ပရိသတ်အချစ်တော်ဂျင်းကောင်မှာ ဘယ်သူမှထင်မထားတဲ့ လျို့ဝှက်ချက်လေး တစ်ခုရှိလို့နေပါတယ်။ ဒါကတော့ လေယာဉ်စီးရမှာကို ကြောက်တတ်တဲ့ အကျင့် လေးပါပဲ။ Gangsta ရုပ်ရှင်ဇာတ်ကားမှာ လူမိုက်ဇာတ်ရုပ်နဲ့ သရုပ်ဆောင်ခဲ့ပေမယ့် ဂျင်း ကောင်လေးကတော့ လေယာဉ်စီးရမှာကို ကြောက်တတ်တဲ့အကျင့်ရှိတာ တကယ်ကို ထင်မှတ်မထားတဲ့ ဖြစ်ရပ်တစ်ခုပါပဲ။ ရုပ်ရှင်ဇာတ်ကားကြီးတော်တော်များများမှာ ပါဝင် သရုပ်ဆောင်ရတဲ့အောင်မြင်တဲ့အနုပညာရှင်တစ်ယောက်လည်းဖြစ်ပါတယ်။

ပရိသတ်တွေမျှော်မှန်းထားသလို အကယ်ဒမီဆုကြီးကိုလည်း အရယူနိုင်ခဲ့ပြီး အောင်မြင် တဲ့ မင်းသားတစ်လက်အဖြစ်နဲ့ အနုပညာလမ်းကြောင်း ပေါ်မှာ ရပ်တည်နေခဲ့တာလည်း ဖြစ်ပါတယ်။ အနုပညာအလုပ်တွေကိုလည်းလုပ်ကိုင်ရင်းနဲ့ ချစ်စရာကောင်းတဲ့သားလေး နဲ့အတူ ပျော်ရွှင်စရာ မိသားစုဘဝလေးကိုပိုင်ဆိုင်ထားတာဖြစ်ပါတယ်။

မနေ့ကဖြစ်ခဲ့တဲ့ ယုန်လေးတို့ လေယာဉ်ခရီးစဉ်စက်ချို့ယွင်းမှုအကြောင်းကို ယုန်လေးက Video တစ်ခုနဲ့တင်ထားခဲ့ပြီး ဒီ Post အောက်မှာတော့ K ညီက" မျက်နှာက တော်တော်သွေးပျက်နေတဲ့ ပုံပဲ အော်ရီဂျင်နယ်ဂန်းစတားက ဂန်းစတားပဲ လေယာဉ်ပျက် ကျတာက ပျက်ကျတာပဲ ကြောက်တာပေါ့ " ဆိုပြီး ယုန်လေးကို စနောက်ခဲ့တဲ့အပေါ်မှာ ယုန်လေးက " haa haa haa . chee doad gyi .မြင့်မြတ် မြင်မှားဆိုးလို့ လေယှဉ်ပိုကြောက် မှာဆိုးလို့မတင်တာ .နိုင်းဝမ်းတင်လိုက်တော့ သိပြီး သတင်းတွေမေးနေတယ် .haa haa haa " ဆိုပြီး ပြန်လည်ပြောတဲ့အပေါ် Kညီက " သချာသွားပြီ ဘယ်ခေါ်ခေါ် လေယာဉ်နဲ့ ဗိုလ်ကြီး မြင့်မြတ် ကလိုက်မှာမဟုတ်တော့ဘူး " ဆိုပြီး ပြန်လည်ပြောဆို ခဲ့တာပဲဖြစ်ပါတယ်။ Gangsta ဂျင်းကောင်တစ်ယောက် လေယာဉ်ကြောက်တယ်ဆိုတာ တကယ်ကိုမယုံနိုင်စရာ ပါပဲ။

SOURCE:Yone Lay


"Myanmarload's content is copyrighted and only allowed to appear on Myanmarload website. Please respect our copyrights"
Myanmarload မှရေးသားသောသတင်းများသည် Myanmarload၏ မူပိုင်သတင်းများဖြစ်ပြီး Myanmarload Website ထဲတွင်သာ ဖတ်ရှုနိုင်ပါသည်။ ကျွန်ုပ်တို့၏ မူပိုင်ခွင့်ကိုလေးစားသောအားဖြင့် တစ်ဆင့်ကူးယူဖော်ပြခြင်းမပြုရန် မေတ္တာရပ်ခံအပ်ပါသည်။