စီးပွားရေးဂဏ္ဍ

ငွေကြေးလုပ်ငန်း၊ခြံလုပ်ငန်း၊ကားအရောင်းအဝယ်လုပ်ငန်း၊ ရွှေငွေရတနာ၊ ယာဉ်စက်စ္စည်း၊ ရေနံ၊ ဓာတ်ဆီ၊ စက်သုံးဆီရောင်းဝယ်ခြင်းလုပ်ငန်း၊ ဆန်၊ ဆီး၊ ဆား၊ လယ်ထွန်စက်၊ စက်ရုံ ပစ္စည်း၊ သံ၊ သွပ်၊ သစ်သီးဝလံ၊ အစိမ်းရောင်းရှိသော ဟင်းသီးဟင်းရွက်၊ ကုန်စိမ်းကုန် ခြောက်၊ သစ်လုပ်ငန်း၊ အိမ်ပြင်အိမ်ဆောက်အလှဆင်နှင့် အစုရှယ်ယာဝင်လုပ်ငန်း ဆက်သွယ်ရေးအပိုပစ္စည်းများရောင်းဝယ်ခြင်းကောင်း၏ အကျိုးဖြစ်ထွန်းမည်။ ကုမ္ပဏီ တည်ထောင်ခြင်း၊ ဘဏ်လုပ်ငန်းများဆောင်ရွက်ခြင်း၊ အစုရှယ်ယာဝင်ခြင်းများမှ အကျိုး မြတ် ရတတ်သည်။ ပြည်တွင်း၊ ပြည်ပခရီးသွားရကိန်းကြုံလာမည်။

မိသာစုတွင် ငွေကြေးကုန်ကျမှုများတတ်သည်။ မီဒီယာလုပ်ငန်းများအကြပ်အတည်းတွေ့ရမည့်။ စက်ရုံ၊ အလုပ်ရုံ၊ အများနှင့်သက်ဆိုင် သောနေရာများ မီးဘေးအန္တရယ်အထူးဂရုစိုက်ပါ။ ရင်းနှီးသောသူများနှင့် မိမိအကြား အယူအဆသဘောထား မကိုက်ညီမှုများကြုံရမည်။ မိမိပိုင်ပစ္စည်းများ တစ်ပါးသူကို ဌာရမ်းခြင်းများ တတ်နိုင်သမျှရှောင်ကြည့်ရမည်။ အိမ်ခြံမြေလက်မှတ်ရေးထိုးခြင်း၊ စာချုပ် စာတမ်းများ ချုပ်ဆိုရာတွင် သတိဖြင့်ဆောင်ရွက်ရမည်။ 2019ခု ယခုနှစ်တွင် *3လ ,5လ ,8လ*များတွင် မည့်သည်ကိစ္စဆောင်ရွက်ရာတွင် သတိထားဆောက်ရွင် သင့်သည်။

အချစ်ရေးနှင့်အိမ်ထောင်ရေးဂဏ္ဍ

အချစ်ရေးသမားများအတွက် မိမိအားဂုဏ်သိက္ခာ ကျဆင်းစေရန် ရည်ရွယ်ချက်ဖြင့် တစ်ခုလပ်၊ မုဆုံးဖို့/မ boy,girl အချို့ ချဉ်းကပ် လာတတ်သည်။ အချစ်ရေးမှာ တစ်ပါးသူများ ဝင်ရောက်ပြိး ချစ်သူနှစ်ဦးကြား စိတ်ရှုပ်ထွေးမှုများ ကြုံတွေ့ရတတ်သည်။ အပျော်အပါးလိုက်စားခြင်းကြောင့် အချစ်ရေး၊အိမ်ထောင်ရေးထိခိုက်ပြိး တစ်ဦးနှင့်တစ်ဦး မယုံကြည်စရာများ ဖြစ်ပေါ်လာတတ်သည်။

အပျို၊လူပျိုများ မိမိ စိတ်ကြိုက်ရွေးချယ်ရန်အတွက်အခွမ်းအလမ်းမျာရှိပါသည်။ အထူး အမုန်းပွားစရာ ဖြစ်စေတတ်သော မိမိကိုယ်ကျင့်သိက္ခကာများ ပြင်ဆင်ခြင်းနှင့် အမှုကိစ္ စများ မကျူးလွန်ရန် အသိသတိနှင့်သာ နေထိုင်သင့်သည်နှစ်ဖြစ် သည်။အပေါင်း အသင်း နှင့် အပျော်အပါးလိုက်စားမှုများကြောင့် မိမိရည်မှန်းချက်များ နှောင်း နှေးသွားတတ် သည်။

အချစ်ရေးနှင့်အိမ်ထောင်ရေး အသက် ၁၅၊ ၂၁၊ ၂၂၊ ၂၃၊ ၂၅၊ ၃၂၊ ၃၅ ထိုနှစ် အသက် ပိုင်းခြားများ ညံနေတတ်သည်။ မေတ္တာရေးတွင် အသေးစားပြဿနာများကို အကျယ်ချဲ့၍ ပဋိပက္ခ အထစ်အငေါ့ ပြဿနာများ ဖြစ်ကာ တစ်ပါးသူ၏ ပယောကကြောင်းလဲ မိမိချစ်ရေး ရာများ လမ်းခွဲရတတ်သည်။ နောက်ပြိး မိမိမ်သာစုတွင် တစ်ပါးသူ၏ စကားများဖြင့် သွေထိုး ခြင်း ယုံကြည်၍ ပြဿနာတတ်ဖြစ်ခြင်း၊ ရံဖန်ရံခါ စကားငြင်းဆိုမှုများ ပေါ်ပေါက်လာတတ် သည်။

အသက် ၁၆နှစ် မှ ၂၀နှစ်အထိ/၂၄နှစ် မှာ ၂၉အထိ အပျိုလူပျို အချစ်ရေးအိမ်ထောင် ရေးများ သာယာလိမ့်မည်။ ချစ်သူထံ အိမ်ထောင်ဘက်ထံမှာ တန်းဖိုးကြီးလက်ဆောင်နှင့် တန်းဖိုးဖြတ်လို့မရတဲ့ “ပီတိ”မင်္ဂလာကောင်းသတင်းများ ကြားရ၍ လက်ဆောင် ဂဏ္ဍများ ရလိမ့်မည်။

အသက် ၃၃၊ ၃၄ နှစ် နှင့် ၃၆နှစ်မှာ ၄၀နှစ်ရှိသူများ စီးပွားတိုးတတ်ခြင်း၊ ဝန်းထမ်း လောကဆို ရာထူးရာခံ၊ အကြီးအကဲ ခေါင်းဆောင်နေရာ တာဝန်ထမ်း ဆောင်ရတတ်ပြိး မိသားစုဘုရားဖူးထွက်ရခြင်း၊ အလှူဒန်းကုသိုလ် ကောင်းမှုများလည်း အောင်မြင် ပါလိမ့် မည်။ အိမ်၊ခြံ၊ ရွှေငွေရတနာ၊ ဇိမ်ခံစက်ပစ္စည်းကြီးများ ဝင်လာမည့်၊ အိမ်ထောင်ရှင်များ သက်တမ်းရှည်ကြာလာပြိး သားသမီးတောင်တနေသူများ ရပါလိမ့်မည်။ ခြေနှစ်ချောင်းဝင်မည်။ အိမ်ထောင်ရှင်စုံတွဲ အင်္ဂါ၊ ကြာသပတေးနှင့် ထိုနေနံနာမည် အပူနှင့်မိမိအိမ်ညအိပ်လက်ခံခြင်းရှောင်ကြဉ်ပါ။ အထူးသဖြင့် တစ်ပါးသူ၏ ကြားခံဝင် ရောက်စွတ်ဖတ်ပြောဆိုမှုများနှင့် မိသာစုတွင် ခေါင်ဆောင်လုပ်ခြင်းများ သတိထား ရမည့်နှစ်သာဖြစ်သည်။ နှစ်ဖက်မိဘ၊ ဆွေမျိုးအသိုင်းအဝိုင်းများ အလည် အပတ်သွားခြင်း၊ အကူညီပေးရခြင်းနှင့် ဘုရားဖူးမိသာစုဆွေမျိုးအသိုင်းဝိုင် စုံလင်းသွာ ခရီးထွက်ရတတ်သည်။

ပညာရေးဂဏ္ဍ

စနေ့သားသမီးများ ပညာရေးဂုဏ်ထူးတန်းဝင်ရောက်ခြင်း၊ ထူးချွန်ဆု၊ ဂုဏ်ထူး၊ ဘွဲ့ထူးဒီဂရီ ရမည့် မင်္ဂလာရှိသောနှစ်ဖြစ်သည်။ စာမေးပွဲဖြေဆို နှစ်အောက်ကျသူများ၊ ပြည်ပနိုင်ငံ ဘာသာရပ်စာမေးပွဲ၊ အင်တာဗျူ အလုပ်အကိုင်နှင့်ပညာရေးသင့်ခြင်း အောင်မြင်မှု ရပါ လိမ့်မည်။ အထူးသဖြင့် နည်းပညာဆိုင်ရာများ၊ အနုပညာဆိုင်ရာများ အောင်မြင်တတ်သည်။ လုပ်ငန်းခွင့်စာမေးပွဲများဖြေဆိုခြင်းကောင်း၏။ ပညာရေးဂဏ္ဍ အသီးသီးရှိ လူကြီး၊ လူငယ် လူတန်းစားမရွေး ဆက်လက် ကြိုးစားလုပ်ကိုင်ကြရန်အကြံပြုပါတယ်။ အခွင့်အလမ်းများ မိမိလက်တစ်ကမ်း ရောက်ရှိလာလိမ့်မည်။

စက်မှုလက်မှု ပညာများခေတ်နှင့်လျှော်ညီသော ဆန်းသစ်ပညာရပ်များ လေ့လာလိုက် စားခြင်းများ အထူးကောင်းမွန်ပြိး အောင်မြင်မှုဂုဏ်သတင်းများကျောဇောလိမ့်မည်။ မိမိမထင်မှတ်ထား မမျော်လင်းထားသော နေရာ၊ဒေရပ်ခြားကနေ့ ငွေကြေးဝင်ခြင်း၊ မနှစ်အကြွေးများပြန်ရခြင်းနှင့် ရာထူးတိုး နေရာဌာနေပြောင်း တာဝန်ထမ်းဆောင်ရခြင်း အစိုးရနိုင်ငံတော်မှ ဘွဲ့ထူးဂုဏ်ထူး ချီးမြှင့်ခြင်းများခံရတတ်သည်။

ျကျန်မားရေးတွင် လေးဖက်နာရောဂါ၊ ကျီးပေါင်းတတ်ခြင်း၊ သွေးတိုးရောဂါ၊ ဒူနား၊ ခါနား၊ အဆစ်အမြစ်ကိုက်ခဲခြင်းရောဂါများ ခံစားရတတ်သည်။ ကျန်းမားရေးအတွက် စည်းကမ်း စနစ်တကျ စားသောက်ခြင်း၊ အနားယူခြင်း၊ အပန်းဖြေခရီးသွားလာခြင်း၊ ကျန်းမာရေး စင်တာ များတွင် စစ်ဆေးခံယူခြင်းများ လေ့ကျင့်ခန်းများ ပြုလုပ်ပါ။

မထင်မှတ်သော လောကဓံတရာများ ရိုက်ခတ်လာနိုင်သည်။ သဘာဝ ဘေးအန္တရာ  ယ်နှင့် လူပယောဂအမျိုးမျိုးကြောင့် မိမိပိုင်ဆိုင် ထားရှိသမျှ အားလုံး တိုက်ခိုက်ခံရ၍ ပျက်စီးခြင်းများ ကြုံတွေ့ရတတ်သည်။ ရန်သူအပေါင်း နယ်မြေနယ်ခြား လှုမျိုးစုံ စုပေါင်း လုပ်ကြံလာတတ်သည်။

သို့ဖြစ်ပါ၍ စနေသားသမီးများ မိမိယုံကြည်ရာ ဘာသာရေး တရားအတိုင်း အပတ်စဉ်၊ လစဉ်၊ ဒါနကုသိုလ်၊ သီလကုသိုလ်၊ ဘာဝနာ ကုသိုလ်ပြုလုပ်ကြပါ။

ဆောင်ရွက်စရာကိစ္စများ ➖ ယခုနှစ်တွင် ခရီးသွားခြင်းနှင့် လုပ်ငန်းကိစ္စအဆင်ပြေ ရန်အတွက် ဘုရားတွင်(ဝိဇ္ဇာစရဏ သမ္ပန္နော ) ဂုဏ်တော်ရွတ်ဆိုပြိး ပုတီး(၃)ပတ်စိတ်ပြီး ခရီးသွားခြင်း၊* ရွှေအိုး ရောင် ၊ ကြည်ပြာရောင်၊ ပန်းရောင် * အဝတ်အထည် မျာဝတ် ဆင် ခြင်းနှင့် ထိုအရောင်များကို အဆောင်အဖြစ်အသုံးပြုနိုင်သည်။

စနေသားသမီးများ ကံကောင်းစေလိုသော်…..တောင်အရပ်မှာ ထီးနီ သို့ တံခွန်စိုက်ခြင်း၊ ကံကော်ပင် စိုက်ပျိုးခြင်း ပြုလုပ်ပါ။အနောက်တောင်အရပ် လမ်းဘေးဝဲယာတွင် ကြက်ဆူးပင်၊ ကြံပင်စိုက်ပါ။

စနေသားသမီးများ နက်ပြာရောင်ရှိသော နီလာရတနာ ဝတ်ဆင်ပါ။

ျအကျိုးပေးသောအက္ခရာနှင့်ဂဏန်းများမှာ(အ၊ ဆ၊ မ၊ က)(၂- ၆- ၅- ၈)

ယတြာ ➖ မိမိမွေးနေ့တွင် အုန်းညွန့်၊ အင်းကြင်းညွန့်၊ စံပယ်ပန်း၊ သြဇာညွန့်(၁၁)ညွန့် ငွေထီး(၁၁)လက်၊ ယပ်တောင်(၈)ချောင်း ပူဇော်ပေးပါ။ အသက်ရွယ်အိုးကြီးများ၊ သံဃာတော်များနှင့် အကြီးအကဲပုဂ္ဂိုလ်များအား အဝတ်အထည်၊ ဆပ်ပြာမွှေးခဲ၊ ထီး၊ ဖိနပ်များလှူပေးပါ။ ဘုရားတွင်(ဝိဇ္ဇာစရဏ သမ္ပန္နော ) ဂုဏ်တော်ရွတ်ဆိုပြိး ပုတီး(၃)ပတ်စိတ်ပါ။

Source : ဆရာဟိန်းထက်စံ (ဗေဒင်နှင့်ယတြာ)

"Myanmarload's content is copyrighted and only allowed to appear on Myanmarload website. Please respect our copyrights"
Myanmarload မှရေးသားသောသတင်းများသည် Myanmarload၏ မူပိုင်သတင်းများဖြစ်ပြီး Myanmarload Website ထဲတွင်သာ ဖတ်ရှုနိုင်ပါသည်။ ကျွန်ုပ်တို့၏ မူပိုင်ခွင့်ကိုလေးစားသောအားဖြင့် တစ်ဆင့်ကူးယူဖော်ပြခြင်းမပြုရန် မေတ္တာရပ်ခံအပ်ပါသည်။