ပရိသတ်တွေအားကျရလောက်အောင် သာယာပျော်ရွှင်တဲ့အိမ်ထောင်ရေးလေးကို ပိုင်ဆိုင် ထားတဲ့ အနုပညာရှင်တွေထဲမှာ မင်းသားချောပိုင်ဇေရဲထွန်းတို့ ဇနီးမောင်နှံ လေး က တော့ တကယ့်ကို ကြည်နူးအားကျစရာလေးပါပဲနော်..။

ချစ်ဇနီးချောလေးကို အမြဲအချစ်ပို အလိုလိုက်တတ်တဲ့ မင်းသားချောပိုင်ဇေရဲထွန်းကတော့ အရှေ့တောင်အာရှရဲ့အချစ်တတ်ဆုံးယောင်္ကျားတွေထဲ တစ်ဦးဆိုလည်း မှားမယ် မထင် ပါဘူး..။

ပရိသတ်တွေအမြဲအားကျကြည်နူးရတဲ့ ပိုင်ဇေရဲထွန်းတို့ဇနီးမောင်နှံလေးကတော့ ပရိသတ် တွေ အားကျအောင် လုပ်ချလိုက်ပြန်ပါပြီနော် ။ ရာသီဥတုကလဲ ပူ ငရုတ်သီးကလဲစပ် ဆိုတဲ့စာသားနဲ့အတူ သူ့ရဲ့ချစ်ဇနီးလေး ဇင်သဲနိုင်က သူမရဲ့ပုံရိပ်အချို့ကို လူမှုကွန်ယက် စာမျက်နှာမှာ တင်ခဲ့တာဖြစ်ပါတယ် ။

ဒါပေမယ့် ဒီပုံလေးမှာ ချွေးတေပြန်ပြီး ပူနေတဲ့ချစ်ဇနီးလေးရဲ့ ဆံပင်ကို မ ပေးထားတဲ့ ပိုင်ဇေရဲထွန်းရဲ့အပြုမူလေးကို ပရိသတ်ကြီးတွေ့ပါတယ်နော် ။

ချစ်ဇနီးလေးကို ဘယ်လောက်ထိချစ်ကြောင်း သူ့ရဲ့ဂရုတစိုက်ရှိတတ်တဲ့ အပြုမူလေးတွေက သက်သေပြနေတာငြင်းစရာမလိုပါဘူး ပရိသတ်ကြီးရေ .. ။

ကလေး သုံးယောက်မိခင်ဖြစ်တဲ့အပြင် သူ့ထက် အသက်၁၀နှစ် ငယ်တဲ့ချစ်ဇနီးလေးကို ခုချိန်ထိ ကလေးလေးလို ဂရိုစိုက်ပြီး ချစ်နေတာကို မြင်ရတာ တကယ်ကို ကြည်နူးစရာ ကောင်းလွန်းပါတယ်နော် ။

ပိုင်ဇေရဲထွန်းနဲ့ သူရဲ့ချစ်ရတဲ့ ဇနီးချောလေး ဇင်သဲနိုင်တို့ကတော့ လက်တလော ပရိသတ် တွေကြားမှာ အရမ်း ကိုရေပန်းစားနေတဲ့ အနုပညာရှင်စုံတွဲလေးတွေထဲမှာ တစ်တွဲ အပါ အဝင်ပဲ ဖြစ်ပါတယ်။

ချစ်စရာကောင်းတဲ့သားသားမီးမီးလေးတွေ (၃)ယောက်ရလာတဲ့အထိ ကြင်စဦးဇနီးမောင်နှံ လေးတွေလို တစ်ယောက်ကိုတစ်ယောက် ဂရုစိုက်မှု၊ကြင်နာမှု၊ မပြောင်းလဲတဲ့အချစ် တွေ နဲ့ ချစ်ကြတဲ့ သူတို့ဇနီးမောင်နှံလေးကတော့ မြင်တဲ့သူတိုင်းအားမကျပဲ မနေနိုင်လောက် အောင်ပါပဲ ပရိသတ်ကြီး ရေ။

Source : Zin Thae Naing

"Myanmarload's content is copyrighted and only allowed to appear on Myanmarload website. Please respect our copyrights"
Myanmarload မှရေးသားသောသတင်းများသည် Myanmarload၏ မူပိုင်သတင်းများဖြစ်ပြီး Myanmarload Website ထဲတွင်သာ ဖတ်ရှုနိုင်ပါသည်။ ကျွန်ုပ်တို့၏ မူပိုင်ခွင့်ကိုလေးစားသောအားဖြင့် တစ်ဆင့်ကူးယူဖော်ပြခြင်းမပြုရန် မေတ္တာရပ်ခံအပ်ပါသည်။