အနုပညာလောကမှာ ကိုယ်စီအောင်မြင်မှုတွေ ရရှိထားသလို ပရိသတ်တွေအားကျရလောက်အောင် သာယာပျော်ရွှင်တဲ့ အချစ်ရေးလေးကိုလည်း ပိုင်ဆိုင်ထားတဲ့ အနုပညာရှင်စုံတွဲလေးကတော့ G-Fatt နဲ့ နန်းဆုရတီစိုးတို့ ဆယ်လီစုံတွဲလေးပါပဲ..။
ဝါသနာတူတဲ့ သူတို့စုံတွဲလေးကတော့ အမြဲလိုက်ဖက်ညီချစ်စရာကောင်းသလို ကြည်နူးပျော်ရွှင်မှုတွေနဲ့အတူ အမြဲရိုမန်တစ်ဆန်တတ်တဲ့ စုံတွဲလေးတစ်တွဲဆိုလည်း မမှားပါဘူး..။
အခမ်းအနားပွဲတော်တော်များများကိုလည်း စုံတွဲလေးတတ်ရောက်ဖြစ်တတ်သလို သူတို့ရဲ့ အချစ်ရေးလေးတွေကို သီချင်းလေးတွေအဖြစ် ဖန်တီးပြီး ပရိသတ်တွေကို အမြဲဝေမျှတတ်သူလေးတွေလည်း ဖြစ်ပါတယ်..။
အောက်တိုဘာ(၁၁)ရက်နေ့က ရန်ကုန်၊ Sule-Shangrila မှာပြုလုပ်ခဲ့တဲ့ Citra ရဲ့ အလှကုန်ပစ္စည်း မိတ်ဆက်ပွဲအခမ်းအနားကို တတ်ရောက်ရင်း သူမတို့ရဲ့အချစ်လေးအကြောင်းကို ပရိသတ်တွေကို ပြောပြလာပါတယ်..။
"မေမေဆူမှာစိုးလို့" သီချင်းလေးထဲမှာ သူတို့ရဲ့ အကြောင်းလေးတွေ ပါဝင်သလို အချစ်ရေးလေးမှာလည်း သဘောထားတိုက်ဆိုင်တဲ့အချိန်ကများပေမယ့် သဘောထား မတိုက်ဆိုင်တဲ့အချိန်တွေမှာလည်း ညှိယူဖြစ်ပြီးတော့ နှစ်ယောက်လုံးက အနုပညာအလုပ်တွေကိုယ်စီနဲ့မို့ တစ်ယောက်နဲ့တစ်ယောက် တွေ့ဖို့ အခက်အခဲလေးတွေလည်းရှိပေမယ့် တွေ့ဖြစ်ဖြစ် မတွေ့ဖြစ်ဖြစ် ရင်ထဲက ခံစားချက်က အရေးကြီးပါပဲတဲ့..။
"မိန်းကလေးတိုင်း စိတ်ကောက်တတ်တာမို့ နန်းဆုကလည်း စိတ်ကောက်တတ်ပါတယ် စိတ်ကောက်တော့လည်း ချောပေါ့.. အချော့ခံချင်သေးတာမို့ စိတ်ကောက်ချင်သေးပေမယ့် သူကစိတ်ရှည်လက်ရှည်ချော့တော့ ကြာကြာစိတ်မကောက်လို့လည်း မရဘူး.." လို့ ပွင့်ပွင့်လင်းလင်းနဲ့ ချစ်စဖွယ်လေး ပြောပြထားပြီး မင်္ဂလာသတင်းလေးကတော့ လိုပါသေးတယ် ဆိုပြီးတော့လည်း ပြောပြထားပါသေးတယ်..။
Photo - နန်းဆု
"Myanmarload's content is copyrighted and only allowed to appear on Myanmarload website. Please respect our copyrights"
Myanmarload မှရေးသားသောသတင်းများသည် Myanmarload၏ မူပိုင်သတင်းများဖြစ်ပြီး Myanmarload Website ထဲတွင်သာ ဖတ်ရှုနိုင်ပါသည်။ ကျွန်ုပ်တို့၏ မူပိုင်ခွင့်ကိုလေးစားသောအားဖြင့် တစ်ဆင့်ကူးယူဖော်ပြခြင်းမပြုရန် မေတ္တာရပ်ခံအပ်ပါသည်။