နေခြည်ဦးဆိုတဲ့ မြန်မာနိုင်ငံမှာ နာမည်ကြီးနေတဲ့ ထိပ်တန်း Beauty blogger တွေထဲက အောင်မြင်နေတဲ့ beauty blogger တစ်ယောက်ဆိုတာ ပရိသတ်ကြီးသိပြီဖြစ်မှာပါ ။ make-up artist တစ်ယောက်အဖြစ်အောင်မြင်လာခဲ့တဲ့ သူမဟာ အခုဆို ရုပ်ရှင်တွေ ကမ်းလှမ်းခံရလို့ ရိုက်ကူးရင်းနဲ့ မင်းသမီးတစ်ယောက် အဖြစ်ပါ လူသိများလာပြီဖြစ်ပါတယ် ။
လက်ရှိမှာတော့ ရုပ်ရှင်ကားကြီးတစ်ခု ရိုက်ကူးဖို့အတွက် ငပလီကမ်းခြေကို ရောက်ရှိနေတာဘဲ ဖြစ်ပါတယ် ။



သူမက ငပလီရောက်ပြီးမှ သူမရဲ့ အမိုက်စားပုံရိပ်အချို့ကို ပရိသတ်တွေကိုမျှဝေခဲ့ပါသေးတယ် ။ ဖက်ရှင်ပိုင်းမှာလည်း Sexy ကျပြီး ပြောစရာမလိုအောင် အမိုက်စားဖြစ်နေတဲ့ သူမရဲ့ပုံရိပ်တွေကဘပရိသတ်တွေကြားမှာ ရေပန်းစားခဲ့ပါသေးတယ် ။ လက်ရှိမှာတော့
" နေခြည် အားအကိုးရဆုံး
ကားဆရာကြီးလဲဟုတ် ဘော်ဒီဂတ်လည်းဟုတ်
အခုတော့ ဓါတ်ဆရာကြီးပါ ဖြစ်နေပါရော့လား Ye Min Phaing ရိုက်ချက်လေးတွေပါ " ဆိုတဲ့ စာသားနဲ့အတူ သူမရဲ့ ချစ်စဖွယ် ပုံရိပ်လေးတွေကို လူမှု့ကွန်ယက် စာမျက်နှာကနေတဆင့် ပရိတ်သတ်တွေကို မျှဝေပေးထားပါသေးတယ် ။ ခွဲစိတ်ပြု ပြင်ပြီးနောက်ပိုင်း မှ အရင်ကထက် အဆပေါင်းများစွာ လှပလာပြီး ပိုမိုဆွဲဆောင်မှုရှိလာခဲ့တာဘဲ ဖြစ်ပါတယ် ။



အနုပညာလောကမှာ နာမည်တစ်လုံးနဲ့ရပ်တည်နေတဲ့ မိန်းကလေးတွေ အားကျအတုယူ ရတဲ့ ခြည်ခြည် တစ်ယောက်ကတော့ ဘယ်သူတွေ ဘယ်လိုတိုက်ခိုက် နေပါစေ ကိုယ့်လမ်း ကိုယ်လျှောက်ပြီး အနုပညာအလုပ်တွေ လုပ်ဆောင်နေတာ အားကျစရာပါဘဲ ပရိသတ်ကြီးရေ... ။ ခြည်ခြည် ကိုချစ်တဲ့ ချစ်ပရိသတ်ကြီးအတွက် သူမရဲ့ ချစ်စဖွယ်ပုံရိပ်လေးတွေကို ဖော်ပြပေးလိုက်ပါတယ်နော် ။
Source: Nay Chi Oo


"Myanmarload's content is copyrighted and only allowed to appear on Myanmarload website. Please respect our copyrights"
Myanmarload မှရေးသားသောသတင်းများသည် Myanmarload၏ မူပိုင်သတင်းများဖြစ်ပြီး Myanmarload Website ထဲတွင်သာ ဖတ်ရှုနိုင်ပါသည်။ ကျွန်ုပ်တို့၏ မူပိုင်ခွင့်ကိုလေးစားသောအားဖြင့် တစ်ဆင့်ကူးယူဖော်ပြခြင်းမပြုရန် မေတ္တာရပ်ခံအပ်ပါသည်။