အိစိကွေး

ကလေးသရုပ်ဆောင် ဖြစ်တဲ့ အိစိကွေး ကတော့ ငယ်စဉ်ကတည်းက ဝါရင့်သရုပ်ဆောင်တွေနဲ့ အပြိုင် အမြဲတမ်းသရုပ်ဆောင်ခဲ့သူဖြစ်ပါတယ်။ အငို၊ အပြုံးကတော့ ပြောစရာမလိုအောင် ပိုင်နိုင်သလို ငယ်စဉ်ကတည်းက လူချစ်လူခင်များတဲ့ ကလေးလေး တစ်ယောက်ဖြစ်ပါတယ်။ ခုချိန်ခမှာတော့ လူပျိုပေါက် အရွယ်ရောက်လို့ သရုပ်ဆောင်၊ အဆိုတော် တစ်ယောက် အဖြစ်ရပ်တည်လျှက်ရှိသလို သူ့ရဲ့ သီချင်းဖြစ်တဲ့ "အလွမ်းရဲ့ အရသာ" ဆိုတဲ့ သီချင်းလေးကို မကြာသေးခင်ကပဲ Hanna Yuri နဲ့ ရိုက်ကူးထားပါသေးတယ်။

ယွန်းယွန်း

ကလေးသရုပ်ဆောင်ကောင်းတစ်ယောက်ဖြစ်တဲ့ ယွန်းယွန်းလေးကတော့ လက်ရှိမှာ အသက်(၁၈) နှစ် ရျိပြီ ဖြစ်သလို " တိမ်မင်းသမီး ဒဏ္ဋာရီ" ရုပ်ရှင် ဇာတ်ကားကြီးနဲ့ အကယ်ဒမီ ကလေးသရုပ်ဆောင် အထူး ဆုကြီးကို ရယူနိုင်ခဲ့သူလည်း ဖြစ်ပါတယ်။ ငယ်ရွယ်စဉ်ကတည်းက ကလေးသရုပ်ဆောင် တစ်ယောက် အနေနဲ့ လက်ရှိမှာခေါင်းဆောင် မင်းသမီးတစ်ယောက် အဖြစ် သရုပ်ဆောင်နေပြီ ဖြစ်သလို အရမ်းကို လှပနေပြီ ဖြစ်တဲ့ အပျိုဖားဖား အရွယ်ကို ရောက်ရှိလို့ လာပြီ ဖြစ်ပါတယ်။

ဟဲဗီးဖြိုး

"ဦးလေး ၆ လစာ ပေးပါ။ " ဆိုပြီး လေဆာသွားတိုက်မှာ ကြော်ငြာခဲ့တဲ့ လူကောင်ညက်စိလေးနဲ့ အသံညောင်ညောင်နာနာ ကလေးလေးဖြစ်တဲ့ ဟဲဗီးဖြိုး ကို ပရိသတ်တွေ သိမယ် ထင်သလို သူကတော့ အကောင်သေးသေးနဲ့ စွာတေးလန်တဲ့ ကာရိုက်တာတွေနဲ့ အထူးလိုက်ဖက်သူပါ။ " ကျွန်မက နှင်းဆီပါ မောင်" ရုပ်ရှင်ဇာတ်ကားကြီးမှာတော့ "ထားသခင် " အဖြစ် ယွန်းယွန်း နဲ့ အတူ နေတိုးရဲ့ ငယ်ဘ၀ ဇာတ်ကောင် ဖြစ်တဲ့ "ခွန်းသ" အဖြစ် သရုပ်ဆောင်ခဲ့ပါသေးတယ်။ လက်ရှိမှာတော့ ဟဲဗီးဖြိုး ဟာ ရဲရင့်အောင် အဖြစ်နဲ့ မြင်တွေ့ရတဲ့ " နှလုံးသားနဲ့ အနီးဆုံး" ဆိုတဲ့ ဇာတ်လမ်းတွြလေးကို မကြာခင် ထုတ်လွှင်ပြသတော့မှာ ဖြစ်ပါတယ်။

စုမေ

"Hi Tea, Hi Tea"နဲ့ "ကော်ဖီဆို ဂျာဗာ " ဆိုပြီး ချစ်စရာအသံလေးနဲ့ ပြည့်ပြည့်ဖောင်းဖောင်း ၀၀ကစ်ကစ်လေးနဲ့ စုမေ လေးကို ပရိသတ်တွေ အရမ်းကို ချစ်ခဲ့ကြမှာပါ။ စုမေ လေး ခေါ် ခင်မွန်မေ ကတော့ လက်ရှိမှာ အပျိုပေါက် အရွယ်လေးကို ရောက်ရှိလာပြီ ဖြစ်သလို သူမရဲ့ ချစ်စရာကောင်းတဲ့ ငယ်ရုပ်လေးကတော့ မပျောက်သေးဘူးလို့ ပဲ ဆိုရမှာပါ။ အရမ်းကို ချစ်စရာကောင်းတဲ့ စုမေလေးကတော့ လက်ရှိမှာ အနုပညာအလုပ်တွေဘက်ကို အားမပြုနိုင်သေးပဲ ပညာရေးဘက်ကိုပဲ ကြိုးစားနေသူ လို့ ဆိုရမှာပါ။

ကိကိ (ကိကိကျော်ဇော)

"သူငယ်ချင်းလေးပါတဲ့" ဆိုတဲ့ စိုင်းစိုင်းရဲ့ သီချင်းလေးထဲမှာ သရုပ်ဆောင်ခဲ့တဲ့ ကောင်လေး ကိကိကို ပရိသတ်တွေ ရင်းနှီးခဲ့ကြမယ် ဆိုသလို ကိကိကတော့ သူ အရွယ်ရောက်လာစဉ်မှာ သရုပ်ဆောင် တစ်ယောက် အနေနဲ့ ထက် သူကတော့ ဂီတလမ်း အဆိုတော် တစ်ယောက် ဘဝကိုရွေးချယ်ခဲ့သူပါ။ လက်ရှိ သြစတျေးယျ မှာ နေထိုင်ပြီး ချစ်သူ ရနေပြီ ဖြစ်သလို သူ့ရဲ့ ကိုယ်ပိုင် သီချင်း Album ဖြစ်တဲ့ "ပြသနာ" သီချင်းခွေလေး လည်း ထွက်ရှိခဲ့ပြီး ဖြစ်ပါတယ်။

source:Heavy Phyo, khin Myat Mon, Kiki Kyaw zaw , yoon yoon, Eisi kway ;

"Myanmarload's content is copyrighted and only allowed to appear on Myanmarload website. Please respect our copyrights"
Myanmarload မှရေးသားသောသတင်းများသည် Myanmarload၏ မူပိုင်သတင်းများဖြစ်ပြီး Myanmarload Website ထဲတွင်သာ ဖတ်ရှုနိုင်ပါသည်။ ကျွန်ုပ်တို့၏ မူပိုင်ခွင့်ကိုလေးစားသောအားဖြင့် တစ်ဆင့်ကူးယူဖော်ပြခြင်းမပြုရန် မေတ္တာရပ်ခံအပ်ပါသည်။