စင်တင်မင်းသမီးတစ်ဦးအဖြစ် ဗီဒီယိုဇာတ်ကားတွေ ရိုက်ကူးအောင်မြင်ခဲ့ပြီး ရုပ်ရှင်ကားကြီးတွေမှာလည်း ဝါရင့်သရုပ်ဆောင်တွေနဲ့မခြား သရုပ်ဆောင်နိုင်သူလည်း ဖြစ်ပါတယ်။

အခုနောက်ပိုင်းမှာ အိချောပိုက ရုပ်ရှင်ကားကြီးတွေကို ပိုရိုက်ကူးလာသလို သူမရဲ့ သရုပ်ဆောင် စွမ်းရည်တွေကလည်း အံ့သြဖွယ်ကောင်းလောက်အောင် သဘာဝကျပီပြင်လာတာ တွေ့ရပါတယ်။လတ်တလောမှာလည်း ပြေတီဦးတို့နဲ့အတူဗီဒီယိုဇာတ်ကားရိုက်ကူးနေတယ်လို့သိရပါတယ်။ရူတင်နားချိန်မှာ ဦးတီကို ထိုင်ကန်တော့ရင်းမုန့်ဖိုးတွေတောင်းကာ ပျော်ရွှင်နေကြတဲ့ ချစ်စရာပုံလေးတွေကိုတင်ထားတာတွေ့ရပါတယ်။တီတီကိုစနောက်နေလိုက်ကြတာ တီတီကြီးကတော့ ကန်တော့ခံအရွှယ်ရောက်ပြီဆိုပြီး တင်းနေတာ ချစ်ဖို့ကောင်းချက်ပဲ။

စူစူကတော့ အနုပညာအလုပ်တွေ ဆက်တိုက်လုပ်ကာ ခရီးတွေလည်း ထွက်နေတယ်လို့လည်းသိရပါတယ်။သူမရဲ့ အမိုက်စားကောက်ကြောင်းအလှနဲ့ ပုံရိပ်လေးတွေကတော့ ပုရိသတွေကို ကြွေစေမှာအမှန်ပဲဖြစ်ပါတယ်။ချစ်ပရိတ်သတ်ကြီးတွေအတွက် ဝင်းပနုပျိုနေတဲ့ စူစူတို့ရဲ့ ရိုက်ကွင်းက ပုံရိပ်တွေကို ကြည့်ရူ့နိုင်စေရန် မျှဝေပေးလိုက်ပါတယ်။

Source:Ei Chaw Po

"Myanmarload's content is copyrighted and only allowed to appear on Myanmarload website. Please respect our copyrights"
Myanmarload မှရေးသားသောသတင်းများသည် Myanmarload၏ မူပိုင်သတင်းများဖြစ်ပြီး Myanmarload Website ထဲတွင်သာ ဖတ်ရှုနိုင်ပါသည်။ ကျွန်ုပ်တို့၏ မူပိုင်ခွင့်ကိုလေးစားသောအားဖြင့် တစ်ဆင့်ကူးယူဖော်ပြခြင်းမပြုရန် မေတ္တာရပ်ခံအပ်ပါသည်။