Bruce Lee နဲ့ Charlie Chaplin တို့လို ကြည်ရှူ့သူ တိုင်းကို ဟာသရသ တစ်ခုနဲ့ ဘဝအသိမက်ဆေ့ တစ်ခုစီပေးစွမ်းနိုင်တဲ့ ကမ္ဘာကျော်ရုပ်ရှင်မင်းသားတွေထဲက တစ်ယောက် အပါအဝင်ဖြစ်ပြီးဂျက်ကီချမ်းရဲ့ တရုတ် ဟာသ အက်ရှင်ရုပ်ရှင်ဇာတ်လမ်းတွေကို ပရိသတ်တွေ အနေနဲ့ ကြီးပြင်းလာခဲ့ကြမှာပါ။ ဂျက်ကီချမ်းကို အားလုံးရင်းနှီးပြီးသားဖြစ်သလို လက်ရှိမှာအသက်(၆၄) နှစ် ရှိပြီဖြစ်တဲ့ ဂျက်ကီချမ်းရဲ့ လူသိနည်းတဲ့ အကြောင်းလေး နဲ့ ဘဝဖြတ်သန်းပုံ တချို့တစေ့တစောင်းကို ဖော်ပြချင်ပါတယ်။
ဂျက်ကီချမ်းရဲ့ အမေဟာ ဘိန်းမှောင်ခိုသမားတစ်ယောက် ဖြစ်ပါတယ်။
ဂျက်ကီချမ်းကို 1954 ခုနှစ်မှာ မွေးဖွားခဲ့ပြီး သူ့ရဲ့ ငယ်ဘဝဟာ ပျော်ရွှင်စရာတွေနည်းပြီး ရှူပ်ထွေးမှုတွေ ရှိခဲ့ပါတယ်။ ဂျက်ကီချမ်း ရဲ့အသက်(၇) နှစ်မှာ သူ့ရဲ့ မိဘတွေဟာ ဂျက်ကီချမ်းကို ဟောင်ကောင်မှာ ထားခဲ့ပြီး နိုင်ငံခြား အနုပညာသရုပ်ဆောင်ကျောင်းမှာ ကျောင်းတက်ခဲ့ပါတယ်။ ဂျက်ကီချမ်းရဲ့ အဖေဖြစ်သူ Fang Daolangဟာ တရားမဝင်ဆန့်ကျင်ရေးမှာ ပါဝင်ခဲ့ပြီး ဂျက်ကီချမ်းရဲ့ အမေဟာ ဘိန်းမှောင်ခိုသမားတစ်ယောက် ဖြစ်သလို 2001 ခုနှစ်မှာ သေဆုံးခဲ့ပါတယ်။
ဂျက်ကီချမ်းဟာ ပညာရေးမှာ အခက်အခဲတွေများစွာ ဖြတ်သန်းခဲ့ရပါတယ်။
ဂျက်ကီချမ်းရဲ့ အသက်(၇) နှစ်ကနေ အသက်(၁၇) နှစ် ထိ ပညာရေးကို ခက်ခက်ခဲခဲ သင်ယူခဲ့ရပြီး ဟောင်ကောင်မှာ အဆို၊အက နဲ့ ဒရမ်မာတွေကို သင်ကြားပေးပြီး သရုပ်ဆောင်တစ်ယောက်ဖြစ်လာဖို့ အတွက် အာမခံပေးနိုင်တဲ့ တရုတ်အော်ပရာသင်တနမ်းကျောင်း ဖွင့်လှစ် ချိန်မှာ သူဟာအရမ်းကို တက်ရောက်ခဲ့ချင်ပေမဲ့လည်း ဂျက်ကီဟာ သူ့ရဲ့ အရည်အချင်းတွေကို စစ်အုပ်ချုပ်ရေးကို အခြေခံတဲ့ ရုပ်ရှင်တွေက နေ သင်ယူခဲ့ရပါတယ်။
ဂျက်ကီချမ်း ဟာ ဘရုတလီနဲ့ အတူ သရုပ်ဆောင်ခဲ့ဖူးပါတယ်။
သေဆုံးသွားပေမဲ့လည်း နာမည်မသေဆုံးသေးတဲ့ အက်ရှင် မင်းသားနောက်တစ်ယောက်ဖြစ်တဲ့ ဘရုတလီနဲ့ အတူ ဂျက်ကီတစ်ယောက် မင်းသားဖြစ်ကစမှာ 1972 ခုနှစ် နဲ့ 1973 ခုနှစ် က ထွက်ရှိခဲ့တဲ့ Enter the Dragon နဲ့ The Chinese Connection ဆိုတဲ့ ဇာတ်လမ်းမှာ သရုပ်ဆောင်ခဲ့ဖူးပါတယ်။ ဂျက်ကီ ပါဝင်သရုပ်ဆောင်ခဲ့ပြီး နောက် (၁၀) ရက်မှာပဲ ဘရုတလီ (အသက်(၃၂) နှစ် ဟာ ရုတ်တရက်သေဆုံးခဲ့ပါတယ်။
သူ့ရဲ့Rush Hour ဇာတ်လမ်းကို အရမ်းဆိုးတယ်လို့ကိုယ်တိုင်ဝေဖန်ဖူးပါတယ်။
ဂျက်ကီချမ်းရဲ့ 1998 ခုနှစ်က အမေရိကန်မင်းသား Chris Tucker နဲ့ အတူ ယှဉ်တွဲသရုပ်ဆောင်ခဲ့တဲ့ Rush Hour ဆိုတဲ့ ရုပ်ရှင်ဇာတ်လမ်းနဲ့ ပတ်သက်လို့ ဂျက်ကီချမ်း သူကိုယ်သူ အရမ်းဆိုးတဲ့ ဇာတ်လမ်းပဲ လို့သူ့မန်နေဂျာကို ဆိုခဲ့ဖူးပါတယ်။ အကြောင်းကတော့ သူဟာ သူ့ရဲ့ စတန့် ပညာကို စိတ်တိုင်းမကျတာ မဟုတ်ပဲ သူ့ရဲ့ အင်္ဂလိပ်စာ အားနည်းတာကြောင့် သဘောမကျခဲ့ ရတာဖြစ်ပါတယ်။
ဂိုဏ်းစတားတွေရဲ့ အသက်အန္တာရာယ် ကနေ သီသီလေး လွတ်မြောက်လာခဲ့သူတစ်ယောက်ဖြစ်ပါတယ်။
Time မဂ္ဂဇင်းနဲက အင်တာဗျူး ပြုလုပ်စဉ်မှာ ဂိုဏ်းစတားတွေရဲ့ အသက်အန္တာရာယ် ကနေ သီသီလေး လွတ်မြောက်လာခဲ့သူတစ်ယောက်ဖြစ်ကြောင်း ဂျက်ကီက ဖွင့်ဟပြောကြားခဲ့ပါတယ်။ လေယာဉ်ကို ပြန်ပေးစွဲခဲ့တဲ့ ရာဇဝတ်ဂိုဏ်းသား တစ်ချို့ရဲ့ နှိပ်စက်မှုကို ခံခဲ့ရဖူးပြီး လေယာဉ်ပေါ်ကနေ သေနတ်နဲ့ လှမ်းပစ်တာကိုတောင် ခံခဲ့ရဖူးဖြစ်ပြီး အသက်အန္တာရာယ် ကနေ လွတ်မြောက်ခဲ့ပါတယ်။
သူ့ရဲ့ ပန်ဒါရုပ် နှစ်ရုပ်ကို သွားလေရာ ယူဆောင်တတ်ပြီး သူ့ရဲ့အရုပ်နဲ့ ဆယ်လီတွေကို ဓာတ်ပုံရိုက်ခိုင်းတတ်သူပါ။
2010 ခုနှစ်က London မှာ ပန်ဒါဝက်ဝံ ထိန်းသိမ်းရေးဆိုင်ရာ WORKSHOP တက်ခဲ့ပြီးနောက် Chan La နဲ့ Chan Zy လို့ အမည်ပေးထားတဲ့ ပန်ဒါ အရုပ် နှစ်ရုပ်ကို ပြုလုပ်ခဲ့ပြီး သွားလေရာ ယူဆောင်သွားတတ်ခဲ့ပါတယ်။ အခြား သော သရုပ်ဆောင်၊ မင်းသမီး၊ ဆယ်လီတွေနဲ့ တွေ့တဲ့ အခါမှာ အမြဲတမ်း သူ့ရဲ့ ပန်ဒါ အရုပ်နဲ့ ဓာတ်ပုံတွဲရိုက်ခိုင်းလေ့ရှိသူပါ။ အကြောင်းကတော့ ပန်ဒါလေးတွေကို ချစ်တတ်ဖို့နဲ့ ထိန်းသိမ်းဖို့ ဖြစ်ပါတယ်။
ဂျက်ကီရဲ့ ခေါင်းပေါ်မှာ သေရာပါ အမှတ်အနေနဲ့ အပေါက်တစ်ခုရှိနေပါတယ်။
ဂျက်ကီချမ်းဟာ သူ သရုပ်ဆောင်တဲ့ အက်ရှင် ဇာတ်လမ်းတိုင်းကို အကောင်းဆုံး မက်စေ့ နဲ့ ရသတွေ ပေးနိုင်ဖို့ ကြိုးစားသူဖြစ်ပြီး 1986 ခုနှစ်လောက်က Armour of God ဆိုတဲ့ ရုပ်ရှင်ဇာတ်လမ်းမှာ သစ်ပင်ကနေ ခုန်ကူးတဲ့ စတန့်ကို လုပ်ဆောင်ရင်း ကျောက်ခဲနဲ့ ခေါင်းကို ဆောင့်မိခဲ့ပါတယ်။ အဲ့ဒီအတွက် သေလုနီးပါးဒဏ်ရာ ခံစားခဲ့ရသလို ခေါင်းပေါ်မှာ သေရာပါ အမှတ်အနေနဲ့ အပေါက်တစ်ခုရှိနေဆဲပါပဲ။
ဂျက်ကီဟာ ရုပ်ရှင်ဇာတ်လမ်းတစ်ခုဖြစ်လာဖို့ အကောင်းဆုံးဖန်တီးနိုင်တဲ့ ညဏ်ကြီးရှင်တစ်ယောက်ပါပဲ။
အောကာင်းကတော့ သူ ရုပ်ရှင်ဇာတ်လမ်း တစ်ခုကို ရိုက်ကူးမယ်ဆိုရင် ဒါရိုက်တာ၊ ထုတ်လုပ်သူ၊ ဇာတ်ဝင်တေးvocalist၊ ဇာတ်ညွန်းရေးဆရာ စသဖြင့် ရုပ်ရှင်တစ်ခုဖြစ်လာဖို့ လိုအပ်တဲ့ နေရာတိုင်းကို သူကိုယ်တိုင်က ဒေါင့်စေ့အောင် ပါဝင်ကာ ဖန်တီးနိုင်သူဖြစ်ပါတယ်။ အဲ့အတွက် ဂျက်ကီချမ်းကို 2012ခုနှစ်ရဲ့ Chinese Zodia မှာ ဖန်တီးမှု အကောင်းဆုံးနဲ့ အတော်ဆုံး Guinness World Record (ဂင်းနစ်စံချိန်စာရင်း) မှာ ဖော်ပြခဲ့တာဖြစ်ပါတယ်။
source:http://mentalfloss.com;
"Myanmarload's content is copyrighted and only allowed to appear on Myanmarload website. Please respect our copyrights"
Myanmarload မှရေးသားသောသတင်းများသည် Myanmarload၏ မူပိုင်သတင်းများဖြစ်ပြီး Myanmarload Website ထဲတွင်သာ ဖတ်ရှုနိုင်ပါသည်။ ကျွန်ုပ်တို့၏ မူပိုင်ခွင့်ကိုလေးစားသောအားဖြင့် တစ်ဆင့်ကူးယူဖော်ပြခြင်းမပြုရန် မေတ္တာရပ်ခံအပ်ပါသည်။