အောက်တိုဘာလ ၁၁ ရက်နေ့က အကောင့်အဟက်ခံရပြီး နောက်ပိုင်းဝေဖန်မှုတွေ ပြင်းပြင်းထန်ထန် ခံစားခဲ့ရတဲ့ ဟိန်းမင်းသူဟာ အောက်တိုဘာ ၁၂ ရက်နေ့ မှာ အရေးပေါ်သို့ ရောက်ခဲ့တာ ဖြစ်ပါတယ်။ ယခုလက်ရှိမှာ ဟိန်းမင်းသူ ဟာ ဂျပန်ဆေးရုံကြီး အမျိုးသားကုသဆောင်မှာ ဆေးကုသမှု ခံယူနေရတယ်လို့ သိရပါတယ် ။

ဟက်ကာများက ဟိန်းမင်းသူနဲ့ အနုပညာရှင်တချို့ အချင်းချင်းပြောဆိုထားတဲ့ စာများကို အများပြည်သူများမြင်စေရန် ဖြန့်ဝေခဲ့ခြင်းဖြစ်ပြီး အဲဒီစာတွေမှာ အနုပညာရှင်တွေရဲ့ ဂုဏ်သိက္ခာ ထိခိုက်စေတဲ့ အကြောင်းအရာမျာ းပါဝင်နေခဲ့တာ ဖြစ်ပါတယ်။ဟိန်းမင်းသူရဲ့ အနုပညာညီအကို မောင်နှမတွေဖြစ်ကြတဲ့ ဂျင်းနီ၊ ထက်အောင်ရှိုင်း၊ စစ်သွေး၊ အောင်မင်းခန့်၊ စမိုင်း၊ အောင်လေး၊ စိုပြေမြင့်၊ လင်းထူးသျှ နဲ့ ဒီဇိုင်နာ လွင်ခန့်မောင်တို့ ဒီအဖြစ်အပျက် နဲ့ ပတ်သက်ပြီး ဟိန်းမင်းသူဘက်ကနေရပ်တည် ပေးခဲ့ကြတာကိုတွေ့ရပါတယ်။

ယခုလက်ရှိ ဟိန်းမင်းသူရဲ့ ဖေ့စ်ဘုတ်အကောင့်မှာ ဟက်ကာတွေ တင်ထားခဲ့တဲ့ ပို့စ်တွေကို ပြန်ဖျက်ထားတာ တွေ့ရပါတယ်။ ဟိန်းမင်းသူဟာ အောက်တိုဘာလ ၉ ရက်နေ့က Heart Attack ဖြစ်လို့ ရုတ်တရက် ဆေးရုံတင်ထားရတဲ့လို့ သိရပြီး နောက်ပိုင်းမှာ ဒီလိုကိစ္စတွေ ဆက်တိုက်ဖြစ်ပေါ်လာခဲ့တာဖြစ်ပါတယ်။လက်ရှိအခြေအနေမှာ ဟိန်းမင်းသူရဲ့ အခြေအနေဟာ တည်ငြိမ်နေတယ်လို့သိရပြီး ဆေး့ုသမှုများဆက်လက်ခံနေရသေးတယ် လို့ သိရပါတယ်။ ပရိသတ်ကြီး ရော အွန်လိုင်းပေါ်က လူတစ်ယောက်ခြင်းစီရဲ့ ဝေဖန်မှုတွေက အသက်သေဆုံးတဲ့အထိဖြစ်စေနိုင်တာကို လက်ခံမခံ မှတ်ချက်မှာပြောပြခဲ့ကြပါနော်။

သတင်းအရင်းအမြစ် - ဂျင်းနီ၊ ထက်အောင်ရှိုင်း၊ စစ်သွေး၊ အောင်မင်းခန့်၊ စမိုင်း၊ အောင်လေး၊ စိုပြေမြင့်၊ လင်းထူးသျှ နဲ့ ဒီဇိုင်နာ လွင်ခန့်မောင်  

"Myanmarload's content is copyrighted and only allowed to appear on Myanmarload website. Please respect our copyrights"
Myanmarload မှရေးသားသောသတင်းများသည် Myanmarload၏ မူပိုင်သတင်းများဖြစ်ပြီး Myanmarload Website ထဲတွင်သာ ဖတ်ရှုနိုင်ပါသည်။ ကျွန်ုပ်တို့၏ မူပိုင်ခွင့်ကိုလေးစားသောအားဖြင့် တစ်ဆင့်ကူးယူဖော်ပြခြင်းမပြုရန် မေတ္တာရပ်ခံအပ်ပါသည်။