မြန်မာဂျေဘီလို့ ပရိသတ်တွေချစ်စနိုးနဲ့ခေါ်ကြတဲ့ အဆိုတော်ချောလေး ဟိန်းမင်းသူကတော့ တေးသီချင်ေးကာင်းလေးတွေနဲ့ အတူ မိန်းကလေးပရိသတ်တွေရဲ့ အားပေးဝန်းရံမှုတွေကို အခိုင်အမာရရှိထားကြတဲ့ အဆိုတော်ချောလေးပဲ ဖြစ်ပါတယ်..။

နှုတ်ခမ်းနီမလေးတွေရဲ့ အချစ်တော်ဟိန်းမင်းသူကတော့ ပြီးခဲ့တဲ့နာရီပိုင်းလောက်က Gym ကစားနေရင်း နှလုံး Heart Attack ဖြစ်ပြီး ရုတ်တရက် ဆေးရုံတင်လိုက်တယ်လို့ သိရပါတယ်..။

အခုလိုရုတ်တရက်ဆေးရုံတင်လိုက်ရတဲ့ သတင်းလေးနဲ့ပတ်သက်ပြီးတော့လည်း ချစ်ခင်အားပေးနေကြတဲ့ ပရိသတ်တွေနဲ့ မိတ်ဆွေသူငယ်ချင်းတွေကလည်း စိတ်ပူနေကြတာ တွေ့ရပါတယ်..။

လတ်တလောအခြေအနေမှာတော့ နည်းနည်းသက်သာနေပြီဖြစ်တာမို့ စိတ်ပူနေကြတဲ့ မိတ်ဆွေသူငယ်ချင်းတွေနဲ့ ပရိသတ်တွေကိုလည်း ကျေးဇူးတင်စကားလေးလည်း ပြောထားပါသေးတယ်..။

အဲ့ဒီအကြောင်းကို လွန်ခဲ့တဲ့မိနစ်ပိုင်းလောက်က ဟိန်းမင်းသူရဲ့ ဖေ့စ်ဘွတ်စာမျက်နှာကနေ ပရိသတ်တွေကို အသိပေးပြောပြထားတာ တွေ့ရပါပြီး ကူညီပေးခဲ့ကြသူတွေကို ကျေးဇူးတင်စကားလေးတွေနဲ့အတူ ပရိသတ်တွေကိုစိတ်မပူဖို့ ပြောပြထားတာ တွေ့ရပါတယ်..။

“ကျွန်တော်အားကစားဆော့ရင်း နှလုံး Heart attack ဖြစ်ပြီးရုတ်တရက်ဆိုသလို ဆေးရုံရောက်သွားလို့

ဒီနေ့လက်ခံထားတဲ့အလုပ်ကိစ္စများ

အကြောင်းမကြားဘဲဖြတ်လိုက်ရလို့ ကျွန်တော်အနူးညွန့်တောင်းပန်ပါတယ်ခင်ဗျာ

ကျွန်တော့်ကို ညီလေးတစ်ယောက်လိုလိုက်လုပ်ပေးတဲ့ ကို Ar Kar ရယ် ကျွန်တော့် Brother in law( Sister's husband) ရယ်

စိတ်ပူပေးကြတဲ့သူငယ်ချင်းတွေရယ်ကျေးဇူးပါ

ခုနည်းနည်းသက်သာလာပါပြီ မို့စိတ်မပူပါနဲ့ခင်ဗျာ..” ဆိုပြီး ဓာတ်ပုံလေးတင်ပြီး ပရိသတ်တွေကို ပြောပြထားတာဖြစ်ပါတယ်..။

Photo - ဟိန်းမင်းသူ

"Myanmarload's content is copyrighted and only allowed to appear on Myanmarload website. Please respect our copyrights"
Myanmarload မှရေးသားသောသတင်းများသည် Myanmarload၏ မူပိုင်သတင်းများဖြစ်ပြီး Myanmarload Website ထဲတွင်သာ ဖတ်ရှုနိုင်ပါသည်။ ကျွန်ုပ်တို့၏ မူပိုင်ခွင့်ကိုလေးစားသောအားဖြင့် တစ်ဆင့်ကူးယူဖော်ပြခြင်းမပြုရန် မေတ္တာရပ်ခံအပ်ပါသည်။