သရုပ်ဆောင်မင်းသမီးချောလေး ယွန်းယွန်းကတော့ ကလေးသရုပ်ဆောင်အဖြစ် အနုပညာလောကထဲကို ဝင်ရောက်လာခဲ့တာဖြစ်ပြီး ငယ်စဉ်ကတည်းက ပရိသတ်တွေရဲ့ အားပေးချစ်ခင်မှုတွေကို အခိုင်အမာရရှိထားသူလေးပဲ ဖြစ်ပါတယ်..။

ပီပြင်တဲ့ သရုပ်ဆောင်မှုတွေအပြင် ပါးချိုင့်လေးနဲ့ ဆွဲဆောင်မှုရှိတဲ့ အပြုံးချိုချိုလေးတွေအပြင် ချစ်စရာကောင်းတဲ့ ဟန်ပန်နဲ့ ရှည်လျားလှပလွန်းတဲ့ ဆံနွယ်ရှည်လေးတွေကလည်း သူမရဲ့ဆွဲဆောင်မှုပုံရိပ်လေးတွေဆိုလည်း မမှားပါဘူး..။

အခမ်းအနားပွဲတော်တော်များများ တတ်ရောက်ဖြစ်နေတဲ့ ယွန်းယွန်းလေးကတော့ အောက်တိုဘာ(၆)ရက်နေ့က ကျင်းပပြုလုပ်ခဲ့တဲ့ New Star Gems & Jewellery ဆိုင်ရဲ့(၂၅)နှစ်ပြည့် အထိမ်းအမှတ်ပွဲ ကို တတ်ရောက်ခဲ့တာ တွေ့ရပါတယ်..။

အခမ်းအနားပွဲလေးကို မြန်မာဝတ်စုံ ချိတ်လုံချည်လေးကို ကျော့ရှင်းလှပစွာ ဝတ်ဆင်ပြီး ပွဲတတ်လာတဲ့ သူမရဲ့ပုံရိပ်လေးတွေကတော့ တုနှိုင်းမမှီတဲ့ အလှပုံရိပ်လေးတွေနဲ့ တကယ့်ကိုလှသွေးကြွယ်နေပါတယ်နော်..။

အနုပညာလောကမှာ ငယ်ငယ်ရွယ်ရွယ်နဲ့ အောင်မြင်မှုတွေရရှိထားသလို အကယ်ဒမီဆုကိုပိုင်ဆိုင်ထားတဲ့ သူမကတော့ ပညာရေးမှာလည်း ထူးချွန်သူလေးပဲ ဖြစ်ပါတယ်..။

လတ်တလော အနုပညာလှုပ်ရှားမှုတွေအနေနဲ့ကတော့ ဇာတ်ကားတွေလည်း ရိုက်ကူးနေငလို ဓာတ်ပုံကြော်ငြာ မဂ္ဂဇင်းတွေလည်း ရိုက်ကူးပေးဖြစ်နေတာ တွေ့ရပါတယ်..။

Photo - နေမင်းထွန်း

"Myanmarload's content is copyrighted and only allowed to appear on Myanmarload website. Please respect our copyrights"
Myanmarload မှရေးသားသောသတင်းများသည် Myanmarload၏ မူပိုင်သတင်းများဖြစ်ပြီး Myanmarload Website ထဲတွင်သာ ဖတ်ရှုနိုင်ပါသည်။ ကျွန်ုပ်တို့၏ မူပိုင်ခွင့်ကိုလေးစားသောအားဖြင့် တစ်ဆင့်ကူးယူဖော်ပြခြင်းမပြုရန် မေတ္တာရပ်ခံအပ်ပါသည်။