မော်ဒယ်သရုပ်ဆောင်လောကမှာသာမကအဆိုအပိုင်းမှာပါအောင်မြင်မှုတွေအပြည့်နဲ့
သိမ်းပိုက်ထားနိုင်တာကတော့ချစ်စရာပုံရိပ်လေးတွေပိုင်ဆိုင်ထားတဲ့ဝါဆိုမိုးဦးပဲဖြစ်ပါတယ်။
ပျော်ရွှင်စရာကောင်းတဲ့အချစ်ရေးကိုပိုင်ဆိုင်ထားတာဖြစ်ပါတယ်။ဖြိုးလေးနဲ့ဝါဆိုမိုးဦးကတော့
ပရိတ်သတ်တွေအားကျလောက်တဲ့ချစ်သူနှစ်ဦးပဲဖြစ်ပါတယ်။


နှစ်ယောက်တူတူခရီးတွေထွက်ပြီးနှစ်ယောက်တူတူပုံလေးတွေအမြဲတင်လေ့ရှိပါတယ်။
တစ်ယောက်အလုပ်ကိုတစ်ယောက်ဘေးကနေကူညီပေးနေတာလေးကလည်းပရိတ်သတ်တွေ
အားကျစရာပဲဖြစ်ပါတယ်။ဒီနေ့မှာတော့သူတို့နှစ်ယောက်ရဲ့ချစ်သူသက်တမ်းဟာ၂နှစ်နဲ့၁၀လပြည့််ခဲ့ပါပြီ။
၂နှစ်နဲ့၁၀လပြည့်တိုင်အောင်တစ်ယောက်ကိုတစ်ယောက်ချစ်ချစ်ခင်ခင်ကြင်ကြင်နာနာလေး
ချစ်နေတာလေးကတော့ပရိတ်သတ်တွေအားကျပြီးချစ်နေမှာအမှန်ပါ။


ဝါဆိုမိုးဦးကတော့ဒီနေ့မှာကျရောက်တဲ့ဖြိုးလေးရဲ့ချစ်သူသက်တမ်း၂နှစ်နဲ့၁၀လပြည့်လေးမှာဖြိုးလေးအတွက် Anniversaryဆုတောင်းစကားလေးကိုပြောထားတာပါ။ဖြိုးလေးကလည်းCommentကနေ "Happy Anni ပါသဲလေး"ဆိုပြီးနှစ်ယောက်တူတူအချစ်တွေနဲ့ပရိတ်သတ်ကြီးအားကျစေတာပါ။ဒီနေ့မှာကျရောက်တဲ့
၂နှစ်နဲ့၁၀လကနေပြီးတော့နှစ်ပေါင်းများစွာကြာပျော်ရွှင်အေးချမ်းတဲ့အချစ်ခရီးလမ်းလေးဖြစ်ပါစေလို့
ပရိတ်သတ်တွေနှင့်တူတူဆုတောင်းပေးလိုက်ကပါတယ်။


SOURCE:Warso Moe Oo
"Myanmarload's content is copyrighted and only allowed to appear on Myanmarload website. Please respect our copyrights"
Myanmarload မှရေးသားသောသတင်းများသည် Myanmarload၏ မူပိုင်သတင်းများဖြစ်ပြီး Myanmarload Website ထဲတွင်သာ ဖတ်ရှုနိုင်ပါသည်။ ကျွန်ုပ်တို့၏ မူပိုင်ခွင့်ကိုလေးစားသောအားဖြင့် တစ်ဆင့်ကူးယူဖော်ပြခြင်းမပြုရန် မေတ္တာရပ်ခံအပ်ပါသည်။