အွန်လိုင်းပေါ်ကနေ တီတီတာတာ စကားလေးတွေ ပြောရင်း စကားတတ်လွန်းလို့ ပရိသတ်တွေရဲ့ အချစ်ကို ပအိုင်တိုင် ခဲ့သလို လက်ရှိမှာ အနုပညာရှင် ကလေးတစ်ယော်က အနေနဲ့ သာမက ကြော်ငြာမင်းသမီး လေး အဖြစ်ပါ အောင်မြင်နေပြီဖြစ်ပါတယ်။ အသက်(၄) နှစ်သာ ရှိသေးပေမဲ့လည်း အရွယ်နဲ့ မလိုက်အောင် စကားတတ်လွန်းတာရယ်၊ ချစ်ဖို့ ကောင်းအောင် အမူအရာတွေ လုပ်တတ်လွန်းတာရယ် ကြောင့် အများပြည်သူ ပရိသတ်တွေရဲ့ အချစ်ကို သာမက အနုပညာအသိုင်းအဝိုင်းကပါ သူမကို ချစ်ခင်ပေးကြပါတယ်။


မကြာသေးခင် ကပဲ သူမရဲ့ အသက်(၄) နှစ် ပြည့်မွေးနေ့လေးကို နေခြည်ဦး၊ ဖြိုးပြည့်စုံနဲ့ နီနီ ခင်ဇော် တို့က တက်ရောက်ခဲ့ကြသလို လက်ရှိ မှာတော့ ခသုံးလုံးက ရွေးချယ်ထားတဲ့ ကလေးသရုပ်ဆောင် အနေနဲ့ ထိပ်ထားလေးက စတင်သရုပ်ဆောင်တော့မှာ ဖြစ်ပါတယ်။ ခသုံးလုံး ရုပ်ရှင် ထုတ်လုပ်ရေးကတော့ ကိုခန့်(ခန့်စည်သူ) ၊ မခိုင်လေး( ခိုင်သင်းကြည်) ၊ မခိုင်(ထွန်းအိန္ဒြာဗို ) တို့ရဲ့ သုံးယောက်ပေါင်း ပူးပေါင်းတည်ထော်ငထားတဲ့ ထုတ်လုပ်ရေးတစ်ခုဖြစ်ပြီး မကြာသေးခင်ကပဲ သရုပ်ဆောင်မင်းသား၊ မင်းသမီးသစ်တွေကို ရွေးချယ်ခဲ့တာဖြစ်ပါတယ်။




ခသုံးလုံး ရုပ်ရှင် ထုတ်လုပ်ရေးရဲ့ ဒုတိယ ရုပ်ရှင် ဖြစ်တဲ့ " အောက်ဖဲ မလှန်ကြေးနော်" ရုပ်ရှင် ဇာတ်ကားကြီးကို လက်ရှိ ငပလီမှာ ရိုက်ကူေးနတာဖြစ်ပြီး ဒိတ်ဒိတ်ကျဲ မင်းသမီး၊ မင်သားတွေ ဖြစ်ကြတဲ့ မခိုင်လေး၊ မခိုင် ၊ ကိုခန့်၊ ကျော်ရဲအောင်၊ ထွန်းထွန်း၊ နေခြည်ဦး ၊ ရွှေပိုးအိမ် တို့ နဲ့ အတူ ထိပ်ထားလေးကပါ ကလေးသရုပ်ဆောင်အဖြစ် ရုပ်ရှင်မှာ ရိုက်ကူးမှာ ဖြစ်ပါတယ်။ရုပ်ရှင်ရိုက်ကူေးနစဉ်မှာ သမီးလေး ထိပ်ထားသခင်ရဲ့ မိဘတွေ ပါ အတူလိုက်ပါခဲ့ပြီး မခိုင်ရဲ့ သမီးချောလေးဖြစ်တဲ့ "စံထိပ်ထားဦး" နဲ့ ပါ အတူတူတွေ့ ဆုံခဲ့သလို ထိပ်ထားလေး နှစ်ယောက် ဆုံတွေ့ခဲ့ရလို့ ပျော်ရွှင်ခဲ့ရပါသေးတယ်။
source: ထိပ်ထားသခင် ;



"Myanmarload's content is copyrighted and only allowed to appear on Myanmarload website. Please respect our copyrights"
Myanmarload မှရေးသားသောသတင်းများသည် Myanmarload၏ မူပိုင်သတင်းများဖြစ်ပြီး Myanmarload Website ထဲတွင်သာ ဖတ်ရှုနိုင်ပါသည်။ ကျွန်ုပ်တို့၏ မူပိုင်ခွင့်ကိုလေးစားသောအားဖြင့် တစ်ဆင့်ကူးယူဖော်ပြခြင်းမပြုရန် မေတ္တာရပ်ခံအပ်ပါသည်။