ပရိသတ်ကြီးရေ မင်းသမီးလေး ပိုးကြာဖြူခင်ကတော့ MRTV-4 ဇာတ်လမ်းတွဲလေးတွေကတစ်ဆင့် လူသိများအောင်မြင်လာခဲ့သူ ဖြစ်ပါတယ်။ နက်မှောင်တောက်ပတဲ့ ဆံနွယ်လေးတွေရဲ့ပိုင်ရှင်လေး ပိုးက အမြဲလိုလို မြန်မာဆန်ဆန်ဝတ်စား ဆင်ယင်တတ်တာကြောင့် ယဉ်ယဉ်လေးနဲ့လှသူလေးအဖြစ် ပရိသတ်တွေကြားမှာ ရေပန်းစားလေ့ရှိပါတယ်။ လတ်တလောမှာ သူမက ဇာတ်လမ်းတွဲတွေနဲ့ ကြော်ငြာတွေ မနားတမ်းရိုက်ကူးနေရတာလည်း ဖြစ်ပါတယ်။
ဇာတ်လမ်းတွဲများစွာနဲ့ နာမည်ရလာခဲ့တဲ့ သူမက မကြာသေးခင်ကမှ ဇာတ်သိမ်းသွားခဲ့တဲ့ "မိုးကောင်းကင်အိပ်မက်" ဇာတ်လမ်းတွဲလေးမှာလည်း ခေါင်းဆောင်မင်းသမီးလေးအဖြစ် ပါဝင်သရုပ်ဆောင်ခဲ့တာ ဖြစ်ပါတယ်။ ဒီဇာတ်လမ်းတွဲလေးမှာ ပိုးက ဆိုင်းမိုင်ဆိုတဲ့ကောင်မလေးနေရာကနေ သရုပ်ဆောင်ခဲ့ပြီး ပရိသတ်တွေရဲ့ တစ်ခဲနက်အားပေးမှုရရှိခဲ့ပါတယ်။ အခုလည်း ပိုးက "မကြာခင် သီတင်းကျွတ်တော့မယ် ဆိုတော့လဲ "ဆိုပြီး မင်္ဂလာပွဲလေးအတွက် ကြိုတင်ပြင်ဆင်နေတဲ့ သူမရဲ့ပုံရိပ်လေးတွေကို တင်ထားတာ တွေ့ရပါတယ်။
အဖြူရောင်မင်္ဂလာဝတ်စုံလေးတွေကို စိတ်တိုင်းကျဝတ်ဆင်နေတဲ့ သူမက မကြာခင်မှာကျင်းပပြုလုပ်တော့မယ့် Aroma wedding show ပွဲလေးမှာ သတို့သမီးလေးတစ်ဦးအဖြစ်ပါဝင်မှာပဲ ဖြစ်ပါတယ်။ ဒါကြောင့် သူမက October 14 ရက်နေ့ Gandamar grand ball room မှာ ကျင်းပမယ့် ဒီပွဲလေးအတွက် ပရိသတ်တွေကို ဖိတ်ခေါ်ရင်း ခန္ဓာကိုယ် fitting ကိုယ်တိုင်းအတွက် ပြင်ဆင်ရင်း ခမ်းနားတဲ့ဝတ်စုံလေးတွေနဲ့ အလှကြီးလှနေတာ တွေ့ရပါတယ်။ ကဲ ချစ်ပရိသတ်တွေအတွက် မင်းသမီးလေးပိုးကြာဖြူခင်ရဲ့ အလှပုံရိပ်လေးတွေကို တင်ဆက်ပေးလိုက်ပါတယ်နော်။
Source:Poe Kyar Phyu Khin;
"Myanmarload's content is copyrighted and only allowed to appear on Myanmarload website. Please respect our copyrights"
Myanmarload မှရေးသားသောသတင်းများသည် Myanmarload၏ မူပိုင်သတင်းများဖြစ်ပြီး Myanmarload Website ထဲတွင်သာ ဖတ်ရှုနိုင်ပါသည်။ ကျွန်ုပ်တို့၏ မူပိုင်ခွင့်ကိုလေးစားသောအားဖြင့် တစ်ဆင့်ကူးယူဖော်ပြခြင်းမပြုရန် မေတ္တာရပ်ခံအပ်ပါသည်။